Skip to content

ချစ်သော လူငယ်သို့ – အပိုင်း(၁၁)

ခရစ်ယာန်လူငယ်လေးတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားတဲ့စကားလုံးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ခက်ခဲတဲ့အခါ၊ တခုခုကိုကြုံတွေ့ရတဲ့အခါ အားရပါးရကိုပြောတတ်တဲ့ “ဘုရားသား/သမီးကွ” ဆိုတဲ့စကားလေးပါပဲ။ ဘုရားရဲ့သားသမီး ဆိုတာကမမှားပါဘူး။ ဒါပေမယ့် ဘာမှားနေလဲဆိုတော့ အသက်ရှင်နေထိုင်မှုကမှားနေတာပါ။ ဘုရားဝတ်၌မွေ့လျော်ခြင်းမရှိတဲ့ ဘုရားသားသမီးဆိုတာကြီးက မဖြစ်သင့်တော့ပါဘူး။

မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​သော​သူ မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​နပ်​စာ​အ​ဖိုး​နှင့် သား​ဦး​အ​ရာ​ကို ရောင်း​သော ဧ​သော​ကဲ့​သို့ ဘု​ရား​တ​ရား​ကို မ​ရို မ​သေ​ပြု​သော​သူ မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။- သင်​တို့​သိ​သည်​အ​တိုင်း၊ ဧ​သော​သည် နောက်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​သော​အ​ခါ၊ ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ၏။ မျက်​ရည်​ကျ၍ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​လွန်​ရှာ​သော်​လည်း၊ မိ​မိ​အ​ဘ၏ စိတ်​ပြောင်း​လဲ​ခြင်း အ​ခွင့်​ကို မ​တွေ့​မ​ရ။
ဟေဗြဲဩဝါဒစာ ၁၂း၁၆-၁၇

And make sure that there isn’t any immoral or irreverent person like Esau, who sold his birthright in exchange for one meal. For you know that later, when he wanted to inherit the blessing, he was rejected because he didn’t find any opportunity for repentance, though he sought it with tears.
Hebrews 12:16-17

ဧသောဟာဘုရားနှင့်သက်ဆိုင်တဲ့အရာ၊ ဘုရားရဲ့ကောင်းချီးမဂ်လာကို မထီမဲ့မြင်စော်ကားတဲ့သူတယောက်ဖြစ်တယ်ဆိုတာ နှုတ်ကပတ်တော်ဖတ်တဲ့သူအားလုံးသိပြီးသားပါ။ ဒါကြောင့်ဒီကနေ့မှာ ချစ်သောလူငယ်တွေကို အထူးသဖြင့် သတိပေးနှိုးဆော်ချင်တာက ကိုယ်ဟာ ဘုရားရဲ့သားသမီးဖြစ်တယ်ဆိုတာကို အပေါ်ယံသာယာမှုမျိုးနဲ့ အသက်မရှင်မိဖို့ရာသတိပြုစေချင်ပါတယ်။

ရှေ့ဦးစွာ အမှုတော်ဆောင်တွေရဲ့သားသမီး လူငယ်လေးတွေကို သတိချပ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အမှုတော်ဆောင်ဆရာသမား(အချို့)တွေဟာ social media မှာအင်တိုက်အားတိုက်နဲ့ဝေငှဟောပြောရုံတင်မက၊ မိမိအသင်းသူအသင်းသားအိမ်ထောင်များမှာ လိုက်လံဆုတောင်းခွန်အားပေးနေသော်လည်း၊ တဖက်မှာတော့ သားသမီးများဟာဆိုရင်ဖြင့် social media ပေါ်မှာ ဘုရားနှင့်ကိုယ်မိဘကို အိုးမဲသုတ် post တွေနဲ့မထီမဲ့မြင်ပြုနေကြပါတယ်။ ဒါဟာမဖြစ်သင့်သလို၊ လုပ်လည်းမလုပ်သင့်ပါဘူး။ ကိုယ်ဟာကိုယ့်ရဲ့မိဘလို အမှုတော်ဆောင်မှမဟုတ်တာဆိုတဲ့ စကားမျိုးနဲ့တော့ ကိုယ့်ပြုရမည့် တာဝန်ဝတ္တရား၊ ဘုရားဝတ်၌မွှေ့လျာ်ခြင်းအရာကို ဆင်ခြေမပေးသင့်ပါဘူး။
အမှုတော်ဆောင်မိသားစုမှ မဟုတ်တဲ့ လူငယ်လေးတွေဟာဆိုရင်လည်း ကိုယ့်ရဲမိဘက ဘုရားဝတ်၌မွေ့လျော်အားကြီးသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ၊ မိခင် ဒါမှမဟုတ် ဖခင်က မယုံကြည်သူဖြစ်နေပါစေ၊ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေကာ တရားတော်၌မွှေ့လျော်သည့်အရာမှာတော့ ကိုယ်ကိုကိုယ်သိသောစိတ်ရှင်းလင်းဖို့လိုအပ်ပါသည်။

