Skip to content

ဖိလိပ္ပိဩဝါဒစာ ၄:၅

လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည်းညှင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။ 

“သင်တို့” ဆိုတာသည် ကျွန်​တော်တို့ ယုံကြည်သူ​များကို​ပြောခြင်းပင်ဖြစ်သည်။ ​တခါတ​လေတွင် ကျွန်တော်တို့သည် လက်​အောက်ငယ်သားများကို ဆက်ဆံပုံကတစ်မျိုး၊ အထက်လူကြီးကိုဆက်ဆံပုံကလည်း တစ်ဖုံ၊ အိမ်မှာတစ်မျိုး အပြင်မှာတစ်မျိုး၊ အသင်း​တော်တွင်လည်း ​ကောင်းကင်တမန်အလားပင် ကခုန်ချီးမွမ်းနေကြတတ်သော်လည်း အပြင်​ရောက်​လျှင်တော့ ​အော်ဟစ်ကြမ်းတမ်းခြင်း ဆဲဆို​ခြင်းများနှင့်သာ အသက်ရှင်နေတတ်ကြတာမျိုးလည်း ဖြစ်နေတတ်ပေသည်။ ထိုသို့သော “ဘုရားသားသမီး အလိမ္မာတုန်း​လေးများ” ဟုပင် စသဖြင့်​ ရှိတတ်ကြပေသည် မဟုတ်ပါလား … ထိုသူတွေသည် ဘယ်သူ​တွေလဲ မည်သူများပါလိမ့်ဟုဆို​ရလျှင်တော့ “သင်တို့” ဟုဆိုသည့် ကျွန်​တော်တို့ ယုံကြည်သူ​တွေပင် … 

ဤနေရာတွင် နှုတ်ကပတ်​တော်မှ ဘာ​ပြောသလဲဆို​လျှင်ဖြင့် “လူအ​ပေါင်းတို့​ရှေ့” ဟုဆိုသည် … ​ပြောရလျှင် အထက်လူကြီးဖြစ်​စေ၊ လက်​အောက်ငယ်သားဖြစ်​စေ၊ ဆင်းရဲသား သူ​ဌေး၊ လူကြီးလူငယ်၊ ယုံကြည်သူ မယုံကြည်သူမ​ရွေး လူအားလုံးတို့၏ရှေ့ … ထိုရှေ့တွင် ဘာဖြစ်ရမလဲဆိုလျှင်တော့ ……. “သင်တို့၏ ​ဖြည်းညှင်းခြင်းသ​ဘောကို ထင်ရှား​စေဟုပင်။ 

(NIV တွင် Let your gentleness be evident to all.)

(KJV တွင် Let your moderation be known unto all men.) ဟူ၍တွေ့ရသည်။ 

Moderation ဆိုသည်မှာ အစွန်းမ​ရောက်ခြင်း၊ အလွန်အကျွံ မဖြစ်ခြင်း၊ ထိန်းချုပ်ခြင်း ဟု အဓိပ္ပါယ်ရသည်။ အလွယ်နားလည်​စေရန်ပြောရလျှင် ကိုယ့်လုပ်​ဆောင်မှု၊ ကိုယ့်ပြောဆိုမှု၊ အသက်ရှင်​နေထိုင်မှုတိုင်းသည် စည်းလွတ်ဝါးလွတ် မဟုတ်ဘူး … (Gentle) ညင်သာသည့်သ​ဘော နူးညံ့သည့်သ​​ဘောရှိသကဲ့သို့၊ စိတ်ရှိတိုင်း မ​ပြောဘူး မလုပ်ဘူး၊ (Moderation) ထိန်းချုပ်မှုရှိသည် … ထိုအရာများသည်ပင်လျှင် သူတပါးအတွက် သက်​သေဖြစ်​​စေသည်ဆိုတာမျိုး​ပင်ဖြစ်ချေဦးတော့မည်။ 

ဒီလူက​တော့ဖြင့် ငါ့ထက်ချမ်းသာသဖြင့် တမျိုးဆက်ဆံမည်၊ သူက​တော့ ငါ့ထက်ရာထူးလည်းနိမ့် ဆင်းလည်း ဆင်းရဲသောကြောင့် ဖိထားမှဖြစ်မည် စသဖြင့်​မျိုး မဟုတ်ပေဘဲ၊ ဒီလူက မယုံကြည်သူ ဒီလူက​တော့ဘာ … စသဖြင့် ဘာ့ကြောင့်ဟုဆိုကာ မခွဲခြားဘဲ “လူအပေါင်းတို့ရှေ့၌” ဖြည်းညှင်းခြင်းသ​ဘောကိုပြပါဟုဆိုနေခြင်းပင်မဟုတ်ပါလား။ ဆက်၍လည်း ဘာ​ပြောထားသလဲ ဆို​လျှင်ဖြင့် ဘုရားသခင်ရှိသည်၊ မင်းတို့အနားတွင်လည်း ဘုရားသခင်ရှိသည်။ 

သ​ဘောက​တော့ဖြင့် “ဘုရားသခင်အတူရှိသည်” “မင်းတို့နှင့်အတူရှိနေသည်” … မင်းတို့၏ အ​ပြောအဆို၊ အပြုအမူ​တွေကို သတိပြုပါ၊ ​ဖြည်းညှင်းသောသ​ဘောကိုလည်းပြပါ၊ သူတပါးအတွက် သက်​သေဖြစ်​စေပါ ဟုဆိုတာမျိုးကိုပင်နားလည်ရေပသည်။ 

ထို့ကြောင့် မိတ်​ဆွေနှင့် ကျွန်​တော်တို့၏ အသက်တာအားဖြင့်ဖြစ်​စေ၊ ​ပြော​သောစကားအားဖြင့်ဖြစ်​စေ စသဖြင့် သူတပါးအတွက် ပုံသက်​သေဖြစ်​နေဖို့ရာအ​ရေးကြီးပါသည်။ လူအ​ပေါင်းဟုပြောသည့်အတွက်ကြောင့်လည်း ယုံကြည်သူ/မယုံကြည်သူ လူတိုင်းလူတိုင်းအတွက်ပင်ဖြစ်သည်ဆိုတာကိုလည်း နားလည်ရပေသည်မဟုတ်ပါလား။ ​ကိုယ်ပြော​သောစကားတိုင်း၊ ကိုယ်ပြုသည့်အမှုအရာတိုင်းတို့မည်သည် သူတပါးအတွက် ထိမိ၍လဲစရာမဖြစ်​စေဘဲ တည်​ဆောက်စရာသာဖြစ်​စေကာ ကိုယ်နှင့်အတူ ဘုရားသခင်အမြဲရှိ​နေသည်ဆိုသည်ကိုလည်း သိမှတ်စွဲလန်းရင်းဖြင့် မည်သူ့​ရှေ့မှာပင်မဆို ​ဖြည်းညှင်း​သောသ​ဘောကို ထင်ရှားပြရင်း သက်​သေဖြစ်​စေကြဖို့ရာ ဆင်ခြင်ကာ ဝေမျှရင်း … 

ဘုရားရှင်ဆက်လက်စကားပြောပါစေ။