Skip to content

ဖြည်း​ညင်း​သော စ​ကား​သည် စိတ်​ကို​ဖြေ​တတ်၏။ ကြမ်း​တမ်း​သော​စ​ကား​မူ​ကား၊ အ​မျက်​ကို နှိုး​ဆော်​တတ်၏။
ပ​ညာ​ရှိ​သော​သူ၏​လျှာ​သည် ပ​ညာ​အ​တတ်​ကို တင့်​တယ်​စေ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​သော​အ​ရာ​ကို သွန်း​လောင်း​တတ်၏။
ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ခပ်​သိမ်း​သော​အ​ရပ်၌​ရှိ၍၊ ကောင်း​မ​ကောင်း​ကို ကြည့်​ရှု​တော်​မူ၏။
ဖြည်း​ညင်း​သော​လျှာ​သည် အ​သက်​ဖြစ်၏။ ကြမ်း​တမ်း​သော​လျှာ​မူ​ကား စိတ်​နာ​စေ​တတ်၏။
မိုက်​သော​သူ​သည် အ​ဘ​သွန်​သင်​ခြင်း​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ သ​မ္မာ​သ​တိ​နှင့်​ပြည့်​စုံ​တတ်၏။
ဖြောင့်​မတ်​သော​သူ၏​အိမ်၌ များ​စွာ​သော စည်း​စိမ်​ရှိ၏။ မ​တ​ရား​သော​သူ​ခံ​ရ​သော​အ​ခွန်​မူ​ကား၊ များ​စွာ​သော နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၏။
ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ပ​ညာ​အ​တတ်​ကို စွန့်​ကြဲ​တတ်၏။ မိုက်​သော​သူ၏ နှ​လုံး​မူ​ကား ပ​ညာ​မ​ရှိ။
မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။
မ​တ​ရား​သော​သူ​လိုက်​သော​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​သို့ လိုက်​သော​သူ​ကို​ကား ချစ်​တော်​မူ၏။
သုတ္တံကျမ်း ၁၅:၁-၉

တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး​စ​ကား​ကို ရှောင်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​စ​ကား​သည် မ​တ​ရား​သော အ​မှု​တို့​ကို ပွား​များ​စေ​လိမ့်​မည်။-
တိမောသေဩဝါဒစာဒုတယစောင် ၂:၁၆

ညစ်​ညူး​သော စ​ကား​တစ်​ခွန်း​ကို​မျှ သင်​တို့​နှုတ်​ထဲ​က မ​ထွက်​စေ​နှင့်။ ကြား​နာ​သော သူ​တို့၏​အ​ကျိုး​ကို ပြု​စု​စေ​ခြင်း​ငှာ၊ တည်​ဆောက်​စ​ရာ​ဖို့ ကောင်း​သော​စ​ကား​ကို​သာ သုံး​ဆောင်​ကြ​လော့။- ရွေး​နုတ်​ခြင်း နေ့​ရက်​တိုင်​အောင် သင်​တို့​ကို တံ​ဆိပ်​ခတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို စိတ်​မ​နာ​စေ​ကြ​နှင့်။- ခပ်​သိမ်း​သော စိတ်​တို​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငေါ်​ခြင်း၊ သူ့​အ​သ​ရေ ပျက်​အောင်​ပြော​ဆို​ခြင်း တို့​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော မ​နာ​လို​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​မှ ပယ်​ရှား​ကြ​လော့။- အ​ချင်း​ချင်း ကျေး​ဇူး​ပြု​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကြောင့် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ချင်း​ချင်း အ​ပြစ်​လွှတ်​ခြင်း ရှိ​ကြ​လော့။

ဧဖက်ဩဝါဒစာ ၄:၂၉-၃၂

#အမုန်းစကားပယ်ရှား #ဘုရားဘုန်းထင်ရှား