မိန်း​မ​အို​ပြော​တတ်​သော တ​ရား​မဲ့​ဖြစ်​သော ဒ​ဏ္ဍာ​ရီ​စ​ကား​ကို ပယ်​ရှား၍ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​အား​ဖြင့် ကိုယ်​ကို​ကိုယ်​ဆုံး​မ​လော့။- ကိုယ်​ကာ​ယ​ကို​ဆုံး​မ​ခြင်း​သည် များ​စွာ​သော အ​ကျိုး​ကို မ​ပေး​တတ်။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​မူ​ကား၊ ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့် စပ်​ဆိုင်​သော​က​တိ​တော်​ကို ရ​သည်​ဖြစ်၍၊
တိမောသေဩဝါဒစာပထမစောင် ၄း၇-၈

Do not waste time arguing over godless ideas and old wives’ tales. Instead, train yourself to be godly. “Physical training is good, but training for godliness is much better, promising benefits in this life and in the life to come.”
1 Timothy 4:7-8

ကိုယ်ကိုဆုံးမခြင်း(Train/Training)မရှိဘဲ ဒဿနအတွေးခေါ်စာအုပ်တွေဖတ်ကာ ရူးကြောင်ကြောင်ပုံစံလူငယ်လေးတွေကို တွေ့ဖူးပါတယ်။ Philosophy နဲ့ပက်သက်လို့ အတွေးခေါ်ကောင်းတွေဖြစ်စေတဲ့စာအုပ်တွေ၊ ခရစ်ယာန်စာရေးဆရာတွေများစွာရှိသလို၊ တဖက်မှာလည်း မရင့်ကျက်တဲ့(Trainingမပြည့်ဝ၊မရှိ)တဲ့လူငယ်လေးတွေကို တရားမဲ့စကားများ(godless ideas)နဲ့ လွှမ်းမိုးနိုင်တဲ့ စာအုပ်စာပေ၊ စာရေးဆရာများစွာလည်းရှိသောကြောင့် သတိပြုရန်လိုအပ်ပါသည်။
ဒါကြောင့် ဘုရားဝတ်၌မွှေ့လျော်ခြင်း(training for godliness)ဟာယခုနှင့်နောင်လာမည့်အသက်တာတွက်အကျိုးရှိတယ်ဆိုတယ်တဲ့ကတိတော်ကိုရသောကြောင့် တရားမဲ့ပုံပြင်ဆန်တဲ့ စကားတွေမှာ အချိန်မဖြုန်းဘဲ၊ ကိုယ်တိုင်ကိုယ့်အသက်တာကို ဘုရားဝတ်၌မွေ့လျာ်ခြင်းငှာ ဆုံးမ(train)ပါ။

ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် အ​ကျိုး​စီး​ပွား​ဖြစ်​သည်​ဟု သူ​တို့​သည် စိတ်​ထင်​ကြ၏။ ထို​သို့​သော​သူ​တို့​ကို ရှောင်​လော့။- ရောင့်​ရဲ​သော​စိတ်​ပါ​လျှင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် ကြီး​စွာ​သော အ​ကျိုး​စီး​ပွား​မှန်၏။
တိမောသေဩဝါဒစာပထမစောင် ၆း၅(ခ)-၆

and constant disagreement among people whose minds are depraved and deprived of the truth, who imagine that godliness is a way to material gain. But godliness with contentment is a great gain.
1 Timothy 6:5-6

