Skip to content

ထာဝရဘုရားသည် ပညာကိုပေး​တော်မူတတ်သည်ဟူ၍ ကျွန်ုပ်တို့သိကြသည်။ ထိုဥာဏ်ပညာကို “Wisdom” ဟုဆိုပေသည်။ ၎င်းသည် မည်မျှအ​ရေးပါသနည်း၊ ထို Wisdom ဆိုသည်မှာ ဘာကိုဆိုသည်ကိုလည်း သိဖို့ရန်အတွက် အင်မတန်အ​ရေးကြီးပါသည်။

“Wisdom is the ability to know what is true or right.” ဆိုသည့် ဖွင့်ဆိုချက်များစွာထဲမှ တစ်ခုကို ကျွန်တော် မှတ်မိပါသည်။

ဥာဏ်ပညာသည် အမှားနှင့်အမှန်ကို ခွဲခြားနိုင်သည်။ ကောင်းမွန်သော တရားစီရင်ခြင်းမျိုး သို့တည်းမဟုတ်၊ တရားမျှတစွာစီရင်နိုင်ခြင်း ဘက်မလိုက်သည့် “Unbiased Judgment” မျိုး၊ သနားခြင်းကရုဏာစိတ်မျိုးရှိတတ်သည်ဟူသည့် စသောအရာမျိုး​များကိုလည်း အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြပေသည်။

ပညာတတ်တိုင်းလည်း အမှားနှင့် အမှန်ကို မခွဲခြားတတ်ဘူးဆိုသည်ကို ကျွန်ုပ်တို့လက်ခံကြမည်ထင်ပါသည်။ စာတတ်တိုင်း၊ စာကိုသိသည်ဟု ဆိုသူတိုင်းလည်း “Wisdom” မရှိဘူး မဟုတ်ပါလား။ ဘာကိုနားလည်ရသလဲဆိုလျှင်ဖြင့် လူတစ်​ယောက်သည် ဘွဲ့ရပညာတတ်ဖြစ်ပါ​စေ၊ Doctor ဘွဲ့​များ ဘယ်​လောက်ပင် ရထားရထား၊ မည်သည့်နိုင်ငံတွင် သင်ယူလာပါ​စေဦး​တော့ ထို “Knowledge” အဲဒီပညာ အဲဒီ ဂုဏ်ဒြပ်​တွေသည် အမှားနှင့်အမှန်ကို မသိဘူး၊ ဓမ္မနှင့်အဓမ္မ မခွဲခြားတတ်ဘူး၊ ဘက်မလိုက်သော စီရင်ဆုံးဖြတ်ခြင်းမျိုးကို မဖြစ်​စေဘူးဆိုသည်ကို ကျွန်ုပ်တို့လက်ခံနိုင်မည်ထင်ပါသည်။

ဆိုလိုချင်သည့်အဓိပ္ပါယ်ကတော့ စာတတ်တိုင်း ပညာရှိမဟုတ်ဘူးဆိုသည်ကို နားလည်ရပါသည်။ ​ကျွန်​တော်တို့​နေထိုင်ရာ လောကကြီးကိုဖြစ်​စေ နိုင်ငံအသီးသီးကိုဖြစ်စေ ကြည့်လိုက်မည်ဆိုလျှင်လည်း ပညာတတ်​များပါသည်ဖြစ်သော်လည်း ပညာရှိ​နည်းသည်ဆိုသည်ကိုလည်း လက်ရှိလောကကြီးထဲတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်​များ အ​ခြေအ​နေ​များကိုကြည့်လိုက်လျှင် နားလည်နိုင်ပေသည်။

​နောက်တစ်ခုကတော့ “knowledge” ဆိုသည့်အရာသည် စာသင်ကြားခြင်း၊ စာအုပ်ဖတ်ခြင်းမျိုး စသောအရာမျိုး​များမှလာသည်။ ဥပမာ​ဆိုရလျှင် ကျောင်းတက်ခြင်းကဲ့သို့သော သင်ယူခြင်းမျိုးဟု ပြော၍လည်း ရပေသည်။ “Wisdom” ဆိုသည်မှာတော့ စာဖတ်ခြင်း ၊ စာသင်ယူခြင်း ​ကျောင်းတက်ခြင်းမျိုးမှ ရရှိတာမျိုးမဟုတ်ပြန်ဘူးပဲ။ ထို့ကြောင့်လည်း ပညာတတ်ဖြစ်သော်လည်း အမှား​လား အမှန်​လား မသိ၊ ဓမ္မ​လား အဓမ္မ​လားကိုလည်း မခွဲခြားတတ်၊ ဘက်မလိုက်ဘဲ မှန်ကန်စွာ တရားမစီရင်တတ်သည့် ပညာမဲ့​များစွာရှိ​နေကြသည်ဟုလည်း ဆိုပြန်၍လည်း ရပြန်ပေသည် မဟုတ်ပါလား။ ဤအဖြစ်များကြောင့်လည်း “ပညာတတ်​အောက်တန်းစား” ဟုအချို့က ဆိုကြပြန်သေး၏။

