Skip to content

“သို့​ဖြစ်၍ ရှင်​ဘု​ရင်​တို့၊ ပ​ညာ​သ​တိ​ရှိ​ကြ​လော့။ လော​ကီ​မင်း​တို့၊ ဆုံး​မ​ခြင်း​ကို ခံ​ကြ​လော့။ ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ထမ်း​ရွက်၍၊ တုန်​လှုပ်​ခြင်း​နှင့် ဝမ်း​မြောက်​ကြ​လော့။ သား​တော်​ကို နမ်း​ကြ​လော့။ သို့​မ​ဟုတ်​လျှင် အ​မျက်​တော်​ထွက်၍၊ သင်​တို့​သည် လမ်း၌​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​မျက်​တော်​သည် ချက်​ချင်း​ထွက်​လိမ့်​မည်။ သား​တော်​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။”
ဆာလံကျမ်း ၂:၁၀-၁၂

ရာစုနှစ်ပေါင်းများစွာတလျှောက်မှာ လူသားတွေဟာ ဘုရားသခင်အားအာခံဖီဆန်ခြင်းကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။ လက်ရှိအသက်ရှင်နေတဲ့ကာလအချိန်ထိ ရက်စက်ကြမ်းကြုတ်၊ ထောင်လွှားတဲ့ခေါင်းဆောင်တွေအကြောင်း သင်ဖတ်ဖူး၊ ကြားဖူး၊ မြင်ဖူးပါလိမ့်မယ်။ ဘုရားသခင်ဆိုတာမတည်ရှိသကဲ့သို့ စော်ကားကောက်ကျစ်စဉ်းလဲစွာပြုမူတတ်ကြပြီး၊ သန့်ရှင်းသောနာမတော်ကို မထီမဲ့မြင်ပြုတတ်ကြပါတယ်။ ဖာရော အီဂျစ်(အဲဂုတ္တု)ပြည်ရဲ့ အာဏာရှိသောဘုရင်ဟာ ထိုကဲ့သို့သောသူဖြစ်ပါတယ်။ ဘုရားသခင်ရဲ့လူမျိုးတော်တွေကို လွတ်ပေးဖို့ရာကိုငြင်းဆိုခြင်းအားဖြင့် ကောင်းကင်ဗိုလ်ခြေဘုရားရှင်အားစော်ကားခဲ့ပါတယ်။ သို့သော်လည်း သင်သိတဲ့အတိုင်းပါပဲ သူရဲ့ပုန်ကန်မှုနဲ့အတူ သူလည်းပြေးမလွတ်ခဲ့ပါဘူး။ ဖာရောရဲ့အသက်တာဟာ မြဲသောသဘောတရားကိုသွန်သင်ပေးနေပါတယ်။ ဘာလဲဆိုရင် ဘုရားသခင်ဟာ နောင်တမရတဲ့သူ့ရဲ့ရန်သူတွေကို ဖျက်ဆီးပစ်လိမ့်မယ်ဆိုတာပါပဲ။

သို့သော်လည်း ဘုရားသခင်ရဲ့ရန်သူတွေဟာ ရာထူးအမြင့်တွေမှာကြီးတွေမှာ ဒါမှမဟုတ် ရှေးခေတ်ကာလမှာပဲ ရှိခဲ့တဲ့သူတွေမဟုတ်ပါဘူး။ ဘုရားသခင်အား နာခံဖို့ သို့မဟုတ် အာခံဖို့ ဆိုတဲ့ရွေးချယ်မှုဟာ လူတိုင်းလုပ်တတ်ကြပါတယ်။ ဘယ်လောက်ပဲ အသက်ကြီးရင့်နေပါစေ၊ ငယ်ရွယ်ပါစေ၊ ဘယ်လောက်ပဲ ထင်ပေါ်ကြားသူဖြစ်ပါစေ၊ သာမန်လူဖြစ်ပါစေ အရွယ်တိုင်း လူတိုင်းပြုတတ်ကြပါတယ်။ သင်ရောဘယ်လိုလဲ။ သင်သည်ဘရားသခင်အားနာခံမည်လော သို့တည်းမဟုတ် သူ့စကားကို အလေးမထားပဲနေမည်လော။ သင်ရဲ့အဖြေက သင့်အသက်တာမှာ ခြားနားမှုကိုဖြစ်စေမှာပါ။ ဘုရားသခင်ရဲ့တဘက်မှာသင့်ရဲ့နှလုံးသားကိုမာကျောစေနေခြင်းဟာ လက်ရှိမှာတော့ကိစ္စမရှိပါဘူးလို့ထင်နေပါလိမ့်မယ်။ ဒါပေမယ့် ဖာရောရဲ့ အသက်တာကိုကြည့်ပါ၊ ပြီးတဲ့အခါ သူဘာဖြစ်သွားခဲ့သလည်းဆိုတာကိုလည်း သင်ယူပါ။

