Skip to content

ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း

“သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​လုပ်​ဆောင်​မှု၊ မေတ္တာ​ဖြင့်​ကြိုး​ပမ်း​အား​ထုတ်​မှု​နှင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို မျှော်​လင့်​ခြင်း​အား​ဖြင့်​ဖြစ်​ပေါ်​သော​သည်း​ခံ​မှု​တို့​ကို ငါ​တို့​အ​ဖ​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အ​မြဲ​မ​ပြတ်​အောက်​မေ့​ကြ​၏။”
သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:3

၁) ယုံကြည်ခြင်းက အလုပ်ကို သီးပွင့်စေတယ် – ယေရှုခရစ်တော်အပေါ် ထားရှိတဲ့ စစ်မှန်သော ယုံကြည်ခြင်းက ကျွန်တော်တို့ အသက်တာကို ပြောင်းလဲစေပြီး ကောင်းသောအကျင့်ကို ကျင့်စေတယ်။
၂) မေတ္တာက ကြိုးစားအားထုတ်စေတယ် – ခရစ်တော်ရဲ့ မေတ္တာတော်ကို ခံစားသိနားလည်ခြင်းက ကြိုးစားအားထုတ်မှုကို ဖြစ်စေတယ် … အဖြစ်လုပ်တာမျိုး မဟုတ်တော့ဘူး ကြိုးစားအားထုတ်လျက် လုပ်ဆောင်တာမျိုး ဖြစ်လာတယ်။
၃) မျှော်လင့်ခြင်းက (သည်းခံခြင်း) တည်ကြည်ခြင်းကို သီးပွင့်စေတယ် … စိတ်ယိုင်လွယ်တဲ့ခေတ်ကြီးထဲမှာ တည်ကြည်သော အသက်တာရရှိဖို့အတွက် သခင်ယေရှုကို မျှော်လင့်ခြင်းအားဖြင့်သာ ဖြစ်နိုင်တယ် ..

ခရစ်တော်အားဖြင့်
ယုံကြည်ခြင်း
မျှော်လင့်ခြင်း
ချစ်ခြင်း ထိုတရားသုံးပါးအပေါ် မားမားမတ်မတ် ရပ်တည်နိုင်ကြဖို့ ဆုတောင်းပေးပါတယ်