Skip to content

ခရစ်တော်အတွက် သမိုင်းရေးထိုးခဲ့သူများ (ခရစ်ယာန် အတ္ထုပ္ပတ္တိများ)

မင်္ဂလာပါ။ 🤗🤗
မကြာသေးခင်က ထွက်ရှိထားတဲ့ စာအုပ်အသစ်လေးနဲ့ မိတ်ဆက်ပေးလိုပါတယ်။ 🤩🤩

– စာအုပ်အမည်ကတော့ “ခရစ်တော်အတွက် သမိုင်းရေးထိုးခဲ့သူများ(ခရစ်ယာန် အတ္ထုပ္ပတ္တိများ)” ဖြစ်ပါတယ်။

– λόγος ရဲ့ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်သူ ဆရာ ဆလိုင်းဇုံလျန်ဌေး @ လုကာ မှ ရေးသားပြုစုပါတယ်။

– ဖြန့်ချိတာကတော့ Abiding Branches of the Vine (ABV) Ministry မှ ဖြစ်ပါတယ်။

– စာအုပ်ထဲမှာတော့ ခရစ်တော်ယေရှုသခင်အတွက် လူ့သမိုင်းတွင် သွေး၊ ချွေးမက အရာအားလုံးပေးဆပ်ကာ ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားဘက်မှ ရပ်တည်လျက် ငြိမ်းချမ်းသောလမ်းစဉ်များဖြင့် သမိုင်းရေးထိုးခဲ့သူများရဲ့ အတ္ထုပ္ပတ္တိများကို သမိုင်းအချက်အလက်များအပေါ် အခြေခံကာ ရေးသားပြုစုထားခြင်းဖြစ်ပါတယ်။ ဆရာကြီး ယုဒဿန်၊ ဆရာကြီး ဂျွန်ဘိုင်ယန်းတို့လို ခရစ်ယာန်သမိုင်းနှင့် လူ့သမိုင်းအတွက် အရေးပါသော ထင်ရှားတဲ့ပုဂ္ဂိုလ်များနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို ရေးသားဖော်ပြထားသည့်အတွက် ခရစ်ယာန်တိုင်း ဖတ်ရှုလေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

– တန်ဖိုး – ၂၀၀၀ ကျပ်

– စာမျက်နှာ – ၁၂၄ မျက်နှာ

– စာအုပ်ကို ဝယ်ယူရရှိနိုင်သော ABV Bookstore လိပ်စာမှာ …

အမှတ် – ၅၁၉ (ခ) ၊ သီရိမင်္ဂလာ လမ်းသွယ် (၁)၊ မင်းကြီးလမ်း၊ ရွာမ အရှေ့၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
သရက်တောမှတ်တိုင် အနီး (အင်းစိန် ပန်းခြံဘက်မှ လာလျှင် ဗိုလ်ကုန်းမှတ်တိုင် ပြီးနောက်တစ်မှတ်တိုင်) ဖြစ်ပါတယ်။

– ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ – 09400305719 နဲ့ 09424163619 ဖြစ်ပါတယ်။

#λόγος #thyLogos #ABV #ABV_Bookstore #LukeLian #ChristianBook