ဘာ့ကြောင့်ဖာရောမင်းဟာ ဖျက်ဆီးခြင်းခံဖို့ရာပဲ ဖြစ်ထိုက်ခဲ့သလဲ။ ပထမတချက်၊ သူဟာဘုရားသခင်ရဲ့လူမျိုးတော်ကို နှိပ်စက်ညှင်းပန်းပြီး ကျွန်လုပ်သားတွေအဖြစ်အင်အားသုံးစေခိုင်းခဲ့ပါတယ်။ ဣသရေလလူမျိုးတွေရဲ့ ဆင်းရဲခံခဲ့ရခြင်းဟာ အလွန်ကြီးသောကြောင့် သူတို့တတွေဟာ သက်သာရာရဖို့အတွက် ညည်းတွား အော်ဟစ်ခဲ့ကြတယ်။ ဒုတိယတချက်၊ ဖာရောမင်းဟာ ဘုရားသခင်မိန့်မှာသမျှကို မထီမဲ့မြင်ပြုပါတယ်။ နာခံရမည့်အစား ထောင်လွှားစွာဖြင့်
“ဖာ​ရော​မင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို​နား​ထောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ငါ​လွှတ်​စေ​ခြင်း​ငှာ ထို​ဘု​ရား​ကား အ​ဘယ်​သူ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​သိ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ငါ​မ​လွှတ်​ဟု ဆို​လေ၏။”
ထွက်မြောက်ရာကျမ်း ၅:၂
နောက်ဆုံးမှာတော့ လုံး၀ကိုနောင်တရဖို့သူငြင်းပယ်ခဲ့ပါတယ်။ သူထိခိုက်နာကျင်ခံစားရတဲ့ ကပ်ငါးကြိမ်မှာတော့ ဣသရေလလူတွေကိုလွတ်ပေးမယ်လို့ကတိပေးပေမယ့်လည်း၊ ကပ်ဆိုးတခုဆီကျော်လွန်သွားချိန်တိုင်းမှာတော့ သူ့ရဲ့စိတ်ကို အလျင်အမြန်ပြောင်းလဲပစ်ခဲ့တယ်။

ကိုယ့်ရဲ့ဘ၀အသက်တာကိုဆင်ခြင်ကြည့်ပါ။ အထက်က အချက်သုံးချက်နောက်လိုက်ပြီး ဖာရောမင်းရဲ့စရိုက်လက္ခဏာနဲ့ အသက်ရှင်နေသလား။ ပထမတချက် ဘုရားရဲ့လူတွေကို သင်နှိပ်စက်နေသလား။ သင့်ရဲ့သူငယ်ချင်း မိတ်ဆွေတွေက ဘရားဝတ်၌မွှေ့လျော်အသက်ရှင်နေတာကို သင်လှောင်ပြောင်နေသလား။ နှုတ်ကပတ်တော်စံနဲ့အညီ အသက်ရှင်နေသူတွေကိုရော သင်ဟားတိုက်နေသေးလား။ ဒုတိယတချက် ဘုရားရဲ့မိန့်မှာချက်နဲ့ပက်သက်ပြီး သင်ဘယ်လိုလုပ်နေသလဲ။ ဘုရားသခင်ဟာ သင်ရဲ့နာခံခြင်းကိုလိုချင်တယ်၊ ထိုက်တန်တယ်ဆိုတာကို သင်လျစ်လျူရှုနေသလား။ တတိယအချက် အချိန်တိုင်း အချိန်တိုင်းမှာ ခရစ်တော်ထံအသက်တာကိုအပ်နှံဖို့သင်ငြ်းဆိုနေတုန်းလား။ သင်ဟာအရှေ့မှာအကြိမ်ပေါင်းများစွာ ကယ်တင်ခြင်းခံရပြီဆိုပြီးဝန်ခံမှုတွေရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့အ ပြုအမူတွေ၊ သဘောထားတွေ နဲ့ ဆန္ဒတွေဟာ ခရစ်တော်ကဲ့သို့သောသဘောရှိခြင်း သက်သေအသီးအပွင့်ရှိလုံး၀မနေဘူးဆိုရင်ဘယ်လိုလုပ်မလဲ။

