သာသနာလုပ်ငန်းတွင် ပြန်ဆန်းစစ်ရမည့်အချက်များ
သခင့်ဆီ မင်းမရောက်သရွေ့
မင်းကိုသခင်က စေလွှတ်နိုင်မှာမဟုတ်ဘူး။
ဘုရားသခင် စေလွှတ်တဲ့သူတိုင်း
သူ့ဆီကို အရင်ခေါ်တယ်
သာသနာဆိုတာ ကစားကွင်း မဟုတ်ဘူး
သန့်ရှင်းမြင့်မြတ်ရာ အရပ်……
အပြစ်တွေ ချွတ်ထားခဲ့ဖို့လိုတယ်
ဘုရားသခင်ရဲ့ မိန့်တော်စကားကို နာခံဖို့ဆိုတာ
သူ့ရဲ့တန်ခိုးတော် တစ်ခုတည်းကို တောင်းခံလို့ မရဘူး။
သခင့်ရဲ့လမ်းစဉ်အတိုင်းလည်း လိုက်လျှောက် နာခံရမယ်။