Skip to content

လူ့တို့၏သ​ဘောသဘာဝအရ ​ကျွန်ုပ်တို့သည် မိမိတို့အားဖြစ်​စေ၊ မိမိတို့၏ဆရာသမားများအားဖြစ်​စေ၊ မိမိတို့နှစ်သက်​သော ဆရာသမားများကိုဖြစ်​စေ အခြား​သောသူများမှ ထောက်ပြ​ပြောဆိုခြင်းကို နှစ်သက်​လေ့ မရှိကြ​ချေ။ ​​လိုအပ်ချက်ရှိသဖြင့် ထောက်ပြ​ပြောဆို​ပေး​သောသူကိုပင်လျှင် လူမုန်းများတတ်သည်မှာလည်း ​ဤ​လောကတွင် ဖြစ်​ပေါ်​လေ့ရှိ​သော အမှန်တရားတစ်ခုပင်ဖြစ်သည် မဟုတ်ပါလား။ သို့​သော်လည်း ထိုသို့​သော ​​ထောက်ပြ​ပေးခြင်းသည် မည်မျှအ​ရေးကြီးသည်ကို နားလည်ထားဖို့ရန်လည်း အ​င်မတန်အ​ရေးကြီး​ပါသည်။ 

သမ္မာကျမ်းစာထဲနှင့် အသင်း​တော်သမိုင်းတ​လျှောက်လုံးတွင်လည်း များစွာ​သော ​ထောက်ပြ​ပြောဆိုခြင်းများ၊ သွန်သင်​ပေးခြင်းများကို ​တွေ့ရ​ပေလိမ့်မည်။ ဥပမာဆိုရလျှင် ​အာ​ပေါလုအား​ပြောဆိုခြင်း၊ ​ပေတရုအား​ပြောဆိုခြင်း၊ မှားယွင်း​သောဩဝါဒများကို ​ထောက်ပြ​ပြောဆိုခြင်း၊ မာတင်လူသာ၊ မာတင်လူသာကင်းဂျူနီယာ အစရှိသဖြင့်လည်း​တွေ့ရနိုင်​ပေသည်။ ထိုသို့​သော ​ထောက်ပြ​ပြောဆို​ပေးခြင်းများကို “Theological Supervision” ဟု​ခေါ်ဆိုနိုင်​ပေသည်။ 

ဂလာတိဩဝါဒစာ၏ ရည်ရွယ်ချက်တစ်ခုကိုကြည့်မည်ဆိုလျှင်လည်း “စစ်မှန်​သောဧဝံ​​ဂေလိတရားလမ်းမှ လွဲမှား​သောသွန်သင်ချက် ပြမူချက်များကို ​ထောက်ပြခြင်း၊ ဧဝံ​ဂေလိတရားအစစ်အမှန်သို့သာ ပြန်လှည့်လာ​စေရန် အလွဲယူ အယူလွဲ​သောဆရာသမားများအား ​ထောက်ပြသွန်သင်ခြင်း” စသဖြင့်တို့ဖြစ်​ချေသည်မဟုတ်ပါလား။ 

ဂလာတိဩဝါဒစာ ၂:၁၁

ထိုနောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ၊ သူ၌အပြစ်တင်စရာ အခွင့်ရှိသော ကြောင့် သူ့ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတားရ၏။ 

​ထိုအဖြစ်အပျက်၏ အတိုချုပ်အ​ခြေအ​နေကို​ဖော်ပြရလျှင် ​ပေတရုသည် ယာကုပ်ထံမှ လူအချို့ မ​ရောက်လာခင်တွင် အခြား​သောသူများ(တပါးအမျိုးသားများ)နှင့်အတူ စား​သောက်သည်ဖြစ်​သော်လည်း ထိုသူတို့​ရောက်လာသည့်​နောက်တွင် အတူမစား​သောက်​တော့​ချေ။ အ​ရေဖျားလှီးခြင်းခံ​သောသူတို့အား​ထောက်၍ တပါးအမျိုးသားများနှင့်မ​ပေါင်း​ဖော်​တော့ဘဲ သီးခြား​နေလာသည်။ ပေတရု၏ပြုမူပုံသည် တပါးအမျိုးသားများအား ယုဒလူမျိုးတို့၏ပညတ်တရားအောက်သို့ တွန်းပို့ရာလည်း ရောက်​နေ​ပေသည် မဟုတ်ပါ​လား။ (ယုဒထုံးစံအရ တပါးအမျိုးသားများနှင့် မ​ရော​နှောခြင်း၊ အတူမစား အတူမသွားခြင်း၊ မ​ပေါင်း​ဖော်ခြင်း) ထိုအမူအကျင့်များအားလုပ်ကြသည့်​နောက်သို့ ဗာနဗသည်လည်း ပါသွား​လေသည်။ ထို့​ကြောင့်ပေတရုကိုပင်လျှင် ​ပေါလုမှ​ထောက်ပြ​ပြောဆိုခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ မ​ပြောခဲ့လျှင် … ​ပေတရု၊ ဗာနဗနှင့် ယုဒလူတစ်စုတို့၏ လုပ်ရပ်သာမှန်သကဲ့သို့ဖြစ်​သွားပြီး​နောက်တွင် စစ်မှန်​သောဧဝံ​ဂေလိတရား၏ အနှစ်သာရ​ပျောက်သွား​ပေလိမ့်မည်၊ ထိုမှတဆင့် အလွဲများသာ ပြန့်ပွားလာစေတော့မည် မဟုတ်ပါလား။ 

