Skip to content

စာရေးသူ ငယ်ငယ်တုန်းကတည်းက ဆယ်ဘို့တစ်ဘို့ပေးတဲ့ ခရစ်ယာန် မိသားစုက ကြီးပင်းလာတဲ့သူပါ။ အဲဒီအချိန်တုန်းက ခရစ်ယာန်ကြားမှာ ဆယ်ဘို့တစ်ဘို့နဲ့ ဘာပြသာနာမှ မကြားမိခဲ့ပါဘူး။ အားလုံးက သာသနာအတွက် ဆယ်ဘို့တစ်ဘို့ ပေးရမယ်ဆိုတာကို သံသယကင်းစွာ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ ခေတ်မှာ ဆယ်ဘို့တစ်ဘို့ပေးစရာ မလိုဘူးလို့ ဟောတဲ့သူများလာသလို၊ ဆယ်ဘို့တစ်ဘို့ထက်ကို ပိုပေးရမယ် ဆိုပြီးလည်း သွန်သင်လာကြပါတယ်။ တစ်ချို့ကလည်း မပေးရင် ဆင်းရဲမယ်၊ အမင်္ဂလာ ခံစားရမယ် စသည်ဖြင့် သွန်သင်လာကြတော့ အချင်းချင်း အမြင်တွေ ကွဲလာကြပြီး ယုံကြည်သူများမှာလည်း ဘယ်သူ့စကားယုံကြည်ရမှန်း မသိအောင် ဇဝေဇဝါတွေ ဖြစ်လာကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီစာကိုသေချာ အဆုံးထိဖတ်ပြီး အမှားမှန်ကို ဝေဖန်ပိုင်းခြားစေချင်ပါတယ်။ အဓိကပြောချင်တာက နောက်ဆုံး ဘယ်သူက ဘယ်လိုဟောပြီး ဘယ်လိုပြောလည်း ဆိုတာထက် နှုတ်ကပတ်တော်(Holy Bible) က ဘာပြောလည်းဆိုတာကို လေ့လာသုံးသပ်ပြီး ယုံကြည်စေချင်ပါတယ်။ ပြီးတော့ အသင်းတော် သမိုင်းမှာ ယုံကြည်သူများက ဘယ်လိုလိုက်နာ ကျင့်သုံးကြလည်းဆိုတာကို လေ့လာသုံးသပ်ပြီး လိုက်နာစေချင်ပါတယ်။ ဒီစာကို ရေးသားဖို့ တိုက်တွန်းလာကြတဲ့ ယုံကြည်သူများနှင့် အမှုတော်ဆောင်များလည်း သံသယကင်းစွာ ဘုရားနိုင်ငံတော်တွက် ဆက်ကပ်ပေးလှူကြပြီး အခြားသူများကိုလည်း ပေးလှူကြဖို့ တိုက်တွန်းနိုင်ပါစေလို့ မေတ္တာပို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

၁။ ဆယ်ဘို့တစ်ဘို့ သမိုင်းအစ (ဓမ္မဟောင်းကျမ်း)

ဆယ်ဘို့တစ်ဘို့ ဆိုတဲ့စကားလုံးက ဟေဗြဲစကားလုံး ဖြစ်တဲ့ מַעֲשֵׂר (mah-as-ayr’) ကလာပြီး အဓိပ္ပာယ်ကတော့ ပေးလှခြင်းဖြစ်ပါတယ်။ ရရှိလာတဲ့ ဝင်ငွေစုစုပေါင်းမှ ဆယ်ရာခိုင်နှုန်းကို ဘုရားသခင်အား သစ္စာရှိကြောင်း ပြသဖို့ ပေးလှကြခြင်းဖြစ်ပါတယ်။ ဒါကို ဂရိလို δεκάτη(dekate) လိုဘာသာပြန်ပြီး ဓမ္မသစ်မှာ () ကြိမ် တွေ့ရပါတယ်။ ကျမ်းစာ(Bible) တစ်အုပ်လုံးမှာ (၃၆) ကြိမ်တွေ့ရပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီးတော့ အကြိမ်ပေါင်း (၈၀၀) ကျော် ကျမ်းစာမှာ သွန်သင်ထားပြီး (၃၆) ကြိမ်က ဘုရားကို ပေးရတဲ့ ဆယ်ဘို့တစ်ဘို့ပါ။ ဒါကို အရေးမကြီးပါဘူးလို့ ခံယူမိရင်တော့ စာရေးသူ အမြင်ကတော့ ကျမ်းစာ မယုံကြည်ဖို့ပဲရှိပါတယ်။

