“အတင်းပြောခြင်း”ဟာ ဆွဲဆောင်တတ်ပါတယ်။
ဒါပေမယ့်ထိုအရာဟာ ရင်းနှီးကျွမ်းဝင်မှုတွေ အသိုင်းအဝန်းတွေထဲမှာ တကယ့်ကိုဖျက်အားကြီးတဲ့ စွမ်းပကားဖြစ်ပါတယ်။
ဒါကြောင့် ပါဝင်ပက်သက်မမိစေဖို့ အထူးသတိထားသင့်ပါတယ်။
“ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက်သောသူမရှိလျှင် ရန်ငြိမ်းတတ်၏။”
သုတ္တံကျမ်း ၂၆:၂၀
အတင်းပြောခြင်းဟာ လူနှစ်ဦးကြားကတင်းမာမှုကို ရှည်ကြာစေပါတယ်။ အဲ့ဒီ့အတွက် ကိုယ့်ကိုကိုယ် “လောင်စာ” မဖြစ်စေပါနဲ့။
“လည်၍ စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သစ္စာစောင့်သောသူမူကား၊ ဝှက်ထားတတ်၏။”
သုတ္တံကျမ်း ၁၁:၁၃
အတင်းပြောခြင်းဟာ တစ်ဦးပေါ်တစ်ဦးထားရှိတဲ့ ယုံကြည်မှုကို ယိုယွင်းစေပါတယ်။ သစ္စာစောင့်ခြင်းအားဖြင့် ပြဿနာတွေကိုရှောင်ရှားပါ။
“ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဖွယ်စားဖွယ်ကဲ့သို့ ဖြစ်၍၊ ဝမ်းအတွင်းသို့ ဝင်တတ်၏။”
သုတ္တံကျမ်း ၂၆:၂၂
ကိုယ်ကြိုက်တဲ့အစားအသောက်၊ အရသာရှိတဲ့အစားအစာကိုမြင်တဲ့အခါ ဆွဲဆောင်သလိုဘဲ တင်းပြောခြင်းဟာ ပြောတဲ့အခိုက်အရသာရှိပါတယ်။ သို့သော်လည်း ခန္ဒာအတွက်အဟာရမရှိပါ။
ကိုယ်တိုင်လည်းမစားမိပါစေနဲ့ သူတပါးကမ်းလာလျင်လည်းမမျိုမိပါစေနှင့်။
“ထိုမှတစ်ပါး၊ တစ်အိမ်မှတစ်အိမ်သို့ လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြောအပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူ ဖြစ်တတ်ကြ၏။-”
တိမောသေဩဝါဒစာပထမစောင် ၅:၁၃
အတင်းပြောခြင်းဟာ ယုံကြည်သူခရစ်ယာန်အသိုက်အဝန်းထဲ၌မရှိသင့်ပါ။
ထိုအရာအစား တစ်ဦးနှင့်တစ်ဦး တိုက်တွန်းနိုးဆော်သွေးဆောင်သောစကားများ၊ သတိပေးစကားများ၊ စင်ကြယ်သောဩဝါဒများနှင့်သာ ရှိနေအပ်ပါသည်။
သတိခြပ်လျက်
The Blessed Desk (ThyLogos)