Skip to content

ဒီနေ့ ဆုတောင်းပြီးပြီလား

ဒီနေ့ ဆုတောင်းပြီးပြီလား။

သင်သည် သက်တောင့်သက်သာစွာ နေထိုင်နေရပါသလား။
သင်သည် ဘေးကင်းလုံခြုံစွာ အသက်ရှင်နေရပါသလား။
သင်သည် အစားအသောက်များ လျှံပယ်စွာ စားသောက်နေရပါသလား။
သင်၌ သုံးစွဲစရာငွေကြေး အလုံအလောက်(ဒါမှမဟုတ်)များစွာ ရှိနေပါသလား။

ထိုအရာတွေအတွက် သင်ချီးမွမ်းဆုတောင်းလို့ နေကောင်းနေပါလိမ့်မယ်။
သို့သော် ထိုအရာတွေကိုမခံစားရပဲ ဒုက္ခများကြားပြေးလွှားနေရသူတို့အဖို့ ဒီနေ့သင်ဆုတောင်းပေးပြီးပြီလား။
မတောင်းရသေးရင် အခုပင် ဆုတောင်းပေးလိုက်ပါ။

ရှင်ယာကုပ်ဩဝါဒစာ :၁၆
ချမ်းသာရမည်အကြောင်း၊ အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့။