ပထမဦးဆုံး ဆယ်ဘို့တစ်ဘို့ အကြောင်းကို ကမ္ဘာဦးကျမ်း ၁၄ မှာ စတင်တွေ့ရှိပါတယ်။ အာဗြံဟံက သောဒုံနှင့် ဂေါမောရမြို့ကိုစစ်တိုက်ခဲ့ပြီး ရန်သူတွေကို ပြန်လိုက်သွားပြီး အောင်မြင်မှုရရှိတဲ့အခါ ဝမ်းသာလို့ ဘုရားသခင်အပေါ် ကျေးဇူးတင်တဲ့အနေဖြင့်ပြန်လည် သိမ်းပိုက်တဲ့ ဥစ္စာများထဲကနေ ဆယ်ဘို့တစ်ဘို့ကို ဘုရားသခင်ရဲ့ ယဇ်ပုရောဟတ် မေလခိဇေဒက်ကို ပေးလှူခဲ့တာ တွေ့ရပါတယ်။ ကမ္ဘာဦးကျမ်း ၂၈ မှာ ယာကုပ်က သူ့ရဲ့အစ်ကိုဖြစ်တဲ့ ဧသော ရန်ကိုကြောက်တဲ့အတွက် ဦးလေး လာဗန် ဆီထွက်ပြေးသွားခဲ့ပြီးနောက် မွေးရပ်ဌာနေပြည် ပြန်လာဖို့ လိုအပ်တဲ့အတွက် ပြန်သွားတဲ့အခါအစ်ကို ဧသောက ရန်မပြုပဲ ကောင်းမွန်စွာ ခွင့်လွတ်လက်ခံရင် သူပိုင်ဆိုင်သမျှထဲက ဆယ်ဘို့တစ်ဘို့ ပေးလှူမယ်လို့ ဘုရားသခင်ဆီ ကတိပြုဆုတောင်းခဲ့တာဖြစ်ပါတယ်။ အာဗြံဟံနဲ့ ယာကုပ်က ဘယ်ကနေဘယ်လို ဆယ်ဘို့တစ်ဘို့ ပေးဖို့ စိတ်ကူးရလာတာလည်းဆိုတာ စဉ်းစားစရာပါ။ တစ်ချို့က ပတ်ဝန်းကျင်က ယဉ်ကျေးမှုကလာတာဆိုပြီး ပြောတတ်ကြပါတယ်။ ဒါပေမယ့် ကျမ်းစာမှာတော့ ဘုရားက အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကိုနားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း ဟုမိန့်တော်မူ၏။

(ကမ္ဘာဦးကျမ်း ၂၆ : ) လို့ ဆိုထားပါတယ်။

ဒါကြောင့် ဘုရားသခင်က မောရှေခေတ်ရောက်လာတဲ့အခါမှာတော့ ဣသရေလ လူမျိုးများအားလုံး အိမ်မွေးတရိစ္ဆာန်များမှစ၍ ဆယ်ဘို့တစ်ဘို့ကိုပေးဆောင်စေခဲ့ပါတယ်။ ဗိမာန်တော်နှင့် ဝေးကွာတဲ့နေရာမှာ နေထိုင်သူတွေအတွက် သယ်ဆောင်လာဖို့ခက်ခဲရင် ငွေသား တန်ဖိုးဖြင့်လည်း ပေးလှူစေ ခဲ့တာတွေ့ရပါတယ်။ ငွေကြေးပမာဏနှင့် ပေးလှူရင် အဖိုးအရင်းရဲ့ ငါးဘို့တစ်ဘို့ ထပ်ဆင့်ပေးလှူစေပါတယ် (ဝတ်၂၇:၃၀ ၊ တရား ၁၄:၂၂) လက်ခံရရှိသူများကတော့ လေဝိလူတို့ကို လက်ခံစေခဲ့ပါတယ်။ သူတို့ဟာ လူတို့ ဝတ်ပြုကိုးကွယ်ရန် မိမိတို့ရဲ့အချိန်တွေကို အသုံးပြုရတဲ့တွက်အခြား အသက်မွေးဝမ်းကျောင်းပြုရန် သူတို့မှာအချိန်မရှိတော့တဲ့အတွက်ကြောင့်လည်း ဖြစ်သလို ခါနာန်ပြည်မှာ သူတို့မျိုးနွယ်စုပိုင် နယ်မြေမရှိခြင်းကြောင့် လည်းဖြစ်ပါတယ်။ (တော ၁၈:၂၁၂၄) လေဝိလူတို့ရရှိသော ဆယ်ဘို့တစ်ဘို့တွေထဲမှ ဆယ်ဘို့တစ်ဘို့ကို ယဇ်ပုရောဟိတ်တွေအဖို့ ပြန်၍ခွဲဝေသုံးစွဲ စေခဲ့ပါတယ်။

