Skip to content

သန့်ရှင်းသော ဝိညာဉ်တော်

အားလုံးဘဲ Happy Sunday ပါ
ဒီနေ့က တနင်္ဂနွေ နေ့ဆိုတော့ အားလုံးလည်း မိသားစုကိုယ်စီနဲ့ ဘုရားကျောင်းတက်ပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ချင်နေကြမယ်လို့ ယုံကြည်ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ဘုရားကျောင်းသို့ တက်ပြီး အရင်လို ဝတ်ပြုကိုးကွယ်ရန် မဖြစ်နိုင်သော်ငြားလည်း သိပ္ပံနဲ့နည်းပညာအားဖြင့် ‌ဒေသန္တရဆိုင်ရာ ခရစ်ယာန်အသင်းတော်များ အသီးသီးမှ Online Worship Service များနဲ့ ကိုးကွယ်ခွင့်ရတာကလည်း ကျေးဇူးတော်ပါပဲနော်။ ဒါပေမဲ့ ဒီ Online Worship နဲ့ပဲ ဝမ်းသာမနေဘဲ ဘုရားဝတ်၌ အရင်လိုပဲ မွေ့လျော်ဖို့ရန် မေတ္တာဖြင့် နှိမ့်ချစွာ တိုက်တွန်းပါရစေ။

ဒီမနက် နှုတ်ကပတ်တော်တစ်ပိုဒ်အားဖြင့် ခွန်အားပေးချင်ပါတယ်

ရှင်မာကုခရစ်ဝင် ၃:၂၉
သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။
ရုတ်တရက်ကြီးဆို လူတွေကလန့်သွားတယ်…
“ဟာ … သခင်ယေရှုကိုယုံကြည်ရင် အပြစ်ကနေလွတ်ပြီဆို”
“ဒါကဘယ်လိုဖြစ်ရတာလဲ” …..

မှန်ပါတယ်။ သခင်ယေရှုကိုယုံကြည်ရင်အပြစ်ကနေလွတ်ပါတယ်။ ဧကန်အမှန်လွတ်ပါတယ်..
ဒါပေမဲ့ ဒါကဘယ်လိုဖြစ်ရသလဲဆိုတော့…
သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်းဖြစ်တယ်။ အဲဒီပြစ်မှားခြင်းက ထာဝရအပြစ် ဖြစ်တယ်။ Eternal Sin ပေါ့။

ဒီနေ့ကျွန်တော်တို့ရဲ့အသက်ရှင်မှုတွေက ယေရှုခရစ်တော်နဲ့ကိုယ်တော်ရဲ့လုပ်ဆောင်မှုတွေကို မယုံကြည် တဲ့ဖာရိရှဲတွေလိုဖြစ်နေသလား… ကဲ့ရဲ့နေသလား… ပြန်ဆန်းစစ်ကြည့်ရအောင်..
အံ့သြဖွယ်အမှုကို ကိုယ်တော်တပါးတည်းပဲ လုပ်ဆောင်တယ်..
သင့်အသက်တာ ပြောင်းလဲခြင်း ဆိုတာလည်း ဘုရားလုပ်တဲ့ အံ့သြဖွယ်အမှုပဲ ဖြစ်တယ်.. ကောင်းကင်အောက် မြေကြီးပေါ်လူတို့တွင် ကယ်တင်နိုင်သောနာမက ယေရှုခရစ်တော်ရဲ့နာမတစ်ပါးတည်းပဲဖြစ်လို့ပါ…

ပါးစပ်ကနေပဲ ပြောင်းလဲပါပြီ၊ ကယ်တင်ခြင်းကိုခံရပါပြီ ဆိုပြီး
ကျမ်းတတ်ဖာရိရှဲတွေလို နောင်တနဲ့ဆိုင်တဲ့အကျင့်မရှိ ကျင့်လည်းမကျင့်ဘဲ ကိုယ့်ရဲ့နေ့စဉ်အသက်ရှင်မှုမှာ တံဆိတ်ခတ်တော်မှုသောကျွန်ုပ်တို့ရဲ့ စားရန်ဖြစ်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားပြီး သူရဲ့အရှိန်ကိုလျော့ငြိမ်းအောင်လုပ်နေလား..

သန်ရှင်းသောဝိညာဉ်တော်ဟာ သခင်ယေရှုရဲ့အခွင့်နဲ့ ဘုရားကကျွန်တော်တို့အပေါ်မှာသွန်းလောင်းတဲ့ သူ့ရဲ့ ထာဝရမျက်မှောက်တော် (Permanent Presence) ပါ…
စဉ်းစားကြည့်ရအောင် ..
ထာဝရမျက်မှောက်တော် (Permanent Presence) ကို ပြစ်မှားရင် ဘာရမလဲ။ ထာဝရပြစ်ဒဏ်ပေးခြင်း (Permanent Punishment) ပေါ့ 😱
အဲ့ဒါကြောင့်လည်းခရစ်တော်ကိုယ်တော်တိုင်မိန့်ခဲ့တာပဲလေ
“ထာဝရအပြစ်ဒါဏ်” တဲ့
သန်ရှင်းသောဝိညာဉ်တော်ဟာ သမ္မာတရားနဲ့ပြည့်စုံတယ်
ဥပဇ္စျာယ် ဆရာ Helper ဆိုတဲ့ ကူညီဖေးမ မစ တဲ့သူဖြစ်တယ်
အဲ့ဒါကြောင့်လည်း ဧဖက်ဩဝါဒထဲမှာ ဝိညာဉ်တော်နဲ့ဖြည့်ခိုင်းတယ်
တနည်းအားဖြင့် သမ္မာတရားကိုဖြည့်ခိုင်းတာပေါ့
သင်သမ္မာတရားတိုင်း အသက်မရှင်တတ်ဘူးလို့ခံစားနေရရင်
Permanent Presence ဖြစ်တဲ့၊ သမ္မာတရားနဲ့ပြည့်စုံတဲ့ ကူညီစောင်မပေးသူ (Helper) သန့်ရှင်းသောဝိညာဉ်‌ေတာ် ရှိပါတယ်။ သင့်ကိုကူညီဖေးမ မစမှာပါ၊ သင့်ကိုပစ်မသွားပါဘူး၊ ပစ်မထားပါဘူး…
အရေးကြီးတာက သင်ကမပြစ်မှားဖို့ပါပဲ 😉

ထာာဝရဘုရား၏နာမတော်သည်ကမ္ဘာအဆက်ဆက် မင်္ဂလာရှိပါ၏။
God bless 😍

Welcome His Permanent Presence NOW!!! And be transformed.

#RealTalk #သန့်ရှင်းသောဝိညာဉ်တော် #ပြစ်မှားခြင်းရှိနေ #ထာဝရပြစ်ဒါဏ် #ဖြည့်ပါ #သမ္မာတရား #TheBlessedDesk #ThyLogos #λόγος