ပြောဖန်များတော့ ကြားရဖန်များလာတဲ့ စကားတခုက “သင်မအောင်မြင်တာ၊ သင်မချမ်းသာတာ၊ သင်မကျန်းမာတာ သင်ယေရှုကိုအမှန်တကယ်မရသေးလို့” ဆိုတဲ့စကားမျိုးတွေပေါ့။ သဘောက သင်ယေရှုကို ကိုးကွယ်ရင် တကယ်ရရှိရင်် အဆင်ပြေမယ်ဆိုတာမျိုးပေါ့။ လောဘ ဒေသနာကတော့ ဒါမျိုးသွန်သင်ပါလိမ့်မယ်။ ဒါပေမယ့် ယောဘ ဒေသနာကတော့ ထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကနေ့ တရားဒေသနာအများစုက ကောင်းကြီးကိုအထူးသဖြင့် ဗဟိုပြုလွန်းပါတယ်။ တကယ်တမ်းတော့ ယောဘရဲ့ အသက်တာတစ်လျှောက်လုံးကိုကြည့်ရင် ဘုရားကိုဗဟိုပြုကာ ကြောက်ရွံ့သောအသက်တာနှင့် အသက်ရှင်တာကိုတွေ့နိုင်ပါတယ်။ ကြွယ်ဝချိန်မှာရော ကုန်းကောက်စရာမရှိ ဒုက္ခဆင်းရဲအတိရှိနေချိန်မှာပါ ဘုရားရဲ့လက်တော်သူ့အပေါ်မှာရှိတယ်ဆိုတာ ဝန်ခံနိုင်သူပါ။
ရောင့်​ရဲ​သော​စိတ်​ပါ​လျှင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် ကြီး​စွာ​သော အ​ကျိုး​စီး​ပွား​မှန်တယ် ဆိုတဲ့နေရာမှာ ယောဘဆီကနေ ကျွန်ုပ်တို့သင်ယူစရာအများကြီးပါပဲ။

ယေ​ရှု​ခ​ရစ်၏ တ​ရား​တော်​နှင့်​အ​ညီ၊ ဘု​ရား​ဝတ်၌ မွေ့​လျော်၍ နေ​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။
တိမောသေဩဝါဒစာဒုတိယစောင် ၃း၁၂

Indeed, all who desire to live a godly life in Christ Jesus will be persecuted,
2 Timothy 3:12

ချစ်သောလူငယ်တို့ ဘုရားဝတ်၌မွေ့လျော်တယ်ဆိုတာ လူအထင်ကြီးအောင်လုပ်ပြ၊ နေပြရတာမဟုတ်ပါဘူး။ အလိုလိုနေရင်းလည်း မရလာနိုင်ပါဘူး။ ဘုရားသားသမီးဆိုပြီး ပါးစပ်ကတဖွဖွပြောနေသူတိုင်းမှာလည်း မတွေ့နိုင်ပါဘူး။
ခရစ်တော်၌လူသစ်ဖြစ်တဲ့သူတွေ  လောကမှာ စိတ်ကြိုက်အသက်ရှင်ပြီး ခရစ်တော်၌သာ အိပ်ပျော်သွားကြတယ်၊ ခရစ်တော်၌ရှိသောစိတ်သဘော၊ ခရစ်တော်၌ရှိလျက် တရားတော်၌မွေ့လျော်အသက်ရှင်ခြင်းငှာ အလိုရှိသူတွေဟာအလွန်နည်းပါးလာပါတယ်။
ချစ်သောလူငယ် သင်အလို(desire)ရှိပြီလား။
အလိုရှိလျှင်တော့ ချမ်းသာမယ်၊ ကျန်းမာမယ်ဆိုပြီး လောဘစကားနဲ့တော့ မနှစ်သိမ့်လိုပါဘူး။ ဒါပေမယ့် ကျမ်းစကားအတိုင်းတော့ သင်ဟာသေချာပေါက် ညှဉ်း​ဆဲ​ခြင်း​ကိုခံ​ရ​မယ်ဆိုတာကိုတော့ပြောပါရစေ။ ဘာကြောင့်လဲဆိုရင် ဘုရားဝတ်၌မွေ့လျော်ခြင်းဆိုတာ God’s rights နှင့်အညီအသက်ရှင်တာဖြစ်ပြီး၊ human rights အားဖြင့် မဟုတ်လို့ပါပဲ။
ပဲဟင်းတခွက်လေးအတွက် ဆာလောင်မှုအကြောင်းပြုပြီး သားဦးအရာကိုရောင်းစားတဲ့ ဧသောကဲ့သို့ ဘုရားဝတ်၌မွေ့လျော်ခြင်းကိုမထီမဲ့မြင်မပြုဘဲ အသက်ရှင်မည်အကြောင်း

မေတ္တာဖြင့်