ဓမ္မဟောင်းကျမ်းမှာ ဆယ်ဘို့တစ်ဘို့ပေးခြင်းကို ဘုရားသခင်က သတ်မှတ်ထားတဲ့ စံတစ်ခုအဖြစ် ရှင်းလင်းစွာတွေ့ရပါတယ်။ မာလခိ ၃ : ၁၂ မှာတော့ ဆယ်ဘို့တစ်ဘို့အကြောင်း () မျိုးဖြင့် သွန်သင်ထားပါတယ်။ ပထမက ဆယ်ဘို့တစ်ဘို့ လုံးဝမပေးရင် ဘုရား ဥစ္စခိုးယူခြင်းဖြစ်တယ်လို့ ဘုရားကိုယ်တိုင် သတ်မှတ်ထားပါတယ်။ ဒုတိယက ဆယ်ဘို့တစ်ဘို့ပေးခြင်းဖြင့် ကောင်းကြီးမင်္ဂလာ ခံစားမည့် အကြောင်းကို ဘုရားကိုယ်တိုင် စုံစမ်းစေခိုင်းပါတယ်။ တတိယက ဆယ်ဘို့တစ်ဘို့ ပေးလှူခြင်းဖြင့် လူမျိုးအပေါင်း တို့က သင်တို့ကို မင်္ဂလာရှိသောသူဟု ခေါ်ဝေါကြလိမ့်မယ်လို့ ဘုရာကိုယ်တိုင် ဂတိတော် ပေးထားကြောင်း တွေ့ရပါတယ်။ ဆယ်ဘို့တစ်ဘို့ပေးခြင်းဖြင့် သင်တို့ပြည်ကိုလည်း နှစ်သက်ဘွယ်သော ပြည်ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက မိန့်တော်မူခဲ့ပါတယ်။ ဒါကြောင့် ဓမ္မဟောင်းအရ အခွန်ပေးဆောင်သလို မဟုတ်ပဲ ဆယ်ဘို့တစ်ဘို့ပေးလှူခြင်းက၊ ဘုရားသခင်ဟာ လူသားများအရေးများကို အုပ်စိုးထိန်းချုပ်နေသောအရှင်နှင့် ဆုကျေးဇူးကောင်းကြီး မင်္ဂလာအလုံးစုံကို ပေးပိုင်သူ ဖြစ်ကြောင်းကို အသိအမှတ်ပြုရာ ရောက်စေသလို ဘုရားသခင်ကို သစ္စာရှိခြင်းအဖြစ် သတ်မှတ်ယုံကြည်လိုက်နာကျင့်သုံးခဲ့ကြပါတယ်။