(ဒေသနာကျမ်း ၉:၁၈) ပညာသည် စစ်လက်နက်ထက် သာ၍​ကောင်းမြတ်၏။

စစ်လက်နက်​များ ဘယ်​လောက်ပင်ရှိရှိ ဘယ်​လောက်ပင်ပိုင်ဆိုင်ထားပါ​စေဦးတော့၊ တကယ်တမ်း ပညာသာမရှိလျှင်တော့ သုံးစား၍ မရပြန်ဘူးပဲ။ ဒါ့​ကြောင့်လည်း ပညာကသာ၍ ​ကောင်းမြတ်သည်ဟု ဆိုခြင်းဖြစ်ပေဦးလိမ့်မည်။ NIV (Wisdom is better than weapons of war)

“Wisdom” (​ဟွတ်ခ်မာ “Chokmah”) ထိုစာလုံးကို Masoretic Text of the Hebrew Bible တွင် ၁၄၉ ကြိမ်​​တွေ့ရသကဲ့သို့၊ “wise, intelligent, skillful” စသည့်သ​ဘောမျိုးဖြစ်သော (ဟခ်ဟမ် “Chakam”) ဆိုသည့်စကားလုံးကို ၁၃၇ ကြိမ်​တွေ့ရတယ်။ Hebrew Bible တွင်တော့ ၂၂၂ ကြိမ်ဟုလည်း​​ ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။

ထိုသို့ဆိုလျှင် အဲဒီဥာဏ်ပညာကို ကျွန်​တော်တို့​တွေဘယ်က​နေများ ရနိုင်လိမ့်မည်နည်း။

ရှင်ယာကုပ်ဩဝါဒစာ ၁:၅
သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။

ဘယ်ကရလဲ? ဘယ်လိုရနိုင်မလဲ? ဘုရားသခင်ဆီမှသာ ရနိုင်တယ်မဟုတ်ပါလား … အဲဒီဥာဏ်ပညာက အမှားနှင့်အမှန်ကိုလည်း ခွဲခြားသိတယ်၊ အဲဒီဥာဏ်ပညာက ဓမ္မနှင့်အဓမ္မကိုလည်း ခွဲခြားတတ်တယ်၊ အဲဒီဥာဏ်ပညာက ​​ကောင်းမွန်သည့် တရားစီရင်ခြင်းမျိုးကိုလည်း ပြုတတ်တယ်။ ထိုသို့ ပိုင်းခြားနားလည်တတ်သည့် ဥာဏ်ပညာက ဘယ်ကလာသလဲဆို​လျှင်ဖြင့် ဘုရားသခင်ဆီမှ လာတာဖြစ်တယ်ဆိုတာကို နားလည်ရပေသည်။

ရှင်ယာကုပ်ဩဝါဒစာ ၃:၁၇
အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ ကောင်းကျိုးနှင့်၎င်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။

NIV (But the wisdom that comes from heaven is first all pure)
KJV (But the wisdom that is from above is first pure)

အထက်မှလာသော ပညာ … ထိုပညာသည် သန့်ရှင်းသည်၊ စင်ကြယ်သည်၊ ကရုဏာနှင့်ပြည့်သည်၊ ​ကောင်းကျိုး​ပေးသည်၊ အမှားနှင့်အမှန်ကိုလည်း ခွဲခြားတတ်သည်၊ ဓမ္မနှင့်အဓမ္မကိုလည်း ခွဲခြားတတ်ရုံမျှသာမက တရားမျှတစွာ တရားစီရင်တတ်သည်ဟုနားလည်ရပေသည်။

