ကိုးလလွယ် ဆယ်လဖွား
ဒုက္ခနဲ့အခက်ခဲ သူခံစား
အူဝဲသံကြား မြင်မျက်နှာအား
သုခနဲ့ပီတိ ဖြာလေပါတကား
နို့စို့သူငယ် သူချစ်တယ်
ကြီးသည်အထိ ပြုစုကိုင်တွယ်
အတတ်သင်ပေး လိမ္မာရေး
တရားလမ်းလည်း သွန်သင်ပေး
ဆုတောင်းပေးသော မြတ်မိခင်
ဆိုးသောကျွန်ုပ်ကို တခါတလေဆိုဆဲမိပင်
သို့သော်လည်းငြား သူလည်းလူသား
မပျော်ရွှင်ပါ ထိုစကားအား
မိခင်မေတ္တာ မရွှေ့လျော့ပါ
ဇရာအိုလည်း ချစ်ဆဲကွာ
အထက်အရပ်မှ ကောင်းကြီးမင်္ဂလာ
တန်ဖိုးထားပါ မွေးသမိခင်အပေါ်မှာ
သန္ဓေယူစမှ အရွယ်ရောက်ချိန်ထိ
အမေမညည်းငြူပဲ ကြည့်ရှုခဲ့၏
သူ့ရဲ့ကျေးဇူး အစဉ်ကြွယ်ဝ
ဆပ်၍မကုန်ပါ ကြီးမားလွန်းလှ
Poet – The Blessed Desk (ThyLogos)
#λόγος #ThyLogos #HappyMother_s_Day_2021 #TheBlessedDesk #Poem
ယခုကဗျာသည် မူရင်းကဗျာဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်ကဗျာဖြစ်ပြီး ရေးစပ်သူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။