Skip to content

အမှုတော်ဆိုတာ

 
အမှုတော်ဆိုတာ

 

ထင်ရာစိုင်း လုပ်ဖို့မဟုတ်
သခင်စေရာ အတိုင်းပြုဖို့
အာဏာနဲ့ဝါသနာ အရလည်းမဟုတ်
ကရုဏာနှင့်စေတနာပါပါ ရင်းနှီးဖို့
ငါကွဆရာကြီးဆိုပြီး အာရွှီးဖို့မဟုတ်
လာကြအတူတကွ လုပ်ဆောင်တတ်ဖို့
ခန့်ညားတဲ့စင်ပေါ်မှာ ရှိနေဖို့ဘဲမဟုတ်
ခက်ခဲတဲ့စစ်မြေပြင်ပေါ်လည်း ရှိနေတတ်ဖို့
ကားကောင်းကောင်းရှိမှ သွားရတာလည်းမဟုတ်
သခင့်စကား သတင်းကောင်းနဲ့အထူးသဖြင့် သွားတတ်ဖို့
ကိုယ့်အဖို့ဆိုပြီး အမြတ်ရှာဖို့မဟုတ်
“မြတ်”လှပါတယ်ဆိုပြီး ကိုယ်အကျိုးစွန့်တတ်ဖို့
ကျွန်ုပ်အလိုရှိသည်အတိုင်း ဖြစ်ဖို့မဟုတ်
ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ဖို့