Skip to content

ယုံကြည်သူတိုင်းရဲ့နေ့စဉ်အသက်ရှင်မှုမှာ ”အစွမ်းသတ္တိ”လိုအပ်ပါတယ်။
ဒါကြောင့်သခင်ဘုရားသည်ယုံကြည်သူများအား သူ့အဖို့အသက်ရှင်စေရန် လိုအပ်သော အစွမ်းသတ္တိခွန်အားများပေးခြင်းငှါ ကတိတော်ရှိပါတယ်။

“ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊ သံတမန်အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာကို ဖော်ပြခြင်းငှာ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်းအခွင့် ရှိမည်အကြောင်းကိုလည်းကောင်း၊ ထိုတရားကို ဟောပြောအပ်သည်နှင့်အညီ၊ ရဲရင့်စွာဟော ပြောမည်အကြောင်းကိုလည်းကောင်း၊ ငါ့အဖို့လည်း ဆုတောင်းကြလော့။ ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပတ္ထနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းခြင်းငှာ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဖို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။-”
‭‭ဧဖက်ဩဝါဒစာ ၆:၁၉-၂၀

ယုံကြည်သောသူတိုင်း ဆုတောင်းကြပါတယ်။ ဆုတောင်းသည့်အခါတိုင်းမှာလည်း “ရဲရင့်ခြင်း” ဖြင့်ကိုယ်တော့်အဖို့အလို့ငှါ အသက်ရှင်ရန်ဆုတောင်းလို့ရပါတယ်။ ခက်ခဲတဲ့အချိန်၊ ချည်နှောင်ခြင်းခံရချိန်မှာ အထူးသဖြင့် “ရဲ့ရင့်ခြင်းအစွမ်းသတ္တိ” ကိုဆုတောင်းပါ။ သခင်သည်မစပါလိမ့်မည်။

“တစ်ဖန်လည်း၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ၍ စိတ်ပျက်သောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ်လျှင် ထိုသူစိတ်ပျက်သကဲ့သို့ သူ၏အဖော်တို့သည် စိတ်ပျက်ကြလိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။”
‭‭တရားဟောရာကျမ်း ၂၀:၈

“သင့်ကြောင့်မီးမလောင်ပါစေနဲ့” လို့မီးဘေးအန္တရာယ် သတိပေးစာလိုဘဲ၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ယုံကြည်သူညီအစ်ကိုချင်းအား ကိုယ့်ရဲ့ကြောက်ရွံ့မှုဟာ သူ့ကိုလည်းကြောက်ရွံ့ခြင်းထဲ၌အသက်ရှင်မိသွားစေနိုင်တာကို အထူးသတိပြုဖို့လိုပါတယ်။
ဒါကြောင့်

“သင်တို့သည် သတိနှင့် စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိနှင့်တကွ ခွန်အားစုံလင်လျက် နေကြလော့။-”
‭‭ကောရိန္သုဩဝါဒစာပထမစောင် ၁၆:၁၃

“ခိုင်ခန့် ရဲရင့် အစွမ်းသတ္တိနှင့်ပြည့်သော ယုံကြည်သူများအဖြစ်ပြင်ဆင်ဆုတောင်းလျက်”
The Blessed Desk (ThyLogos)