Skip to content

ဒီအချိန်ကာလမှာ ယုံကြည်သူတိုင်းလိုလို မေးခွန်းတွေများပြီး သောကတွေပွါးနေကြမယ်ဆိုတာအသေအချာပါပဲ။
Social Network စာမျက်နှာတွေပေါ်မှာ နေ့စဉ်တွေ့မြင်ရသည့်အရာတွေ၊ ဖတ်ရသည့်စာတွေအားဖြင့်လည်း ဘာကိုရေရေရာရာလုပ်ရမှန်းမသိ။ လုပ်နေတာမှန်ရဲ့လားမသိဘဲ ဝေခွဲမရဖြစ်နေသူတွေလည်းရှိပါတယ်။

ဒါဆိုရင် ခရစ်တော်နောက်တော်သို့လိုက်သောယုံကြည်သူတစ်ယောက်ချင်းစီတိုင်း ဘာတွေကိုလုပ်ဆောင်နိုင်မလဲ?

၁။ ဆုတောင်းပေးနိုင်ပါတယ်
ကျွန်တော်တို့ နှုတ်ကနေမမြွက်ဆိုမှီကတည်းက သိနေနှင့်သော ဘုရားနှင့်ဆက်သွယ်သောအမှု၊ မခြားမလပ်ပြုစေခြင်းငှါ သခင်အလိုရှိသောအမှုဖြစ်ပါတယ်။

၂။ ဝေမျှပေးကမ်းခြင်း
ဒုက္ခဆင်းရဲရောက်နေသောကာလမှာ ပြန်လည်စီးဆင်းဝေမျှနိုင်သောအခွင့်ရှိပါတယ်။ ပိုလျှံကြွယ်ဝသောကြောင့်ဆိုတာထက် ဘုရားရဲ့ကောင်းကြီးမင်္ဂလာရှိသောကြောင့်ဖြစ်ပါတယ်။ ဝေမျှပေးကမိးခြင်းသည်လည်း သခင်နှစ်သက်သောယဇ်ဖြစ်ပါတယ်။

၃။ ကူညီမစပေးခြင်း
အကူအညီကိုမလိုသောသူမရှိပါ။ တတ်စွမ်းရာ၊ အားသန်ရာ၊ အချိန်ပေးနိုင်ရာ၊ ဝန်တာထားပေးနိုင်ရာ တခုခုအားဖြင့် အားနည်းသောကိုယ့်ပတ်ဝန်းကျင်ကိုကူညီမစပေးခြင်းဖြင့် ခရစ်တော်၏စိတ်သဘောကို ထင်ဟပ်စေနိုင်ပါသည်။

၄။ ရှေ့တန်း၌ပါဝင်ခြင်း
ရှေ့တန်း၌သင်ပါဝင်ခွင့်မရှိဟု မည်သူမျှမပြဌာန်းထားပါ။ သို့သော် သင်၏ပါဝင်ခြင်းအရာမှာ သခင့်၌ရှိသောသင့်၏ဖြစ်ခြင်းကိုမမေ့လျော့ပဲ၊ ယုံကြည်ခြင်း၌မြဲမြံလျက် လောကအတွက်ဆားအလင်းဖြစ်စေပါ။

၅။ မဟာစေစားချက်
အဆုံးစွန်လုပ်ဆောင်နိုင်သောအရာတခုမှာ သခင်ဘုရား၏ကယ်တင်ခြင်းသတင်းစကားပင်ဖြစ်သည်။ မျှော်လင့်ခြင်းမရှိသော လောကီသားတို့အဖို့ငှါ သခင့်၏မင်္ဂလာရှိသောမျှော်လင့်ရာသတင်းစကားကို သင်သက်သေခံနိုင်ပေသည်။

မေတ္တာဖြင့်
Thy Logos