ဒံယေလ၊ ​နေဟမိတို့၏ ကိုယ်စားပြုအပြစ်ဝန်ချ​တောင်းပန်ခြင်းများကို သမ္မာကျမ်းစာရှု​ထောင့်တစ်ခုမှကြည့်မည်ဆိုလျှင်လည်း “Corporate Sins, Systemic Evils” တို့၏လုပ်ရပ်များအတွက်လည်းအပါအဝင် ဖြစ်​ကြောင်းကိုသိရနိုင်သည်။ ထိုအပြစ်များသည် သူတို့၏ကိုယ်တိုင်ကိုယ်ကျလုပ်​ဆောင်ခြင်းမဟုတ်​သော်လည်း ဘိုး​ဘေးတို့၏လုပ်ရပ်များ၊ ကိုယ့်လူမျိုးတို့၏လုပ်ရပ်များဖြစ်၍ ကိုယ်ကိုယ်တိုင်၌လည်း “Corporate Responsibility” ရှိ​ကြောင်းကို သူတို့၏နားလည်ခြင်းဟုဆိုရ​ပေအံ့။ ယောရှုမှတ်စာအခန်းကြီး ၇ ကိုကြည့်လျှင် အာခန်၏ပြစ်မှားခြင်းကို​တွေ့ရပေလိမ့်မည်။ လူတစ်ဦး၏ ကျူးလွန်ခြင်း​သာဖြစ်​သော်လည်း ထိုအပြစ်သည် သားသမီး၊ သိုးနွားမှအစ အကုန်သက်​ရောက်​စေခဲ့​ပေသည်။ ထိုအရာသည် “Corporate Sins or Systemic Evils” ပင်ဖြစ်သည်မဟုတ်ပါလား။ 

ယောရှုမှတ်စာ ၇:၂၄

ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဇေရသားအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ဆောင်သွားပြီးမှ၊

ဆရာကြီး Tim Keller ၏ (Racism and Corporate Evil- A White Guy’s Perspective) ကိုမှီငြမ်းကိုးကား၍ “Corporate Sins, Systemic Evils” ကိုအနည်းငယ် အဓိပ္ပါယ်ဖွင့်ဆိုရလျှင် သင်သည် အဖွဲ့အစည်းထဲတွင် ပါဝင်နေသူ သို့မဟုတ် အနည်းငယ်သောအစိတ်အပိုင်းမျှသာ ပါဝင်ပတ်သတ်ခြင်းဖြစ်ပါစေဦးတော့ ထိုစနစ်တစ်ခုလုံး၌ပါဝင်နေခြင်းဖြစ်သည် သို့တည်းမဟုတ် ထိုအမှုအရာများအပေါ်၌ တာဝန်ရှိသည်ဟုဆိုနိုင်ပေသည်။

