ဘုရားနဲ့သိကျွမ်းဝင်ခြင်းထဲမှာ
အထူးခြားဆုံးနဲ့အရင်းနှီးဆုံးသိကျွမ်းဝင်ရခြင်းက
“အဗ္ဗအဖ” လို့ခေါ်ရခြင်း၊ သိကျွမ်းရခြင်း အခွင့်ထူးပါပဲ။
လူတိုင်းကို ဘုရားရှင် ဖန်ဆင်းပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ ဘုရားသခင်ရဲ့ သားသမီးတွေ မဟုတ်ပါဘူး။
#ရှင်ယောဟန်ခရစ်ဝင် ၁:၁၂-၁၃
“ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသားတို့မူကား၊
လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်။
မေထုန်သံဝါသအားဖြင့် ဖွားသောသားမဟုတ်။
လူအလိုအလျောက် ဖွားသောသားမဟုတ်။
ဘုရားသခင် ဖွားတော်မူသောသား ဖြစ်သတည်း။“
လက်ခံယုံကြည်သူ တွေသာလျှင်ရတဲ့ အခွင့်ထူးပါ။
ထိုအခွင့်ထူးကလည်း ဘုရားရဲ့အံ့ဩဖွယ်ကောင်းလှတဲ့ အလွန်ကြွယ်ဝသော ကျေးဇူးတော်အားဖြင့်ပေါ့
ပြီးတော့ ဘုရားဖွားတဲ့သားပါ
အဗ္ဗအဖ ကျွန်ုပ်တို့ရဲ့ဘုရား နဲ့ ကျွန်တော်တို့ရဲ့
ရင်းနှီးကျွမ်းဝင်မှု နက်ရှိုင်းပါတယ်
ပြီးတော့ အဖေတိုင်းသားသမီးကိုဆုံးမတာဘဲ
ကိုယ်တိုင်မွေးထားတာကိုး ပြီးတော့ချစ်တယ်လေ
#ဟေဗြဲဩဝါဒစာ ၁၂:၆
“ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။
သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘ မဆုံးမသောသား တစ်စုံတစ်ယောက်ရှိသလော။
သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသောသားဖြစ်ကြ၏။“
သားအရင်းလား မရင်းလားသိချင်ရင် တော့ ကိုယ့်အသက်တာက ဆုံးမတော်မူခြင်းကိုမခံ၊ တရားတော်၌ မွေ့လျော်ခြင်းမရှိတဲ့ အခြေအနေမှာဆိုရင်တော့သတိသာထားတော့။ သို့သော်လည်း ဘုရား ကျွန်ုပ်တို့ကို ကမ္ဘာမတည်မှီ ရှေးမဆွကတည်းကရွေးချယ် ရွေးနှုတ်ထားတယ်။
#ဧဖက်ဩဝါဒစာ ၁:၄
“ဤကမ္ဘာမတည်မရှိမီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ။ ကောင်းကင်ဘုံနှင့် ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာ တို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှာ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။”
ယေရှုခရစ်တော်အားဖြင့်
သားအရာ၊ သမီးအရာကိုရတယ်။
ကျွန် မဟုတ်တော့ဘူး။
အမွေခံသား ဖြစ်ပြီ။
#ဂလာတိဩဝါဒစာ ၄:၇
“သို့ဖြစ်၍ သင်တို့သည် နောက်တစ်ဖန် အစေအပါး ကျွန် မဖြစ်၊
သားပင် ဖြစ်ကြ၏။
သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်း ဖြစ်ကြ၏။”
နောက်ပြီး
ဂတိတော်နဲ့ဆိုင်တဲ့သား ဂတိတော်သားလည်းဖြစ်သေးတယ် ဟာလေလုယာ!!!
#ဂလာတိဩဝါဒစာ ၄:၂၈
ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့ ကတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။
ဧဖက်ဩဝါဒစာ ၁:၇-၈
ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။
ယေရှုခရစ်တော်အားဖြင့် (သားတော်အားဖြင့်) ခံစားရတဲ့အရာတွေကအထွတ်အထိပ်ပဲ။
အပြစ်မှရွေးနှုတ်လွတ်ခြင်းခံရတယ် အသွေးတော်အားဖြင့်ဆေးကြောပြီး မိုးပွင့်ကဲ့သို့ဖြူးစေတယ်
သတ္တဝါသစ်ဖြစ်စေပြီး ခမည်းတော်နဲ့ရရန်ငြိမ်းစေပြီးမိဿ ဟာရဖွဲ့ရတယ်
အထူးသဖြင့်
ဂလာတိဩဝါဒစာ ၄:၆
“ထိုသို့သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။”
သားဖြစ်ရခြင်းအခွင့်နဲ့အတူ အဗ္ဗအဖ လို့ရင်းနှီးကျွမ်းဝင်စွာခေါ်တဲ့
သားတော်ရဲ့ဝိညာဉ်တော်ကို ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲကိုထည့်ပေးလိုက်တာပဲ။
ဟာလေလုယာ။
မေတ္တာဖြင့်
Iam