Skip to content

လူတွေပြောနေကြစကားရှိပါတယ်
လောကကြီးက မေတ္တာတရားခေါင်းပါးလာပြီကွာ”။
ဟုတ်ပါတယ် ချစ်ခြင်းမေတ္တာခေါင်းပါးလာပါတယ်။ ငတ်ပါများတော့ အရသာဘယ်လိုရှိလည်းတောင်မသိကြတော့ပါဘူး။
ဒီလောကကြီးဟာ မေတ္တာကိုလိုအပ်ပါတယ်။ဆေးဆိုးမေတ္တာ၊ အပေါ်ယံမေတ္တာ၊ ကိုယ်ကျိုးရှာမေတ္တာ၊ ငတေမှာရင်ပြီးရောမေတ္တာ ဆိုတာတွေကပဲ တစ်ဦးပေါ်တစ်ဦးတင်ကျန်လျက် လောကကြီးကိုပြည့်နက်နေစေကြတုန်းပါပဲ

အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​မှ​တစ်​ပါး အ​ဘယ်​ကြွေး​မျှ မ​တင်​စေ​နှင့်။ သူ​တစ်​ပါး​ကို​ချစ်​သော​သူ​သည် အ​ကျင့်​တ​ရား​နှင့်​ပြည့်​စုံ​ပြီ။-”
(
‭‭ရောမဩဝါဒစာ ၁၃:၈)

မေတ္တာတရားလောကမှာခေါင်းပါးကောင်း ခေါင်းပါးနေပါလိမ့်မယ်။ သို့သော် ယုံကြည်သူခရစ်ယာန်အသက်တာမှာတော့ မခေါင်းပါးသင့်ပါ။
မေတ္တာတရားဟာ အကျင့်တရား(law)ရဲ့ပြည့်စုံရာဖြစ်ပါတယ်။ ပထမဦးစွာထာဝရဘုရားအားချစ်ခြင်း၊ ဒုတိယကိုယ်နှင့်စပ််ဆိုင်သောသူတို့အားချစ်ခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံးမှာအကြွေးမတင်ဘူးသူမရှိလောက်ဘူးလို့ထင်ပါတယ်။ အလုပ်နဲ့ပက်သက်တဲ့သူကလည်း အလုပ်နဲ့အလျောက်အကြွေး၊ ကျောင်းစာနဲ့ပက်သက်တဲ့သူကလည်း ကျောင်းစာနဲ့အလျောက်အကြွေး၊ မိသားစုအတွက် အချိန်ပေးဖို့အကြွေး၊ တချို့အတွက်ခက်ခဲဆုံး၊ တခါလေအရက်စက်ဆုံး ငွေကြေးဆိုင်ရာအကြွေး စတာတွေပေါ့။

အကြွေးတင်တာမကောင်းပေမယ့်
အကောင်းဆုံးသောအကြွေးတော့ရှိပါတယ်။

ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-”
(
‭‭ရှင်ယောဟန်ခရစ်ဝင် ၃:၁၆)

ဘုရားသခင်ဟာသူရဲ့ချစ်ခြင်းကို သားတော်အားဖြင့်ထင်ရှားစွာပြပါတယ်။ သူကျွန်တော်တို့အပေါ်မှာဘာအကြွေးမှတင်ကျန်မနေပါဘူး။ ကျွန်တော့်တို့ကသာ သခင့်ချစ်ခြင်းကို သိမှတ်တုန့်ပြန်ဖို့သာအကြွေးတင်လျက်ရှိနေကြတာပါ။ ထိုနည်းတူ ကိုယ်နှင့်စပ်ဆိုင်သောသူတို့ကိုလည်းပဲပေါ့။
အသက်တာမှာအမှန်တကယ်တင်ကျန်နေရစ်သင့်တဲ့ တစ်ခုတည်းသောအကြွေးဟာ “ချစ်ခြင်းမေတ္တာကြွေး”ပါပဲ
ဒီလိုဆိုတဲ့အခါ သူကငါ့အပေါ်ကောင်းလို့ ငါသူ့အပေါ်ပြန်ကောင်းမယ်လို့ဆိုခြင်းမဟုတ်ဘဲ ဘုရားသခင်သည် တပါးတည်းသောသားတော်ကို စွန့်သည့်တိုင်အောင် ချစ်သကဲ့သို့တပါးသူအပေါ်မေတ္တာထားဖို့ရာဖြစ်ပါတယ်။ တပါးသူဟာလည်း ထိုသက်စွန့်မေတ္တာကို ခံစားဖို့ရာဖြစ်ပါတယ်။

ကိုယ်တိုင်ကလည်း ပြန်မဆပ်နိုင်တဲ့အချစ်တွေကို ရရှိထာသောကြောင့်၊ တပါးသူဟာကိုယ့်အပေါ် ပြန်မဆပ်နိုင်အောင်လောက်ထိချစ်ပါ။ သခင့်မေတ္တာနှင့် များများချစ်ပေးပါ။ အဲ့အကြွေးပဲ တင်ပါ။

ငါ​တို့​သည် အ​ကျိုး​နည်း​ရှိ​စဉ်​တွင် အ​ချိန်​တန်​မှ ခ​ရစ်​တော်​သည် မ​တ​ရား​သော​သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ၏။ဖြောင့်​မတ်​သော​သူ​အ​တွက်​ကြောင့် အ​သေ​ခံ​မည့်​သူ​ရှိ​ခဲ၏။ သူ​တော်​ကောင်း​အ​တွက်​ကြောင့် အ​သေ​ခံ​ဝံ့​သော​သူ ရှိ​ကောင်း​ရှိ​လိမ့်​မည် မှန်​စေ​တော့။ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။-”
(
‭‭ရောမဩဝါဒစာ ၅:၈)

ချစ်​ခြင်း​မေ​တ္တာ​ရှိ​သော​သူ​သည် ကိုယ်​နှင့် စပ်​ဆိုင်​သော သူ၏​အ​ကျိုး​ကို မ​ဖျက်​ဆီး​တတ်။ ထို​ကြောင့်၊ ချစ်​ခြင်း​မေ​တ္တာ​သည် အ​ကျင့်​တ​ရား​ပြည့်​စုံ​ရာ ဖြစ်​သ​တည်း။”
(
‭‭ရောမဩဝါဒစာ ၁၃:၁၀)

တာဝန်အရ ချစ်ခြင်းမဟုတ်ဘဲနဲ့ မေတ္တာနဲ့ချစ်ဖို့ပါ။
ချစ်ခြင်းမေတ္တာသည် တာဝန်ယူတတ်ခြင်းသဘောတည်း။
ကားတိုင်သည်အကျဉ်းတန်သော်လည်း မေတ္တာသည်စစ်မှန်ထင်ရှားပေသည်။

မေတ္တာကြွေးတင်လျက်

#ThyLogos #TheBlessedDesk #TheBestThingToOwe #အကောင်းဆုံးသောအကြွေး