ထိုစနစ်ကြီးထဲတွင် လူအမျိုးအစား လေးမျိုးရှိသည်။

  • ပထမတစ်ဦးမှာ အဖွဲ့အစည်းထဲတွင်ပါဝင်သူဖြစ်သကဲ့သို့ စနစ်ကြီးတစ်ခုလုံးကိုလည်း တိတိကျကျသိရှိထားသူဖြစ်ပြီး (မည်မျှဆိုးသည့် စနစ်မှန်းသိရှိထားသည်) ထိုအမှုအရာအပေါ်၌ ပျော်ရွှင်စွာ တက်ကြွစွာဖြင့် လုပ်ဆောင်သူ၊ 
  • ဒုတိယတစ်ဦးမှာ စနစ်ကြီးတစ်ခုလုံး ဘာဖြစ်နေသည်ကို သိကောင်းသိသော်လည်း ထိုအရာကို မတွေးခေါ် မစဥ်းစားတော့ဘဲ ထိုစနစ်ကြီးကို ထောက်ခံသူ၊ 
  • တတိယတစ်ဦးမှာ ထိုစနစ်ကြီးတစ်ခုလုံး ဘာဖြစ်နေသည်ကို သိသော်လည်း ရပ်တန့်သွားစေရန် ဘာဆိုဘာမျှမလုပ်သူ၊ 
  • နောက်ဆုံးတစ်ဦးမှာ စနစ်ကြီးတစ်ခုလုံး ဘာဖြစ်နေသည်ကို ဘာမျှမသိသူ စိတ်လည်းမဝင်စားသူ ကရုလည်းလုံးလုံးမျှ မစိုက်သူဖြစ်ရုံသာမက ဘာဖြစ်နေသည်ကို ရှာဖွေလေ့လာရန်လည်း အဖက်မလုပ်တတ်သူ ဟူ၍ပင် လူအမျိုးအစားလေးမျိုးတွေ့ရပေသည်။ 

ထိုလူလေးမျိုးအနက်တွင် ကျွန်ုပ်တို့များ ပါဝင်နေသလားဆိုသည်ကို ယနေ့တွင်ပြန်လည်ဆင်ခြင်သင့်ပေသည်။ တခါတလေတွင် စနစ်ကြီးထဲတွင် မိမိအမှား မလုပ်သော်လည်း သို့မဟုတ် အပြစ် မလုပ်ထားသော်လည်း ထိုစနစ်ကြီးထဲတွင် ရှိနေတတ်ပေသည်။ ထို့ကြောင့် မတရားမှု၊ အဓမ္မမှုများ ဖြစ်ပေါ်နေခိုက်တွင်လည်း မှားလျှင်မှားကြောင်း ထုတ်ဖော်မပြောကြားခြင်း သို့တည်းမဟုတ် တိတ်ဆိတ်နေခြင်းတနည်းအားဖြင့် ယခုခေတ်စားနေသည့်စကားဖြစ်သော “Speak Out” မလုပ်ခြင်းသည်ပင်လျှင် ထိုစနစ်ကြီးဖြစ်သော “Corporate Sins or Systemic Evils” နှင့်ပတ်သတ်နေသည်ဟုပင် ဆို၍ရနိုင်ပြန်ပေသည်။ 

ဆရာကြီး Tim Keller ကတော့ ဥပမာအနေဖြင့် “Holocaust” (ဒုတိယကမ္ဘာစစ်အတွင်း နာဇီများမှ ဂျူးလူမျိုးများအား အစုလိုက်အပုံလိုက်သတ်ဖြတ်ခြင်း၊ မီးလောင်တိုက်သွင်းခြင်း) ကို ဥပမာပေးထားပေသည်။ စနစ်ကြီးတစ်ခုလုံး၏ ထိပ်ဆုံးဖြစ်သူကတော့ ထိုအမှုအရာအတွက် တာဝန်အရှိဆုံးသူဖြစ်သည်၊ ထို့နောက်တွင် အမိန့်အတိုင်းသာလိုက်နာရပါသည်ဟုဆိုတတ်သော အစောင့်များနှင့် ထိုအမှုနှင့်ဆက်နွယ်သည့် စနစ်ထဲ၌ရှိသောသူများ၊ ထို့နောက်တွင် ထိုမြို့၌ရှိသော ခေါင်းဆောင်များလည်းပါဝင်သကဲ့သို့ နိုင်ငံသားများဖြစ်သော ဂျာမနီနိုင်ငံသားများလည်းအပါအဝင်ဖြစ်သည်ဟုဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ကောလဟာလများ၊ “Holocaust” ၏ သတင်းစကားများကြားသော်လည်း မသိချင်ခဲ့၊ ဘာမျှမလုပ်ခဲ့ဘဲ လုပ်မြဲလုပ်နေကြဖြစ်သော အလုပ်များနှင့် အခွန်များကိုသာ ဆက်လက်၍ ဆက်သနေခြင်းသည်ပင်လျှင် ထိုစနစ်ကြီးထဲတွင်ပါရှိနေခြင်းဖြစ်ပေသည်။ ထိုအရာများသည်ပင်လျှင် ထိုစနစ်ကြီးကို ဆက်လက်သာ၍ လည်ပတ်စေခဲ့၍ ၆သန်းခန့်သော ဂျူးလူမျိုးများကို သေကြေပျက်ဆီးစေခဲ့ပေသည်။ မည်မျှပင် ထိပ်ဆုံးလူသည်သာ တာဝန်ပို၍ရှိသည်၊ အောက်မှလူသည် တာဝန်သိပ်မရှိဟုဆိုတတ်ကြသော်လည်း ထိုစနစ်ကြီးတစ်ခုလုံးကို လည်ပတ်စေခြင်းအားဖြင့် သို့တည်းမဟုတ်ပါက လူတိုင်းသည် စနစ်ကြီးအောက်၌ရှိနေခြင်းပင်လျှင် “Corporate Sins or Systemic Evils” ဖြစ်နေပေသည်မဟုတ်ပါလား။ 