ဆယ်ဘို့တစ်ဘို့ ပေးလှူခြင်းက အရာအားလုံးကို ပိုင်သအုပ်စိုးတဲ့ ဘုရားကို သိခြင်း၊ သစ္စာရှိခြင်းဖြစ်လို့ ဘုရားသခင်ရဲ့စိတ်တော်ထဲမှာ အလွန်ကျေနပ်နှစ်သက်တဲ့ သဘောရှိကြောင်း သိရှိပါတယ်။ ဒါကြောင့်မို့ မောရှေခေတ်မှာတော့ သရေလ လူမျိုးတွေအနေဖြင့် ဆယ်ဘို့တစ်ဘို့ကို ပေးလှူဖို့ ပညတ်စေခဲ့ခြင်း ဖြစ်ပါတယ်။ ကျမ်းပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ ဣသရေလ လူမျိုးများက ဆယ်ဘို့တစ်ဘို့ထက် ကျော်လွန်ပြီး () လ သို့မဟုတ် () နှစ်မှာ ရလာတဲ့ အသီးနှံများနဲ့ ငွေကြေးအားလုံးပေါင်း (၂၂) ရာခိုင်နှုန်းကျော်ကို ဗိာန်တော်ကို ပေးလှူကြပါတယ်။ ဒီနေ့ခေတ် ဂျုးလူမျိုးများက ဝင်ငွေစုစုပေါင်း (၃၃) ရာခိုင်နှုန်းကို ဗိာန်တော်ကို ပေးလှူကြကြောင်း လေ့လာတွေ့ ရှိရပါတယ်။ ဓမ္မဟောင်းကျမ်း ပညာရှင်တစ်ဦးဖြစ်တဲ့ Dr.John D. Currid ( Ph.D, University of Chicago) က ဓမ္မဟောင်းက ဘုရားသားသမီးများက ဆယ်ဘို့တစ်ဘို့ကို ဘဝနေဝင်ချိန်ထိတိုင်အောင် သစ္စာရှိစွာ ပေးလှူကြကြောင်း လေ့လားသုံးသပ်ခဲ့ပါတယ်။ ဒါကြောင့် ဓမ္မဟောင်း ဘုရားသခင်ရဲ့ သားသမီးများက ရွင်လန်းတဲ့ စိတ်ဖြင့် ဆယ်ဘို့တစ်ဘို့ ပုံမှန်ပေးလှူခဲ့ကြောင်း သိရှိပါတယ်။

၂။ ဆယ်ဘို့တစ်ဘို့နဲ့ ဓမ္မသစ်ကျမ်း

တစ်ချို့က ဓမ္မသစ်မှာ ဆယ်ဘို့တစ်ဘို့ထည့်ဖို့ ဘယ်နေရာမှာမှ မသွန်သင်ထားဘူး ခံယူကြပါတယ်။ ကျမ်းစာ သေချာလေ့လာကြည့်ရင် ရှင်မဿဲ ခရစ်ဝင်ကျမ်း ၂၃:၂၃ မှာ ယေရူခရစ်တော်က လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင် တို့သည် အ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တစ်ဘို့ ပေးလှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ သူတပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်း တည်းဟူသော ပညတ်တရားတွင် လေးသော အရာတို့ကိုကား လှပ်၍ ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသော အရာတို့ကို ကျင့်ရမည်။ဟု မိန့်တော်မှုခဲ့ပါတယ်။

နောက်ဆုံးစာကြောင်းလေးက အဖြေပါ။ အရင်ဆိုသော အရာ တို့ကို မလှပ် မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည် လိုပြောတဲ့ စကားက ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်းကို လည်းကျင့်ရမည်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာလို ဘာသာပြန်ထားတဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့ စကားလုံးလေးက လုပ်ရမည်၊ ကျင့်ရမည် ဆိုတဲ့ စကားလုံးပါ။ အမှန်က ဂရိစကားလုံးဖြစ်တဲ့ δεῖ(dei) ဆိုလိုရင်းက လုပ်ကိုလုပ်ရမယ်၊ ဖြစ်မနေလုပ်ရမယ် ဆိုတဲ့ ဆိုလိုရင်းဖြစ်ပါတယ်။ပြောချင်တာက အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ကိုကျင့်ရမည် လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဆယ်ဘို့တစ်ဘို့ပေးစရာ မလိုဘူးလို့ပြောတဲ့ သူတွေက ဒါကဓမ္မဟောင်းနည်း ဥပဒေရဲ့အောက်မှာရှိတဲ့ ကျမ်းပြုဆရာ၊ ဖာရိရှဲတို့ကို ပြောတာပါလို့ ပြောတတ်ကြပါတယ်။ အမှန်က ဒီကျမ်းချက်ရဲ့ ဆက်စပ်စဉ်းစားရမယ့် အခြေအနေ (Context) ကိုသိရင်ရပါပြီ။ ရှင်မဿဲ ၂၃ အစပိုင်းပြန်သွားရင် သခင်ယေရူက တပည့်တော်တို့နဲ့ လူအပေါင်းတို့အား ဟောပြောနေကြောင်းကို တွေ့ရပါတယ်။ ဒါကြောင့် ဒါအားလုံးနဲ့ သက်ဆိုင်တဲ့ သွန်သင်မှု ဖြစ်ပါတယ်။

