Skip to content

ခံစားမှုနဲ့လူတိုင်းက နေ့ရက်တိုင်းကိုဖြတ်သန်းနေကြတယ်
လှုပ်ရှားမှုတခုစီတိုင်းဟာလည်း စိတ်ခံစားမှုရဲ့ထိန်းချုပ်မှုမှာသွားနေကြတယ်
လောကီဆန်ဆန်အစွဲတွေဟာလည်းပါလာတယ်
အထူးသဖြင့် ဘုရားနဲ့အသက်ရှင်ခြင်း ဆိုတဲ့ ရင်းနှီးကျွမ်းဝင်မှု(Relationship) မှာ စိတ်ခံစားချက်တွေပါလာပြီဆိုရင် သွားပါလေရောဘဲ
အလိုတော်ကိုမမြင်တော့ဘဲ ကြားလာ ကြားခဲ့တဲ့ အရာတခုလေးကိုဘဲ စိတ်ခံစားချက်ဆိုတဲ့သေတ္တာထဲမှာ သော့ခတ်သိမ်းဆည်းခံယူလိုက်သူတွေများစွာပါဘဲ

ယေရမိအနာဂတ္တိကျမ်း ၁၉:၉
စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။

သုတ္တံကျမ်း ၄:၂၃
နှလုံးသည် အသက်၏အခြေအမြစ် ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။

ခံစားချက်တွေ ခံစားမှုတွေတချို့ဟာ ကျွန်တော်တို့ရဲ့နှလုံးကိုထိခိုက်စေပါတယ်
အားလုံးလည်းကြားဖူးမှာပါ “ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါသည်” အဲ့လိုဘဲ
“စိတ်ခံစားမှု/ချက် များဖြင့်အသက်ရှင်ခြင်းသည် အသက်၏အခြေအမြစ် နှလုံးကိုဆိုးရွားစွာထိခိုက်စေပါသည်”

စိတ်နှလုံးက နဂိုကတည်းကရိုရွင်းပြီး စဉ်းလဲပါတယ်ဆိုမှ မစောင့်ရှောက်ဘဲ စိတ်ခံစားမှုတွေကို ပြွတ်သိပ်အောင်ထည့်ပေးလိုက်တော့ ပိုဆိုးတာပေါ့

အဲ့ဒီနှလုံးသားမျိုးဟာ ဘုရားကိုဒီနေ့ချစ်တယ် ဒီနေ့ကိုးကွယ်ပြီး
နောက်နေ့မေ့လျော့ နောက်နေ့မချီးမွမ်းတဲ့အသက်တာမျိုးပါ

ဒါကြောင့်
ယေဇကျေလအနာဂတ္တိကျမ်း ၁၁:၁၉-၂၀
ငါသည်လည်း၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍၊ အသားနှလုံးကို ပေးသောကြောင့်၊
သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရားလမ်းသို့ လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူ ဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။

ယေဇကျေလအနာဂတ္တိကျမ်း ၃၆:၂၆-၂၇
စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်း။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသားနှလုံးကို ပေးမည်။
ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍၊ ငါစီရင် တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။

ကျောက်နှလုံးသားကြီးကိုစောင့်ရှောက်နေရင် ပိုမာလာဖို့ဘဲရှိတယ်
ပိုမာလာတော့ ဘုရားကိုကိုးကွယ်ခြင်းဟာလည်း မာကျောနေမှာဘဲ
ဘုရားရဲ့မကုန်ခမ်းတဲ့ကရုဏာတော်ကြောင့် သဘောသစ် အသားနှလုံးသားသစ်ကိုရထားသူတွေဘဲ စိတ်ခံစားမှုနဲ့မကိုးကွယ်ပါနဲ့ အလကားပင်ပန်းတယ်

ယောလမှာဘာပြောလဲဆိုတော့
ယောလ ၂:၁၃
အဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာ ကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သော သဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သော သဘောရှိတော်မူ၏။

ဒါကြောင့် ဘုရားနဲ့ဆက်သွယ် ကိုးကွယ်တိုင်း
စိတ်ခံစားမှု/ချက် ကိုဘဲဖော်ပြတဲ့ အဝတ်ကိုဘဲဆုတ်ဆုတ်မလာပါနဲ့
အဲ့ဒါကိုဘဲဆုတ်ပြမနေပါနဲ့
နှလုံးကိုဆုတ်လာပါ
ဒါဟာ ဘုရားကိုလိုချင်တဲ့သဘောဘဲ
ဘုရားကိုဘဲ ဘုရား၌ဘဲ ဘုရားရဲ့သဘောအတိုင်းဘဲ အသက်ရှင်ခြင်း ကိုဖွင့်လစ်ပြခြင်းပါ

ခံစားမှုတွေကိုသင်ဖယ်လို့ရမှာမဟုတ်ဘူး ဒါပေမဲ့ ဒီစိတ်ခံစားမှုတွေကနေကျော်လွန်ပြီး ဘုရားနဲ့စစ်မှန်တဲ့ရင်းနှီးကျွမ်းဝင်မှုကိုတော့ သင့်အတွက် ဘုရားကပြင်ဆင်ထားပြီးသားပါ
သင့်ဘက်က “ဆုတ်” လာမယ့်အရာဘဲအရေးကြီးတယ် မိတ်ဆွေ!

မေတ္တာဖြင့်
The Blessed Desk

#ဆုတ်လျက်နှလုံးအား #storybehindthesong #သက်သေခံချက်