ရှောလမုန်မင်းကြီးကိုကြည့်မည်ဆိုလျှင် ဘုရားသခင်ဆီမှ ဥာဏ်ပညာကိုသာ တောင်းခံသလို၊ ဘုရားသခင်ကလည်း သူ့ကို အထက်အရပ်မှလာသော ပညာကိုလည်း ပေးခဲ့ပါသည်။ ဒါ့ကြောင့်လည်း ဒီဘုရင်သည် ဖြောင့်မတ်စွာ စီရင်ခြင်းမျိုး၊ တရားမျှတတဲ့ ဆုံးဖြတ်ခြင်းမျိုး၊ ဘက်မလိုက်တဲ့ဘုရင်၊ ဥာဏ်ပညာနဲ့ပြည့်စုံတဲ့ရှင်ဘုရင်ဖြစ်သည့်အတွက် လူ​များကလည်း ​ကြောက်ကြသကဲ့သို့ ရို​သေကြသည်၊ ချီးမွမ်းခဲ့ကြသည် ဆိုသည်မှာတော့ ကျမ်းစာကိုဖတ်သူတိုင်း သမိုင်းကိုလေ့လာတွေ့ရှိကြသူတိုင်း ငြင်းမရသော သက်သေများပင်မဟုတ်ပါလား။ အကယ်၍ သူသာ ထိုအရာ​များနှင့် ဆန့်ကျင်ဘက်​များဖြစ်​သည့် ဘက်လိုက်သော စီရင်ခြင်း၊ တရားမျှတမှု မရှိခြင်း၊ ဦး​နှောက်ကလည်း မရှိခြင်းမျိုး၊ အသုံးမကျသည့် သူသာဖြစ်နေမည်ဆိုလျှင်တော့ ကဲ့ရဲ့ခံရမည်၊ ရှုံ့ချခံရမည်၊ ​လှောင်​ပြောင်ခံရမည်သာမကသေးပဲ၊ နောက်ဆုံးတွင်တော့ တိုင်းပြည်ပျက်မှာပဲမဟုတ်ပါလား …

​အထက်အရပ်ကလာသော ပညာကိုရသည့် ရှောလမုန်မင်းကြီး၏ အဓိက​သော့ချက်​များကိုကြည့်မယ်ဆိုရင် …

ဓမ္မရာဇဝင်တတိယ​စောင် ၃:၃ (ခမည်း​တော်ဒါဝိဒ်၏ စီရင်ချက်​များကို ​စောင့်​ရှောက်ခြင်း။) ဒါဆိုဘာ​တွေများလဲ … ဘာ​တွေများဖြစ်မည်နည်း …

(၁) ထာဝရဘုရားကိုချစ်
(၂) စိတ်နှလုံးအကြွင်းမဲ့ သမ္မာတရား၌ကျင်လည်
(၃) ထာဝရဘုရား၏ လမ်း​တော်သို့လိုက်
(၄) တရား​​တော်​တွေကို ​စောင့်​ရှောက်
ဒါဆိုရင် ပြု​လေရာရာ၊ သွား​လေရာရာမှာ ​အောင်မြင်မယ်။ (ဓမ္မရာဇဝင်တတိယ​စောင် ၂:၁-၅)

ထိုအချက်များ၏ အဓိကအချုပ်သည် ဘာများဖြစ်မည်နည်း …

(သုတ္တံကျမ်း ၉:၁၀) ထာဝရဘုရားကို ​ကြောက်ရွံ့ခြင်းကသာလျှင် ပညာ၏အဓိကအချုပ်ဖြစ်ပေသည်။ (Fear of the LORD is the beginning of wisdom)နောက်တစ်ချက်သည် ထိုသန့်ရှင်း​တော်မူ​သော ဘုရားကို သိကျွမ်းခြင်းကသာလျှင် ဥာဏ်ဖြစ်သည်။

ထို့ကြောင့် အ​ရေးအကြီးဆုံး​သောအရာသည် ထာဝရဘုရားကို​ကြောက်ရွံ့ခြင်းနှင့် အဲဒီဘုရားကို သိကျွမ်းခြင်းသည်သာလျှင် အထက်အရပ်မှလာ​သော ပညာကို ရရှိခြင်းဖြစ်နိုင်သကဲ့သို့ ယ​နေ့တွင်လည်း သင်နှင့် ကျွန်ုပ်တို့သည်လည်း (ရှင်ယာကုပ်ဩဝါဒစာ ၁:၅) အရ “အဲဒီပညာကို ​စေတနာစိတ်နှင့်ပေးသနား​​တော်မူ​သော ဘုရားသခင်ကို​တောင်းကြလျှင် ရမှာဖြစ်သည် မဟုတ်ပါလား”

အဲဒီပညာသည် အမှားနှင့်အမှန်ကို ခွဲခြားသိခြင်း၊ ဓမ္မနှင့်အဓမ္မကို ပိုင်းခြားနားလည်ခြင်း၊ ဘက်မလိုက်သော တရားစီရင်ခြင်း၊ ​ဖြောင့်မတ်စွာ ဆုံးဖြတ်တတ်ခြင်း၊ တရားသဖြင့်စီရင်တတ်ခြင်း၊ သနားခြင်းကရုဏာရှိခြင်း စသည့် ထိုကဲ့သို့သော အရာ​တွေသာလျှင် အထက်အရပ်မှလာသောပညာဖြစ်ပေတော့သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

#Titus_KyawNyi