ဆယ်ဘို့တစ်ဘို့ပေးကို ပေးရမယ်ဆိုတဲ့ စာသားအတိကျမပါဘူးလို့ပြောရင်တော့ မှန်ပါတယ်။ တစ်ဖက်မှာ လုံးဝမထည့်ဖို့ စာသားလည်း ဘယ်နေရာမှ မရေးသားထားပါဘူး။ ယေရှုခရစ်တောပြောတာကိုလည်း မေ့ပစ်ဖို့မဟုတ်ပါဘူး။ ပညတ္တိကျမ်းတွေကို ချိုးဖျက်ဖို့ မဟုတ်ဘဲ ပြည့်စုံစေဖို့ လာတာလို့ ပြောထားပါတယ်။ (ရှင်မဿဲ: ၁၇) ။ ဒါကြောင့် ဆယ်ဘို့တစ်ဘို့ မပေးဖို့၊ မလိုအပ်တော့ဘူးလို့ ခရစ်တော်ဘယ်နေရာမှာမှ မဟောပြောခဲ့ပါဘူး။ တမန်တော်ခေတ်မှာ ဆယ်ဘို့တစ်ဘို့ကို အတိကျမပေးကြတာ အကြောင်းရှိပါတယ်။ ရှိသမျှကို အကုန်ပေးရတာပါ။ အသင်းတော်မှာ အတူစား အတူတူ မျှဝေခဲ့ကြပါတယ်။ အံ့ဖွယ်ကောင်းတာ တစ်ခုက မပေးပဲ ခိုးဝှက်သူတွေလည်း ချက်ခြင်း သေဆုံးခဲ့ရပါတယ် (တမန်တော် ၅:) သမိုင်း ပညာရှင်များက အချိန်ခဏလေးအတွင်းမှာ ခရစ်ယာန် အသင်းတော်နဲ့ လူဦးရေ အလျင်အမြန်တိုးတက်ခဲ့ရတဲ့ အဓိက အကြောင်းရင်းက ပေးလှူခြင်းတွင် အလွန်စိတ်အားထက်သန်ကြပြီး အများကောင်းကျိုး ပြုလုပ်နိုင်ကြခြင်းကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပေးပြောဆိုကြလေ့ ရှိပါတယ်။

နောက်တစ်ခုက ဟေဗြဲဩဝါဒစာ ၇ : ၅ အရ ယဇ်ပုရောဟိတ်မင်းအရာကိုခံသော လေဝိသားတို့သည် အာဗြံဟံအမျိုးဖြစ်သော သူတည်းဟူသော၊ မိမိတို့ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်း ဆယ်ဘို့တစ်ဘို့ကို ခံရသော အခွင့်ရှိကြ၏။လို့ ပြောထားပြီး နောက်ဆုံး ယဇ်ပုရောဟိတ်မင်းက သခင်ယေရူခရစ် ဖြစ်ကြောင်းကို ဖော်ပြောထားပါတယ်။ စဉ်စားစေချင်တာက ထို ဇ်ပုရောဟိတ်မင်း ဖြစ်တဲ့ သခင်ယေရူခရစ်တော်ရဲ့ ကိုယ်ခန္ဓာဖြစ်တဲ့ အသင်းတော် တိုးတက်ကြီးပွားဖို့ ဆယ်ဘို့တစ်ဘို့ မပေးသင့်ဘူး ဆိုတာကိုပါ။ နောက်ဆုံးတမန်တော်ခေတ် အတိကျမပေးကြဘူးဆိုပြီးတော့ စောဒက တက်လို့မရပါဘူး။ သူတို့က အသက်၊ သွေး၊ ချွေး၊ ဥစ္စာရှိသမျှအားလုံး ပေးဆပ်ခဲ့ကြတာပါ။

ဆယ်ဘို့တစ်ဘို့နှင့် အသင်းတော်သမိုင်း

 

