Skip to content

နား

တစ်ချို့က
နှုတ်ကပတ်တရားတော် နားထောင်တဲ့အခါ နားကို
“စွန့်” ကြတယ် … နား “စွင့်” ဖို့ကို နားမလည်ကြဘူး …

နားထူသူကထူလို့
နားယားသူက ယားနေကြတာများလား …

နားလည်ချင်တာပဲ နားလည်လို့
လူပါလည်နေတဲ့ ငလည်တွေနဲ့ …
တရားနာခြင်းအမှုမှာ နားကမ်းသူတွေ အတော်များလာတဲ့ခေတ်ထဲမှာ
ယောင်လည်လည် သွန်သင်ချက်တွေပေါ် နားခိုနေသူတွေကို နားမလည်နိုင်တော့ပြီ …”

သေချာတာက “နားရှိသောသူမည်သည်ကား ကြားပါစေ” ဆိုတာ အလကားပြောခဲ့တာ မဟုတ်မှန်း ကျွန်တော် နားလည်လာခဲ့ပေါ့။

#နားဦးမည်။