Skip to content

စိတ်နှလုံးကြေကွဲသူ၏ ဆုတောင်းသံ

ဆာလံဆရာသည် အင်မတန်စိတ်နှလုံး​ကြေကွဲ​နေသည်။ မတရား​သောသူများ၊ ဘုရားသခင်၏ စိတ်​​တော်နှင့်မ​တွေ့သူများ​ရှေ့တွင် မည်သည့်စကားမျှပင် မ​ပြောချင်​တော့​လောက်သည်အထိ စိတ်ညစ်ညူးလျက်​နေ​ပေသည်။ ထိုသူတို့သည် မည်သို့​သောအမှုများကို ပြုကြသည်မသိရ​သော်လည်း၊ ဆာလံဆရာ၏​ဖော်ပြချက်အရ မတရားသောသူ၊ အဓမ္မလူ​တွေဖြစ်ကြသည်။

ထိုသူတို့​ကြောင့် စိတ်နှလုံး​ကြေကွဲ​နေရသည်။ ထိုသူတို့၏ လုပ်ရပ်များ​ကြောင့် နာကျင်​နေရသည်။ ထိုသူတို့၏ အပြုအမူများ​ကြောင့် ငို​ကြွေး​နေရ​ပေသည် မဟုတ်ပါလား။ တနည်းအားဖြင့်ဆိုရ​သော် ထိုသို့​သော အချိန်ကာလများသည် ဆာလံဆရာ၏ ​မှောင်မိုက်​သော​နေ့ရက်များပင်ဖြစ်​ချေသည်။

“ထို​မှောင်မိုက်ကာလ​တွေသည် ဘယ်​လောက်ထိကြာဦးမှာလဲ၊ ဘယ်​လောက်ထိဖြတ်သန်း​နေရဦးမလဲ၊ ဘယ်​လောက်ထိ နာကျင်​နေရမလဲ”

“ထို​မှောင်မိုက်ကာလထဲမှာ ဘယ်​လောက်ထိ ငို​ကြွေး​နေရမလဲ၊ ဘယ်​လောက်ထိ ခက်ခဲပင်ပန်း​နေရဦးမှာလဲ၊ ဘယ်​တော့မှများ လွတ်​မြောက်ခြင်းအခွင့်ကို ရပါ့မလဲ”

ဆာလံကျမ်း ၃၉:၇
ယခုမူကား၊ အကျွန်ုပ်သည် အဘယ်သို့ မျှော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား၊ ကိုယ်တော်၌သာ မျှော်လင့်စရာအကြောင်း ရှိပါ၏။

လူ့ဘဝသည် အခိုးအ​ငွေ့ဖြစ်သည်၊ ထာဝရဘုရားအတွက်​​တော့ ဆာလံဆရာ၏အသက်တာသည် တစ်ထွာတစ်မိုက်မျှသာပင်ဖြစ်​ကြောင်းကိုလည်း သူ​သေချာသိ​ပေသည်။ ထို့​ကြောင့် လူ့ဘဝသည် အခိုးအ​ငွေ့သာဖြစ်သည်။ လူသားတို့သည် နည်းလမ်း​ပေါင်းစုံသုံး၍ စည်းစိမ်၊ အာဏာ၊ ​ဂုဏ်​တွေကို ရယူကြ​သော်လည်း အထွဋ်အထိပ်တွင် ဘယ်လောက်မျှ မ​နေရကြ​ပေ။ အရာရာ အနတ္တပင်ဖြစ်​ကြောင်းနှင့် အကျိုးမဲ့လုပ်​ဆောင်​နေကြခြင်းကို ကျွန်ုပ်တို့နားလည်​စေရန် ဆာလံဆရာ၏ ကွက်ကွက်ကွင်းကွင်း​ဖော်ပြ​ချက်မှာ ထင်ရှားပေသည်။

ထို​မှောင်မိုက်ထဲမှာ စိတ်နှလုံး​ကြေကွဲ​နေ​သော်လည်း ​မျှော်လင့်စရာ ဘယ်မှာများလဲ … ထို​မှောင်မိုက်ကာလသည် မည်မျှကြာမည် မသိ​သော်လည်း ကိုယ်​တော်သည်သာ ​မျှော်လင့်ရာဖြစ်သည်။ “မတရား​သောသူ၊ အဓမ္မလူ၊ လူမိုက်များ၏ ကဲ့ရဲ့ခြင်းကို မခံပါရ​စေနဲ့ ကိုယ်​​တော်” ဟူသော ဆု​​​တောင်းသံ၊ ကိုယ်၌သာ ​မျှော်လင့်စရာရှိ​​တော့ကြောင်းသည် ကျွန်ုပ်တို့အတွက် ဆင်ခြင်စရာလည်းဖြစ်​ပေသည်။

[  ] ကိုယ်​တော်သည် လူတို့၏အပြစ်များကို ဒဏ်ခတ်သည်။ ဆုံးမသည်။
[  ] ပိုးရွကဲ့သို့ ဖျက်ဆီးတတ်သည်။
[  ] ထိုလူတို့၏ တင့်တယ်ခြင်းအသ​ရေပြယ်​ပျောက်​စေသည်။
[  ] လူခပ်သိမ်းတို့သည် အနတ္တသက်သက်ဖြစ်သည်။