တမန်တော်ကြီးများအားလုံး မရှိကြတော့တဲ့ နောက်ပိုင်းမှာသူတို့ တပည့်များဖြစ်ကြတဲ့ အသင်းတော်ဖခင်ကြီးမျာ ကလည်း အသင်းတော်ကို ဆယ်ဘို့တစ်ဘို့ပေးကြဖို့ ယုံကြည်သူများကို တိုက်တွန်း အားပေးခဲ့ကြပါတယ်။ အေဒီ ၂၃၀ လောက်မှာ တွေ့ရတဲ့ Didascalia Apostolorum လို့ခေါ်တဲ့ ရှေးဟောင်းစာစောင်တစ်ခုမှာ အသင်းတော်အတွက် လိုက်နာရမည့် လမ်းညွန်ချက်မှာ ခရစ်တော်အတွက်နှင့် သာသနာတော်အတွက် ဆယ်ဘို့တစ်ဘို့ပေးရမယ်လို့ ရေးသားထားပါတယ်။ ဒီစာစောင်ကို တမန်တော်တို့က Council of Jerusalem မှာရေးသားဆုံးဖြတ်ခဲ့ကြတာလို့လည်း ပညာရှင်များက ယုံကြည်ထားကြပါတယ်။ အသင်းတော် ဖခင်များကြီးဖြစ်တဲ့ John Chrysostom (AD 349 – 407) နှင့် John Cassian (AD 360- 435) တို့ရဲ့ရေးသားမှုတွေမှာ ဆယ်ဘို့တစ်ဘို့က အရေးပါပြီး ပေးလှူကြရန်လည်း တိုက်တွန်းခဲ့ကြပါတယ်။ အေဒီ ၅၆၇ မှာ ပြုလုပ်ခဲ့ကြတဲ့ The Council of Tours နှင့် Third Council of Mâcon (AD 585) မှာ ဆယ်ဘို့တစ်ဘို့ ပေးလှူကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆယ်ဘို့တစ်ဘို့ပေလှူခြင်း မရှိတဲ့သူကို အသင်းတော်ကနေ ထုတ်ပယ်တဲ့အထိ အပြစ်ပေးခဲ့ကြတာကို တွေ့ရပါတယ်။

ရောမကတ်သိုလစ်အသင်းတော် (Roman Catholic Church) က The Council of Trent မှာ အသင်းသားတိုင်း ဆယ်ဘို့တစ်ဘို့ ပေးလှူဖို့ ဆုံဖြတ်ခဲ့ကြပါတယ်။ နှစ်ခြင်းခရစ်ယာန်အသင်းတော် (Baptist Church) က The National Baptist Convention of America မှာ ကောင်းသောဘဏ္ဍစိုး ဖြစ်ခြင်းက ဆယ်ဘို့တစ်ဘို့ပေးခြင်းမှ စတင်တယ်လို့ ယုံကြည်ကြပြီး အသင်းဝင်များကို ပေးလှူဖို့ တိုက်တွန်းထားကြပါတယ်။ ယနေ့ အသင်းတော်များမှ ခရစ်ယာန် (၈၅) ရာခိုင်နှုန်းခန့်က ဆယ်ဘို့တစ်ဘို့ ပေးလှူရမယ်ဆိုတာ ယုံကြည်ကြပေမယ့်လို့ လူနည်းစုကသာ ဘုရားကျောင်းကို ဆယ်ဘို့တစ်ဘို့ ပေးလှူကြပါတယ်။ မြန်မာပြည်မှာ အသင်းတော်အများကြီး နိုင်ငံခြားမှ အထောက်အပံ့မှိခိုနေရခြင်းက ဆယ်ဘို့တစ်ဘို့ ပုံမှန်မပေးခြင်းက ပြနာ တစ်ခုအပါအဝင်ပါ။ ဆယ်ဘို့တစ်ဘို့ပေးစရာ မလိုဘူးလို့ ဟောပြောတဲ့ ဆရာ အများစုကလည်း အသင်းတော်မှာ မနေပဲ ကိုယ်လိုရာသွားနေတဲ့ သူများသာဖြစ်ပါတယ်။ ယနေ့ဆယ်ဘို့တစ်ဘို့ မမှန်ကြလို့ သာသနာပြုဖို့မပြောနဲ့ သင်းအုပ်ကိုတောင် မထောက်ပံ့ပေးနိုင်တဲ့ အသင်းတော် မြန်မာပြည်မှာ အများကြီးရှိပါတယ်။

