Skip to content

“ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။” (၁ ကော‬ ၁၅:၅၈)
ဒီနှုတ်ကပတ်တော်လေးကတော့ ပြီးမြောက်ဖို့ထက် ပြောတာက ပိုလွယ်ကူပါတယ်။
ကျွန်ုပ်တို့ရဲ့အစေခံမှုကနေ ရလဒ်တွေကိုမတွေ့ရတဲ့အခါ၊ ပြီးတော့လူတွေကကိုယ့်နဲ့ ဆန့်ကျင်ဘက်မျိုးဖြစ်နေတဲ့အခါ သခင့်တွက်ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုတွေဟာ အချည်းအနှီးဖြစ်နေသလိုထင်ရပါတယ်။
ှုတ်ကပတ်တော်ကတော့ရှင်းရှင်းလင်းလင်း ပြောပါတယ်။
ခက်ခဲမှုတွေကို ပဓာနမထားဘဲ ဘုရားရဲ့စကားကိုယုံကြည်လျက် ရဲရင့်စွာအစေခံဖို့လိုပါတယ်။
ယုံကြည်သူခရစ်ယာန်တွေမှာ မကြာခဏအဖြစ်များတတ်တာကတော့ အမှုတော်မြတ်မှာ အခက်ခဲပြဿနာကြုံလိုက်ရတာနှင့်တပြိုင်နက် စိတ်ဓာတ်ကျလျက် အစေခံခြင်းအမှုကို လက်လျော့လိုက်ခြင်းပင်။
သခင့်၌သာ သင်ဆက်မျက်မှောက်ပြုပါ။
အားယူ၍ရဲရင့်ပါ။
တချို့အချိန်တွေမှာ ဘုရားကကိုယ့်ကိုမေ့လျော့ စွန့်ထားတယ်လို့ထင်ကောင်းထင်နေမယ်၊ ဒါပေမယ့် ယုံကြည်ခြင်းအားဖြင့်သေချာစေတာကတော့ သခင်ဘုရားပြုသမျှသောအမှုသည် ကျွန်ုပ်တို့ကောင်းဖို့အတွက်နှင့် အထူးသဖြင့်သူ့ဘုန်းတော်အဖို့အလို့ငှါဖြစ်ပေသည်။