ထိုအမှုအရာများသည် ကိုယ်​​တော်စီရင်​​တော်မူသဖြင့် ဆာလံဆရာဝန်ခံသည်။ ထိုအမှုအရာများသည် ကိုယ်တော်၏ခွင့်ပြုချက်ဖြင့် ရောက်လာခြင်းဖြစ်သောကြောင့် သူ၏နှုတ်ကိုမဖွင့် တိတ်ဆိတ်စွာ​နေသည်။ ဆုံးမခြင်းကိုလည်း ခံရပြီဖြစ်သဖြင့် အားကုန်လှပြီ၊ ပင်ပန်းလွန်းလှပြီဖြစ်​သော​ကြောင့် ယခု​တောင်း​လျှောက်ပါပြီဟူ၍​တွေ့ရ​ပေသည်။

[  ] ထို့​ကြောင့် ကိုယ်​တော်ထံသို့ ဆု​တောင်းပတ္ထနာပြုပါသည်။
[  ] ကျွန်ုပ်​အော်ဟစ်သံကို နား​ထောင်​တော်မူပါ။
[  ] ကျွန်ုပ်မျက်ရည်များကိုလည်း သုတ်​​တော်မူပါ။
[  ] ရှေးဘိုးဘွားများသို့နှယ် အာဂန္တု ဖြစ်ရပါသည်။
[  ] အကျွန်ုပ်ကို သက်သာရမည့်အခွင့်​ပေး​​တော်မူပါ။

(ကျမ်းညွှန်း-ဆာလံ၃၉) ကိုကြည့်လျှင် ဆာလံဆရာသည် မတရား​သောသူတို့အတွက်​ကြောင့် စကားပင်မ​ပြောချင်၊ ​စကားအားဖြင့် ပြန်လည်ချေပခြင်းကိုလည်း လုပ်​ဆောင်နိုင်ခြင်းမရှိ​တော့ဘဲ နှုတ်အ​ နေ​ပေသည်။

ကျွန်ုပ်တို့အသက်တာတွင်လည်း မတရား​သောသူတို့၏ အပြုအမူ၊ လုပ်​ဆောင်ချက်၊ အဓမ္မအရာ​တွေ​ကြောင့် စကားပင် မ​ပြောချင်​လောက်​တော့​အောင် နာကျင်​နေပြီလား …

ဆာလံဆရာရဲ့​မှောင်မိုက်ကာလလိုပဲ ကျွန်​တော်တို့​တွေ ​မှောင်မိုက်ကာလကို ဖြတ်သန်းရတာ ဘယ်လောက်ကြာ​နေကြပြီလဲ … ဘယ်​လောက်ထိငို​ကြွေး​နေရဦးမလဲ … ဘယ်​လောက်ထိ ခံစား​နေရဦးမှာလဲ … ဘယ်​လောက်ထိနာကျင်​နေရဦးမလဲ … ဒီ​မှောက်မိုက်ထဲက​နေ ဘယ်​တော့များမှ လွတ်​မြောက်ခြင်းကို​​ပေးမှာလဲ …

ကျွန်ုပ်တို့သည် ထို​မှောင်မိုက်၏ အနက်ဆုံး​သော ကာလကိုဖြတ်​ကျော်ရ​​သော်လည်း ​မျှော်လင့်ရာသည် ကိုယ်​တော်ပဲ ရှိပါသည်။ ကိုယ်​တော်ကိုသာ ​မျှော်လင့်ပါသည်၊ ကိုးစားပါသည်၊ ကိုယ်​​တော်သာလျှင် ကျွန်ုပ်တို့၏ မှီခိုအာကိုးရာလည်းဖြစ်​ပေသည်။

ထို့​ကြောင့် အကျွန်ုပ်တို့သည် ယခုမှာ ​မှောင်မိုက်၏ တိုက်ခတ်ခြင်း​ကြောင့် ပင်ပန်းလွန်းလှပါပြီ၊ စိတ်ပျက်၍ နာကျင်ကာ ​အော်ဟစ်ငို​ကြွေး​နေကြပါပြီ။ စိတ်နှလုံး​ကြေကွဲကာ စိတ်ဆိုးညစ်၍​နေကြပါပြီ အရှင်ဘုရား …

ကျွန်ုပ်တို့၏ ဆု​တောင်းပတ္ထနာကို နား​ညောင်း​​တော်မူပါ … ကျွန်ုပ်တို့၏ ​အော်ဟစ်သံကို နား​ထောင်​​တော်မူပါ … ကျွန်ုပ်တို့၏ ငြီးတွားသံကို ကြား​​တော်မူပါ … ကျွန်ုပ်တို့၏ မျက်ရည်စများကိုလည်း သုတ်​​တော်မူပါဟု ဆက်လက်ဆု​တောင်း၍ အ​မှောင်မိုက်ဆုံး​သောကာလကိုလည်း ကျွန်ုပ်တို့သည် ကိုယ်​​​တော်နှင့်အတူ ဖြတ်​ကျော်ကြပါသည် အရှင်ဘုရား …

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။