ထိုအကြောင်းအရာကိုကြည့်လျှင် အင်မတန်ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့် ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်သည်ကို ငြင်းဆိုနိုင်စရာအကြောင်းမရှိပေ။ ကျွန်ုပ်တို့အားလုံးသည်လည်း “Corporate Sins, Systemic Evils, Corporate Responsibility” တို့အကြောင်းကို သိထားသင့်ပေသည်။ 

ထိုအရာများကို လူအများတို့သိရှိစေရန်အတွက် ကျွန်ုပ်တို့တွင်လည်း တာဝန်ရှိပါသည်။ အသင်းတော်များနှင့် ဆရာသမားများသည်လည်း အပြစ်ကိုဖော်ပြခြင်း၊ ဓမ္မနှင့် အဓမ္မအကြောင်းပြောကြားခြင်း၊ မည်သည့်အရာသည် သမ္မာတရားနှင့်မညီခြင်း၊ မည်သည့်အရာသည် သမ္မာတရားနှင့်ညီခြင်း၊ ဘာလုပ်ရမည်၊ ဘာပြောရမည်ကိုလည်း သမ္မာတရားနှင့်လျော်ညီစွာ ထုတ်ဖေါ်ပြောကြားခြင်း တနည်းအားဖြင့် သမ္မာတရားနှင့်မညီသော မတရားမှုများ အဓမ္မမှုများအတွက် “Speak Out” လုပ်ပေးခြင်း စသဖြင့် ဝေမျှတိုက်တွန်းပေးသင့်ပေသည်။ ထို့အတူတနည်းအားဖြင့်ဆိုရလျှင်လည်း ဝိညာဥ်ရေးရာခေါင်းဆောင်များသည် ထိုကဲ့သို့သော မတရားသောအမှု၊ အဓမ္မအမှုများအတွက် အပြစ်ကိုဖော်ပြခြင်း၊ သတိပေးခြင်းများကို လုပ်ဆောင်သင့်ပေသည်မဟုတ်ပါလား။ 

ထို့ကြောင့် “Theological Supervision” သည် မည်သည့်အရာသည် သမ္မာတရားနှင့်ညီသလဲ၊ မည်သည့်အရာသည် မတရားမှုဖြစ်သလဲ၊ မည်သည်ကတော့ အဓမ္မအမှုဖြစ်သလဲ၊ မည်သည့်အရာသည် ဖြောင့်မတ်ခြင်း၊ မည်သည့်အရာသည် “Systemic Evils, Corporate Sins” ဖြစ်၍ မည်သည့်အရာသည် “Corporate Responsibility” ဖြစ်သလဲ စသဖြင့်ကို ပိုင်းခြားကာ ခွဲခြားနားလည်နိုင်စေပေသည်။ ထိုအရာများကို သိကြမည်ဆိုလျှင် အများသောလူတို့သည်လည်း ထိုစနစ်ကြီးထဲတွင် မနေတော့ဘဲ ရပ်တန့်စေရန် လုပ်ဆောင်ခြင်း သို့မဟုတ် အဓမ္မမှု၌ နှုတ်ဆိတ်မနေတော့ခြင်းများ တနည်းအားဖြင့် “Speak Out” လုပ်ပေးခြင်းများ စသဖြင့်ရှိလာကြပေလိမ့်မည်မဟုတ်ပါလား။ 

ဘုရားရှင်ဆက်လက်စကားပြောပါစေ။ 

ကိုးကားထားသော စာပေအရင်းအမြစ်

  • Racism and Corporate Evil- A White Guy’s Perspective – Tim Keller