ဖာရောမင်းရဲ့ လည်ပင်းခိုင်မာမှုကနေ ရရှိလာတဲ့ရလဒ်ကတော့ ဘုရားသခင်ဟာ ဖာရောမင်းနဲ့ သူလူတွေကို ဖြေးဖြေးမှန်မှန် စီရင်ခဲ့တာပါပဲ။ ကပ်ကြီးဆယ်ခုကို ဖြစ်စေပြီး အဲဂုတ္တုပြည်ကြီးကို ဦးညွတ်စေခဲ့တယ်။ ကပ်ကြီးဆယ်ခု ပြီးနောက်မှာတော့ ဣသရေလလူမျိုးအကုန်အစင်ကို ဖာရောမင်းစေလွတ်ပေးခဲ့ရပေမယ့်လည်း ဖာရောမင်းနဲ့ပက်သက်ပြီး ဘုရားသခင်အမှုမပြီးပြတ်သေးပါဘူး။ ဣသရေလလူတွေနောက်သို့လိုက်ဖို့ ဘုရားကနိုးဆော်ပြီး၊ သူ့ရဲ့အင်အားကြီးတဲ့မြင်းရထားတပ်ဖွဲ့ကို ပင်လယ်နီထဲ နှစ်မြှုပ်စေခဲ့တယ်။

ဖာရောရဲ့အသက်တာက ဘာကိုသက်သေပြနေသလည်းဆိုရင် ဘရားသခင်ရဲ့ စီရင်ခြင်းသည် သေချာတယ်၊ ပြင်းထန်တယ် ဆိုတာပါပဲ။ သင်သာကျမ်းစာဖတ်ခဲ့ပြီးပြီဆိုရင် ဖာရောမင်းရဲ့ဇာတ်လမ်းကို သင်သိနေပါပြီ။ ဒါပေမယ့်တခုတော့ ဆင်ခြင်မိရဲ့လား၊ ဖာရောမင်းနှလုံးခိုင်မာခဲ့သလို ကျွန်ုပ်တို့လည်း ခိုင်မာနေမယ်ဆိုရင် တူညီတဲ့စီရင်ခြင်းမျိုးခံစားရနိုင်တယ်ဆိုတာကိုလေ။ ဘုရားသခင်သည် အခုရော မနေ့ကရော မပြောင်းလဲတဲ့ဘုရားသခင်ပါ။ သူ့ကိုဆန့်ကျင် အာခံရင်း လွတ်မြောက်နိုင်သူမရှိပါ။ ဘုရားသခင်ဟာ ဖာရောမင်းကို နောင်တရဖို့အခွင့်အရေး ထပ်ခါထပ်ခါပေးခဲ့သလို၊ ယခုအချိန်ထိ သင်၌လည်းဘုရားသခင်ပြုနေ ပေးနေပါလိမ့်မယ်။ ကိုယ့်နှလုံးသားကိုဘုရားသခင်အားပေးဖို့သင်ငြင်းဆန်မယ်ဆိုရင်၊ ဘယ်လောက်ပဲသင်ဟာအခွင့်ထူးတွေခံစားနေရပါစေ ဖာရောမင်းလိုပဲ တူညီတဲ့စိတ်ပျက်စရာအမှားတွေကို သင်ကျူးလွန်နေပါလိမ့်မယ်။

ဖာရောမင်းအသက်တာကနေ မထွက်ပေါ်လာတဲ့ တခုတည်းသောအရာက ဘုရားသခင်ရဲ့ ကရုဏာတော်ပဲဖြစ်ပါတယ်။ ဖာရောမင်းဟာ သူရဲ့အပြစ်တွေကနေလှည့်ပြန်ပြီး ဘုရားဆီတိုးဝင်ဖို့ တကြိမ်တခါလေးတောင်မျှမကြိုးစားခဲ့ပါဘူး။ ဒါပေမယ့် သင်ဟာ သူ့ရဲ့အမျတ်တော်နဲ့ရင်ဆိုင်စရာမလိုပါဘူး၊ သူ့ရဲ့ကရုဏာတော်နှင့်ခွင့်လွတ်ခြင်းကို သိရှိနိုင်ပါတယ်။ ဘုရားကသင့်ကိုသတိပေးချင်တဲ့အရာကတော့

“ဆိုး​သော​သူ​သည် မိ​မိ​လမ်း​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကြံ​တို့​ကို​လည်း​ကောင်း စွန့်​ပစ်၍၊ ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် သ​နား​တော်​မူ​လိမ့်​မည်။ ငါ​တို့ ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် အ​ထူး​သ​ဖြင့် အ​ပြစ်​ကို လွှတ်​တော်​မူ​လိမ့်​မည်။”
ဟေရှာယအနာဂတ္တိကျမ်း ၅၅:၇