Skip to content

ငယ်ငယ်က ခရစ္စမတ် (X‘mas) ရောက်ရင်ပျော်သလို ဝမ်းနည်းပြီး မခံမရပ်နိုင်ဖြစ်ခဲ့ရတဲ့ ငယ်ဘဝတွေကို မှတ်မိနေတယ်အဲ့တုန်းက သူငယ်ချင်း တွေက… ”နင်တို့ဘုရားက နွားစားခွက် မှာမွေးတာတဲ့ဆိုပြီး အပြောခံရတဲ့အခါ ရှက်တာရောဒေါသထွက်တာရောဝမ်းနည်းတာရောပေါ့ဟုတ်တယ်လေလူတောင် နွားစားခွက်ထဲ မနေဘူးအဲ့လိုဆိုးရွားတဲ့ နေရာအစုတ်အပြတ်မှာ ကျွန်တော်ယုံကြည်တဲ့ ယေရှု ဘုရားက မွေးခဲ့တာဆိုတော့လေ

အခုတော့ ကျွန်တော်အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်ခြင်းနဲ့အတူ နားလည်လာခဲ့ပါပြီယေရှုဘုရားက ကျွန်တော်တို့ကို နှိမ့်ချခြင်းအတွက် သိမ်ငယ်စွာနဲ့ လူ့ဇာတိကို အနိမ့်ဆုံးအလွှာထဲကနေ မွေးဖွားပေးခဲ့ပါတယ်ဒါဟာ သခင်ယေရှူက ကျွန်တော်တို့အားလုံးကို သူ့နည်းတူ နှိမ့်ချခြင်း တရားကို လက်ကိုင်ထားစေဖို့ပါ သခင်ယေရှူသာ ရွှေနန်းတော် ဒါမှမဟုတ် နေရာကောင်းမှာဖွားမြင်တော်မူခဲ့ရင် ကျွန်တော်တို့အားလုံး နှိမ့်ချစရာမလိုတော့ဘူးလေ

သခင်ယေရှူက အဲ့လို အနှိမ့်ချဆုံးမွေးဖွားခဲ့တာတောင် ကျွန်တော်တို့ မနှိမ့်ချနိုင်ဘူးလေအခုတော့နားလည်ပါပြီကျွန်တော်တို့ မြင့်မြတ်တယ်ထင်တဲ့ စိတ်တွေက တစ်ကယ်တော့ ထောင်လွှားခြင်းတွေဝါကြွားခြင်းတွေမာနတရားတွေမောက်မာခြင်းတွေနဲ့ ရောပြွန်းနေတာပါဒီနှစ်ခရစ္စမတ်မှာ သခင်ယေရှူကို ကျွန်တော်ကြိုဆိုဖို့ ကျွန်တော့်ရဲ့စိတ်ကိုအတတ်နိုင်ဆုံးနှိမ့်ချနွားစားခွက်ငယ်လေးက ပေးခဲ့တဲ့ နွေးထွေးမှုတွေ သိုးကျောင်းသားလေးတွေရဲ့သတင်းကောင်းပြောကြားသလို ကျွန်တော်ဟာ ကျွန်တော့်ကောင်းမှုတစ်စုံတစ်ရာမပါပဲ သခင်ယေရှူပြခဲ့တဲ့ သခင်ယေရှူမွေးဖွားခဲ့တဲအကြောင်းအရာကို ကိုယ်စိတ်နှလုံးသုံးပါးဖြင့်သာ အနှိမ့်ချဆုံး စိတ်ထားနဲ့ ကြိုဆိုမယ်ပါဝင်မယ်

အားလုံးပဲ … Merry Christmas ပါလောကဝမ်းမြောက်ကယ်တင်ရှင်ကြွလာပါပြီလို့နှုတ်ခွန်းဆက်ပါတယ်ဗျ