Skip to content

မိမိ၏ ဆုတောင်းချက်များအတွက် ဘုရားသခင် နားညောင်းတော် မမူသည့်အခါ – အပိုင်း (၃)

လူပေါင်းများစွာကို ပြောင်းလဲစေခဲ့သူ၊ ဝိညာဉ်တန်ခိုးနဲ့တကွ သေသူကိုရှင်စေခဲ့သူ၊ အနာရောဂါကို ငြိမ်းစေခဲ့သူ၊ ဓမ္မသစ်ကျမ်း တော်တော်များ များကို ရေးသားခဲ့သူ တမန်တော်ကြီး ရှင်ပေါလု ၊ သူ့ကိုယ်ပိုင် ဆုတောင်းတစ်ခုအတွက် ဘုရားဆီတိုးဝင်တဲ့အခါမှာ သူ့ရဲ့တောင်းဆိုချက်ဟာ “အာဏာနဲ့ပယ်ချ” (Overruled) ခံခဲ့ရကြောင်း အပိုင်း () တွင် တင်ပြခဲ့ပါသည်။

Overrule (အာဏာသုံး၍ပယ်ချသည်)

You – “Objection Your Honor ! ”

GOD – “Overrule”

>>> သင့်မှာ ဘုရားကို လွတ်လပ်စွာ တောင်းဆိုပိုင်ခွင့် အပြည့်အ၀ ရှိပါတယ်။

>>> ဘုရားဆီမှာတော့ လွတ်လပ်စွာ အာဏာသုံးပြီး ပယ်ချခွင့် အပြည့်အ၀ ရှိပါတယ်။

>>> သင့်မှာ ဘုရားကို မကျေနပ်တဲ့အကြောင်း ပြောပြခွင့် အပြည့်အ၀ ရှိပါတယ်။

>>> ဘုရားဆီမှာတော့ အဲဒါကို အာဏာသုံးပြီး ပယ်ချခွင့် အပြည့်အ၀ ရှိပါတယ်။

>>> သင့်ဆီမှာ နာကျင်ခံစားမှုကို ကျယ်လောင်စွာအော်ဟစ် ငိုကြွေးခွင့် အပြည့်အဝရှိပါတယ်။

>>> ဘုရားဆီမှာတော့ အာဏာသုံးပြီး ပယ်ချခွင့် အမြဲရှိပါတယ်။

ကဲ သင့်ကို ဘုရား ဆက်တိုက် ငြင်းနေပြီ ဆိုရင် သင်ဘာလုပ်မလဲ ?????

သင်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဆုတောင်းတာမဟုတ်ဘူး၊ လောကီစည်းစိမ်တွေ ဂုဏ်ပကာသနတွေ ထင်ပေါ်ကျော်ကြား မှုတွေ ကို သင်တောင်းနေတာ မဟုတ်ဘူး။ သင်ဟာကောင်းတဲ့အရာ၊ ရည်ရွယ်ချက်တစ်ခုအတွက် ဆုတောင်းနေပေမဲ့ ဘုရားက ငြင်းပယ်တော်မူခဲ့ပြီ။ အဲဒါမျိုးဆိုရင်တော့ သေချာပါတယ် သင်ဟာ ဘုရားရဲ့ အာဏာသုံးပြီး ပယ်ချခြင်း(Overrule လုပ်ခြင်း) ကိုခံနေရပါပြီ။

××× တကယ့်ကို ဘုရားအသုံးပြုတဲ့ ဘုရားလူတစ်ယောက်၊ သူလည်း သူ့အသက်တာရဲ့ တစ်ထောင့်တစ်နေရာမှာ ဘုရားရဲ့ အာဏာသုံးပြီး ပယ်ချခြင်း(Overrule လုပ်ခြင်း) ကို ခံရမှာ ဖြစ်ပါတယ်။

××× နာမကျန်းဖြစ်နေတဲ့ သင်ရဲ့ မိခင် အတွက် ပြန်လည်ကျန်းမာဖို့ သင်ဆုတောင်းတယ် ၊ ဘုရား သင်လိုချင်တဲ့ အဖြေ မပေးဘူး

သင်ဟာ ဘုရား အာဏာသုံးပြီး ပယ်ချခြင်း(Overrule လုပ်ခြင်း) ခံနေရခြင်းဖြစ်ပါတယ်။

××× သင်ဟာ အိမ်ထောင်ရေး ပြသနာရှိတဲ့ တစ်ခြား သင့်မိတ်ဆွေ ဇနီးမောင်နှံကို ဘုရားရဲ့ မေတ္တာ သမ္မာတရားနဲ့ တန်ခိုးနဲ့ တကွ တိုင်ပင်ဆွေးနွေးပေးခဲ့တယ်။ သူတို့ ဇနီးမောင်နှံ ဘုရားရဲ့ ချစ်ခြင်းကိုခံစားရပြီး ပြန်လည် အိမ်ထောင်ရေး သင့်မြတ်ပြီး ဘုရားဘုန်းတော်ထင်ရှားတဲ့ မိသားစုတစ်ခု ပြန်ဖြစ်လာတယ်။ ဒါပေမဲ့ သင်ဟာ သင့်အိမ်ကိုပြန်ရောက်တဲ့အခါ ပျက်စီးခြင်းဟာ သင့်ကို စောင့်ကြိုနေတယ်။

