Skip to content
 
 
Christmas အခါသမယ

 

“Promotion တွေမှာ အလုအယက်
Decoration တွေမှာ ပြိုးပြိုးပြက်ပြက်
Party တွေမှာ ပိုးစိုးပက်စက်
အော် … ပျော်နေကြတာ ပျော်နေကြတာ
သနားဖို့တောင်ကောင်းတယ်

ပွဲသဘင်အလား ကျင်းပသော်ငြား
လူရဲ့အကျင့် လူရဲ့အကြံနေရာယူထား
သခင့်ရဲ့သတင်းစကား မှေးမှိန်ပါတကား
ဘယ်မှာလည်း ဧမာနွေလဘုရား
အော် … လုပ်စားနေတာ လုပ်စားနေတာ
စိတ်ပျက်ဖို့တောင်ကောင်းတယ်

လောကဝမ်းမြောက် လို့ဆိုပြီး
လောဘဝမ်းမောက် လို့မျိုပြီ
အစေခံသည့် သခင့်သဏ္ဍာန်
မှေးပျောက်လို့ အမေ့ခံ
ဒါကြောင့် ပြန်လည်ကာ တဖန်ဆင်ခြင်ထား
ငါဟဲ့ အပြစ်သား
ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံစား
အိုး … ခရစ္စမတ်စ် ရဲ့ သတင်းစကား”