Skip to content

ယနေ့ယုံကြည်သူများဟာ လောကရဲ့entertainment တွေမှာကျေးကျွန်တွေဖြစ်လာနေကြပါတယ်။
ထိုအထဲမှာ အထူးသဖြင့်တော့လူငယ်များစွာ ရှိနေပါတယ်။

လူငယ်လေးတစ်ယောက်ကပြောလာပါတယ် “ဆုမတောင်းဖြစ်တာကြာပြီဗျာ.. ဘာဆုတောင်းရမှန်းတောင်မသိတော့ဘူး” လို့ဆိုလာပါတယ်။
သူ့ကို ဆွေးနွေးတိုက်တွန်းပေးပြန်တော့၊ ဘာပြောပြန်ပြောသလဲဆိုရင် “သိတယ်၊ အချိန်မပေးနိုင်တာ၊ ကိုယ့်ကိုကိုယ်ထိန်းတယ်” စသည်ဖြင့်ပြောကာ ဘုရားဝတ်၌မွေ့လျော်ခြင်းအလို့ငှါ အားထုတ်ကြိုးစားခြင်းမရှိဘဲ ဘုရားနှင့်မှန်ကန်သောအသက်တာမျိုးဖြစ်နေရှာသည်။

ယနေ့ခေတ်က entertainment အလွန်များတဲ့ခေတ်ပါ။ Entertainment များစွာကလည်း ကိုယ့်ကို entertainer ဖြစ်လာအောင်ဆွဲဆောင်လွန်းလှပါတယ်။
အခုဆို ဘလော့ဂါတွေ၊ ဗလော့ဂါတွေကို အားကျပြီးလုပ်တဲ့သူတွေ၊ ဝါသနာအရနာမည်ကြီးသီချင်းတွေ ကာဗာပြန်ဆိုသူတွေ၊ ကြိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းလာပါစေ အကုန်ကြည့်ပြီး review လုပ်နိုင်တဲ့ခရစ်ယာန်တွေများလာပါတယ်။

စိတ်မကောင်းစရာက သမ္မာကျမ်းစာနဲ့ပက်သက်လာရင်တော့ “ခွေးအကြီးလှည်းနင်း” သလိုမျိုးပါပဲ။
“အ” နေပါလေရော။
ဒီကနေ့ entertainment ဆန်လွန်းတဲ့ တရားဟောချက်တွေ၊ အမှုဆောင်ခြင်းအသက်တာတွေဟာ ကြားနာသူအတွက်အကျိုးမဖြစ်ပါဘူး။
ဝိညာဉ်ရေးမှာချိနဲ့ပျင်းရိလာစေပြီး၊ လောကအရေးမှာတော့အားသွန်ခွန်စိုက်လုပ်ဆောင်စေလာပါတယ်။

ဒါကြောင့် လောကမှာအောင်မြင်ကျော်ကြား နာမည်ကြီးချင်ရင် ကြိုးစားပါ။
သင့်ဝါသနာကို ဘယ်သူမှမတားပါဘူး။ လုပ်စရာရှိတာလုပ်လိုက်ပါ။
ဒါပေမယ့် ဘယ်တော့မှ မမေ့ပါနဲ့ သင်ရဲ့ “True Identity” ဆိုတဲ့ စစ်မှန်တဲ့ဖြစ်ခြင်းကိုပေါ့။
ကိုယ့်ကိုကိုယ် ခရစ်ယာန်လို့တော့ပြောပြီး လောကနဲ့ဆိုင်တဲ့အရာတွေမှာတဖက်ကမ်းခတ်ကျွမ်းကျင်နှံ့စပ်ပေမယ့်၊ ဘုရားဝတ်၌မွှေ့လျော်ခြင်းအရာမှာ နှစ်လိုဖွယ်မရှိဖြစ်နေရင်တော့ သတိကြီးကြီးသာထားပေတော့။

ဒါကြောင့် ဘုရားဝတ်၌မွေ့လျော်ခြင်းငှါ ဆီးတားနေတဲ့အရာတွေထဲမှာ ပထမဆုံးသတိထားရမည့်သူက “ကိုယ်ကိုတိုင်” နဲ့ ကိုယ်ပေါင်းသင်းတဲ့သူတွေပါပဲ။

ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၅:၃၃
“အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။”

နောက်ပြီးသတိထားရမှာက ဘယ်အရာမှာဦးတည်ထားသလဲဆိုတဲ့ သင့်ရဲ့ချစ်အားကြီးနေသောစိတ်သဘောထားပါ။

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် 2
“လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။
လောက၌ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာ စပ်ဆိုင်ကြ၏။
လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။”

ကဲလူငယ်တို့ လူငယ်ဆန်ကြတာကောင်းပါတယ်။
ပျော်စရာရှိရင် အားရပါးရပျော်ပါ။ သို့သော် စေတနာမှန်နဲ့သတိပေးလိုပါသည်။
“ဒုစရိုက်အပြစ်”နဲ့ကင်းတဲ့လွတ်လပ်ပျော်ပါးမှုမျိုးဖြစ်စေချင်ပါသည်။ လူဆိုတာ မွေးရာပါပုန်ကန်တတ်၊ ဆန့်ကျင်တတ်၊ အရွဲ့တိုက်တတ်သော သဘောရှိတာကိုမမေ့ပါနဲ့။ ကိုယ့်ကိုကိုယ် အထင်သိပ်မကြီးပါနဲ့။

ဒေသနာကျမ်း ၉:၁၁
”အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာ လမ်းနှင့်၊ ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည်ဟု အောက်မေ့လော့။”

ထင်ပေါ်ကျော်ကြားချင်ရင် အလုပ်ကိုတစိုက်မှတ်မှတ်လုပ်ပါ။ ဟိုမရောက်ဒီမရောက်တော့မလုပ်ပါနဲ့။
ကြိုးစားအားထုတ်ပါ။ ကိုယ့်ရဲ့ဘုရားပေးစွမ်းရည်တွေကို အသုံးပြုပါ။ သို့သော် လောကီမဆန်ပါနဲ့။
ဘာကြောင့်လဲဆိုရင် “လောကနဲ့မဆိုင်သောကြောင့်”ပါ။

ချစ်သောလူငယ်များသို့ချစ်ခြင်းများစွာဖြင့်