Skip to content

ထိုအခါမာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေရမည်အကြောင်း၊ ဝိညာဉ်တော်သည်ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊
ယေရှုသည် အရက်လေးဆယ်ပတ်လုံးအစာအဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်း သို့ ရောက်တော်မူ၏။
ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကိုမုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။

စာတန်မမြောက်ပါ မခြောက်ပါ
စုံစမ်းသွေးဆောင်တာပါ

အပြစ်သွေးဆောင်ခြင်းကိုခံရသောသူမည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင် တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသော အရာ သည်ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။
မိမိတပ်မက်သော စိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်း သို့ ရောက်တတ်၏။
တပ်မက်သော စိတ်သည် ပဋိသန္ဓေ ယူ၍ ဒုစရိုက် ကိုဘွားတတ်၏။ ဒုစရိုက်သည်လည်းပြည့်စုံလျှင် သေခြင်းကိုဘွားတတ်၏။

#မြင်သမျှကိုအရင်စစ်ဆေးပါ #နားထောင်ကောင်းတိုင်း_သမ္မာတရားမဟုတ်