"သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။"
သခင်ယေရှုခရစ်တော်
ရှင်မဿဲခရစ်ဝင် (၁၈ : ၁၉)
ယေရှုခရစ်၏နောက်တော်သို့လိုက်ပါတယ်ဆိုတာကို အကောင်းဆုံးပြနိုင်တဲ့သက်သေဟာ ကျွန်တော်တို့ရဲ့အသက်ရှင်မှုပုံစံအားဖြင့်ပဲဖြစ်ပါတယ်။
အထူးသဖြင့် အရေးကြီးဆုံးကတော့ ကိုယ်ကျိုးမကြည့်ဘဲ အခြားသူတွေပေါ်မှာ ချစ်ခြင်းမေတ္တာကိုထင်ရှားပြသခြင်းပဲဖြစ်ပါတယ်။
“ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။-”
ရှင်မဿဲခရစ်ဝင် ၁၆:၂၄
“သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။”
ရှင်ယောဟန်ခရစ်ဝင် ၁၃:၃၅
ကိုယ့်ကိုကိုယ်မငြင်းပယ်ဘဲနဲ့တော့ သခင့်နောက်မလိုက်နိုင်ပါ။ ကိုယ့်ကိုကိုယ်မငြင်းပယ်ဘဲနဲ့တော့ တခြားသူအား ချစ်နိုင်မည်မဟုတ်ပါ။ တပည့်တော်စစ်တို့မည်သည် သခင့်အလိုတော်၊ သဘောတော်၊ စိတ်ဆန္ဒတို့နှင့်ရှိနေသင့်သည်။ ကိုယ့်ကားတိုင်ကို ချထားလျက် လိုက်၍မရပါ။ ထိုကားတိုင်သည် ယုံကြည်သောငါတို့၌ဘုရားသခင်၏တန်ခိုးဖြစ်ပါသည်။
“သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။- ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။”
ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀
သခင်ခရစ်တော်ကိုယ်တော်တိုင် မိန့်ကြားခဲ့သော မဟာစေခိုင်းချက်ဖြစ်ပါသည်။ “သွား” ချင်တဲ့နေရာသွား လို့ပြောနေခြင်းမဟုတ်ပါ။ “သွား” ပြီးသူ့ရဲ့တပည့်တော်ဖြစ်စေဖို့ စေလွှတ်နေတာဖြစ်ပါတယ်။ သခင့်ရဲ့တန်ခိုးအာဏာအားဖြင့်ဖြစ်ပါတယ်။
ကိုယ့်တပည့်တွေဖြစ်လာဖို့မဟုတ်ပါ။ သခင့်ရဲ့တပည့်တော်တွေဖြစ်လာဖို့ပါ။ သတိကြီးစွာထားလျက် လုပ်ဆောင်ဖို့လိုအပ်လှပါတယ်။
တပည့်တော်ဖြစ်ခြင်းသည် “ရက်ပိုင်းတက် လက်မှတ်ရသင်တန်း”မဟုတ်ပါ။
သင်ဟာ သခင်ခရစ်တော်၏နောက်တော်သို့လိုက်သောသူမှန်လျင် သင် “သွား၍လူမျိုးတကာတို့ကိုသခင့်တပည့်ဖြစ်စေပါ”။
“ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန်ကြ၏။- ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီပင့်၍၊ ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။-”
တမန်တော်ဝတ္ထု ၁၄:၂၁-၂၂
သခင်ခရစ်တော်ကိုယ်တော်တိုင် မိန့်ကြားခဲ့သော မဟာစေခိုင်းချက်ဖြစ်ပါသည်။ “သွား” ချင်တဲ့နေရာသွား လို့ပြောနေခြင်းမဟုတ်ပါ။ “သွား” ပြီးသူ့ရဲ့တပည့်တော်ဖြစ်စေဖို့ စေလွှတ်နေတာဖြစ်ပါတယ်။ သခင့်ရဲ့တန်ခိုးအာဏာအားဖြင့်ဖြစ်ပါတယ်။
ကိုယ့်တပည့်တွေဖြစ်လာဖို့မဟုတ်ပါ။
သခင့်ရဲ့တပည့်တော်တွေဖြစ်လာဖို့ပါ။
တပည့်တော်လို့ပြောတဲ့အခါ အမြဲတမ်းသာယာမည်တော့မထင်ပါနဲ့။ အမြဲသာယာချင်ရင်တော့ ခရစ်တော်နောက်လိုက်စရာမလိုပါဘူး။
ဒါကြောင့် အထက်ကကျမ်းပိုဒ်မှာ ရှင်ပေါလုဟာတပည့်တော်တွေကို ခွန်အားပေးသလိုပဲ တိုက်တွန်းချင်ပါတယ်။ သခင်ခရစ်တော်ကိုရရင် အရာခပ်သိမ်းကိုရပါတယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် သခင်ခရစ်တော်နောက်သို့လိုက်လျင်တော့ အရာခပ်သိမိးကိုစွန့်လွတ်တတ်ရပါမယ်။ စွန့်စားခိုင်းတာမဟုတ်ပါ။ အဖိုးအခကြီးတယ်ဆိုတာကိုနားလည်စေချင်ခြင်းသာ။
သစ္စာရှိသောတပည့်တော်တွေများစွာ မြင်တွေ့ရဖို့ ကိုယ်တိုင်လည်းသစ္စာရှိလျက် နောက်တော်သို့အစဉ်လိုက်ကာ သင်နှင့်ကျွန်ုပ်သွား၍လူမျိုးတကာတို့ကို သခင့်တပည့်တော်ဖြစ်စေခြင်းငှါ ဤမဟာစေခိုင်းချက်အား ဝမ်းမြောက်စွာအစေခံကြပါစို့။
ဆင်ခြင်ပြင်ဆင်လျက်
The Blessed Desk (ThyLogos)