Skip to content

အခြေအနေတွေက ထင်သလောက်မကောင်းဘူး ဖြစ်နေလား?
အဆင်ပြေမှာပါလို့ ထင်ထားတာတွေက ပင်ပန်းနေစေပြီလား?
ကလေးဆုတောင်းသလို လိုချင်တာကိုတောင်းတိုင်းရတယ် ဆိုပြီးပျော်မနေပါနဲ့
တကယ် အစဉ်မပြတ် ဝမ်းမြောက်လျက်၊ မခြားမလပ်ဆုတောင်းပြီး အရာရာတိုင်းမှာချီးမွမ်းဖို့ ယေရှုခရစ်၌ဘုရားသခင် အလိုရှိတဲ့ Lifestyle မျိုးကလိုအပ်ပါတယ်

ငြိမ်သက်ခြင်းကို ဘယ်မှာရမလဲ?
ဘယ်မှာမှမရဘူး ကြိုက်တဲ့နေရာရှာ… မောသွားမယ်..ကြိုက်သလိုလုပ်..ပိုမောသွားမယ်
ငြိမ်သက်ခြင်းကို… ငြိမ်သက်ခြင်းအရှင် ဘဲပေးပါတယ်
အခု အဆင်မပြေဘူးမဟုတ်လား?
ဝန်ခံလိုက်..ဘာလို့လဲဆိုတော့ …အဆင်မပြေတာကိုသိရဲ့သားနဲ့ဝန်မခံဘဲ..အဆင်ပြေပါတယ်ဆိုပြီး.. အပေါင်းလက္ခဏာပြချင်မနေနဲ့
အလကားမရှိတာကြီးကိုရှိအောင်လုပ်နေတာပင်ပန်းတယ်
အဆင်မပြေဘူး နေလို့မကောင်းဘူး စိတ်ဆင်းရဲတယ် စသည်ဖြင့်ပေါ့ ရှိရင် ဝန်ခံလိုက် ပြောပြလိုက် (facebook ပေါ်မှာမဟုတ်ဘူးနော်) ငြိမ်သက်ခြင်းအရှင်ထံပြောပါ

ထိုငြိမ်သက်ခြင်းအရှင်ရဲ့ငြိမ်သက်ခြင်းအုပ်စိုးပြီးဆိုရင် ထပ်ဝန်ခံပါ
အဆင်ပြေတယ် နေလို့ကောင်းတယ် စိတ်ချမ်းသာတယ်
ကိုယ်တော်ကိုအမှီပြုလျက် နှုတ်ကပတ်တော်၌ဝါကြွားပါ
ဆိုလိုချင်တာက “ဝ” မရှိဘဲ “ဝိ”မလုပ်စေချင်တာ
ထိုသခင်၏ငြိမ်သက်ခြင်း၌
အစဉ်မပြတ်ဝမ်းမြောက်
မခြားမလပ်ဆုတောင်း
အရာရာကျေးဇူးတော်ကိုချီးမွမ်းလိုက်ပါ မိတ်ဆွေ

သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့်တော်မူ၏။
-သမ္မာကျမ်းစာ

ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။
-သမ္မာကျမ်းစာ

ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။
-သမ္မာကျမ်းစာ

ငြိမ်သက်ခြင်း၏အရှင်၊ ဘုရားသခင်သည် သင်တို့ရှိသမျှနှင့်အတူ တည်နေတော် မူပါစေသော။ အာမင်။
-သမ္မာကျမ်းစာ


မေတ္တာဖြင့်
The Blessed Desk
#ငြိမ်သက်ခြင်း #အသက်ရှင်ခြင်း #ဝဝိ #ဝမ်းမြောက်_ဆုတောင်း_ချီးမွမ်း