××× သင်ဟာ သင့်ညီအစ်ကို အတွက် မိတ်ဆွေအတွက် အကောင်းဆုံး ဆုတောင်းပေးပြီး အကြံပေးခဲ့တယ်၊ ဘုရားရဲ့ မျက်နှာ သာဟာ အဲဒိသူဆီကိုရောက်ပြီး ဖြစ်နေတဲ့ ပြသနာ ပြေလည်သွားခဲ့တယ်။ သင်ကတော့ သင့်အလုပ်ခန်း ပြတင်းပေါက်ကနေ ခုန်ချလိုက်ချင်တဲ့စိတ် ကို ပွေ့ပိုက်ထားရဆဲပဲ။

သင် ဆုတောင်းတယ်၊ ဆုတောင်းတယ်၊ ဆုတောင်းတယ် ဒါပေမဲ့ အာဏာနဲ့ ပယ်ချခံရတယ်။

သင်ချစ်တဲ့သူ မိသားစုဝင် (အဖေ၊ အဖေ၊ ဇနီးခင်ပွန်း၊သားသမီး) အတွက် ဆုတောင်းတယ်၊ သေတတ်တဲ့ အနာရောဂါမှ ကယ်တင်ဖို့၊ အစာရှောင်ဆုတောင်းတယ်၊ ကျမ်းစာတစ်လုံးချင်းဆီကို ကိုင်စွဲပြီး ဆုတောင်းတယ်။ တရားဟောချက်မျိုးစုံ နားထောင်ပြီး ဆုတောင်းတယ်၊ Christian Healing Book တွေ ဖတ်ပြီး ဆုတောင်းတယ်။ အခြားသောဘာသာစကားနဲ့ ဆုတောင်းတယ်၊ ဒါပေမဲ့ ရှင်သန်ခြင်းဟာ သင်ချစ်တဲ့သူတွေ ဆီကနေ ဖယ်ခွာသွားတယ်။ အို အဖ၊ အကျွန်ုပ်ရဲ့ ဆုတောင်း သံကို အဘယ်ကြောင့် နားညောင်းတော် မမူပါသလဲ၊ သင်ဟာ အာဏာဖြင့် ပယ်ချခြင်းကို ခံနေရဆဲဖြစ်ပါတယ်။

ဟာ သခင် ဒီ လိုကိစ္စမျိုး ဘာလို့ ကျွန်တော့်ကျမှ လာဖြစ်တာလဲ သခင်လို့

အဲဒီအတွက်အဖြေက၊

>>> သမ္မာကျမ်းစာကို ရေးခဲ့တဲ့ သူဖြစ်တဲ့ တမန်တော်ကြီးရှင်ပေါလု တောင်မှ ဘုရားရဲ့ အာဏာသုံးပြီး ပယ်ချခြင်း(Overrule လုပ်ခြင်း) ခံရတယ်ဆိုရင်

>>> သမ္မာကျမ်းစာကို အစအဆုံးတစ်ခေါက်တောင် ပြီးတောင် မနဲကြိုးစားပြီး ဖတ်နေရတဲ့ ကျွန်တော့် အတွက် ဘုရားရဲ့ အာဏာသုံးပြီး ပယ်ချခြင်း(Overrule လုပ်ခြင်း) ခံရခြင်းဟာ မထူးဆန်းတော့ပါဘူး။

အာဏာနဲ့ ပယ်ချခြင်း” ကိုခံရတဲ့အထဲမှာ ကျမ်းစာကိုရေးတဲ့သူ (ရှင်ပေါလု) ရော ကျမ်းစာကို ဖတ်တဲ့သူ (ကျွန်တော်) ရော အကုန်ပါပါတယ်၊ အာမင်

တကယ်တော့ ရှင်ပေါလု ရော ကျွန်တော်တို့ရော မှ မဟုတ်ပါဘူး” သခင်ယေရှုဘုရားကိုယ်တော်တိုင် သူ့ရဲ့အသွေးအသားကို အာဏာသုံးပြီး ပယ်ချ(Overrule)တော်မူခဲ့ပါတယ်။

ထိုအခါငါသည် သေလောက်အောင် စိတ်နှလုံးအလွန် ညှိုးငယ်ခြင်းရှိ၏၊ ဤအရပ်၌စောင့်နေကြလော့၊ ဟု တပည့်တော်သုံးယောက်အား မိန့်တော်မူ၍ ထိုမှ အနည်းငယ်လွန်ပြန်လျှင် မြေပေါ်မှာ ပျပ်ဝပ်၍ အိုအဘ ခမည်းတော်၊ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ၏၊ ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ၊ သို့သော်လည်း အကျွန်ုပ်အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်၊ ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်ပါစေဟူ၍ ထိုအချိန် နာရီသည် မိမိနှင့် လွန်သွားနိုင်လျှင် လွန်သွား ပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ”

တဖန်သွား၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ၏”

ဘုရားသခင်ရဲ့ သားတော်ကိုယ်တော်တိုင် တောင်းတဲ့ဆုတောင်းကိုတောင်မှ အဖခမည်းတော်ဘုရားဟာ အာဏာသုံးပြီး ပယ်ချ(Overrule) ခဲ့ပါတယ်။ အာမင်။

အို … ချစ်သော ညီအစ်ကို၊ သင်ဟာ Overrule လုပ်ခြင်းခံနေရပါပြီ။

ဒါပေမဲ့ ဘုရားရှင်က တမန်တော်ကြီးရှင်ပေါလုကို ပြန်ပြီး မိန့်တော်မူခဲ့တဲ့ နှုတ်ကပတ်စကားတော်ကတော့

ငါ့ ကျေးဇူးသည် သင့်အဖို့လောက်ပေ၏ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” ဟု မိန့်တော်မူ၏။

 

ဤဆောင်းပါး၏ နောက်ဆုံးပိုင်း

မိမိ၏ ဆုတောင်းချက်များအတွက် ဘုရားသခင် နားညောင်းတော် မမူသည့်အခါ နောက်ဆုံးပိုင်း