ကျမ်းစာအရနှင့် အသင်းတော်သမိုင်းအရ ဆယ်ဘို့တစ်ဘို့ ပေးလှူခြင်းက ဘုရားအလိုတော်ရှိတဲ့ အရာဖြစ်ပြီး သာသာနာတော် ကျယ်ပြန့်ဖို့၊ လူတိုင်း သတင်းကောင်း ရရှိဖို့၊ အသင်းတော်တည်ဆောက်ဖို့၊ မရှိဆင်းရဲသားများကို ကူညီဖို့၊ မိဘမဲ့ မုဆိုးမများကို စောင့်ရှောက်ဖို့ လုံးဝလိုအပ်တဲ့ အရာဖြစ်လို့ သံသယကင်းစွာ ပိုပြီးပေးလှူနိုင်ကြပါစေ။ ဆရာများကလည်း ကျမ်းစာကိုဆန့်ကျင်ပြီး ဆယ်ဘို့တစ်ဘို့ ပေးဖို့မလိုဘူးဆိုတာထက် ဘယ်လိုနှလုံးသားဖြင့် ပေးလှူဖို့လိုလဲ၊ အသင်းတော်လူကြီးများက ဘယ်လို စီမံခန့်ခွဲဖို့ လိုအပ်လဲဆိုတာကို သွန်သင်ဖို့ လိုအပ်ပါတယ်။ ကနဦး အသင်‌း‌တော်‌မှစပြီး ယနေ့တိုင်အောင် အသင်းတော်ရဲ့ စံတကယ်‌့ အနှစ်‌သာရက စည်းလုံးခြင်း၊ အတူတစ်ကွ ကိုးကွယ်ခြင်း၊ ‌ပေးလှူခြင်‌း၊ ဆက်‌ကပ်‌ခြင်း၊ ယုံကြည်‌ခြင်‌း၊ ‌ပေးဆပ်‌အ‌စေခံခြင်‌း နှင့် တစ်‌ဦးနဲ့ တစ်‌ဦး မိဿဟရဖွဲ့ခြင်းတွေဖြစ်ပါတယ်။ ခရစ်တော်ကို ချစ်ပါတယ်ဆိုပြီး အသင်းတော်ကို မချစ်လို့ မရပါဘူး။ ဒါကြောင့် အသင်းတော်ကြီးထွားဖို့ ပေးလှူခြင်း၊ ဆယ်ဘို့တစ်ဘို့ပေးခြင်းတို့ကို တက်ကြွစွာ ပါဝင်ဖို့လိုအပ်ပါတယ်။ နိုင်ငံအခွန်ကို မပေးမနေရဖြစ်လို့ ပေးဆောင်ခြင်းမဟုတ်ပဲ နိုင်ငံကိုချစ်တဲ့ စိတ်ဖြင့်ပေးနိုင်ရင် မျိုးချစ်စိတ်ဓာတ်လို့ ခေါ်ပါတယ်။ ဒီလိုပါပဲ … မပေးမနေရဖြစ်လို့ အသင်းတော်ကို ဆယ်ဘို့တစ်ဘို့ပေးခြင်းမဟုတ်ပဲ ဘုရားကိုချစ်တဲ့စိတ်၊ အသင်းတော်ကို ချစ်တဲ့စိတ်နဲ့ ပေးလှူနိုင်ရင် စစ်မှန်တဲ့ ကိုးကွယ်ခြင်းလို့ ခေါ်ပါတယ်။

နောက်ဆုံး ဘုရားကျောင်းတက်စရာမလိုဘူး၊ ဆယ်ဘို့တစ်ဘို့ ထည်‌့စရာမလိုဘူး၊ ခရစ္စမတ်‌ပွဲ လုပ်‌စရာ မလိုဘူး၊ အကျင့်မလိုဘူးဆိုတဲ့ မှားယွင်‌းတဲ့ သွန်‌သင်‌ချက်တွေ နားမယောင်ပဲ ဘုရားကို ချစ်ခြင်းနဲ့အတူ အသင်းတော်မှာ သစ္စာရှိစွာပါဝင်ကြဖို့ တိုက်တွန်းပါရစေ … ။

မေတ္တာဖြင့်

ရှိုင်းကိုကိုလင်း(SLT)