Skip to content

အသည်းရောင် “စီ” ပိုးရောဂါ ကုထုံး

ယခင် အသည်းရောင်စီပိုး (HCV RNA Positive) ဖြစ်သူများသည် HCV Genotype (အသည်းရောင် စီပိုးအမျိုးအစား) ပေါ်မူတည်၍ သင့်တော်သည့်ဆေးဖြင့် ကုသရပါသည်။

၁။ ထိုးဆေးအသုံးပြုသော ယခင်ကုထုံး

ထိုးဆေး (Pegylated Interferon) နှင့် စားဆေး (Ribavirin) နှစ်မျိုးပေါင်း၍ ကုသရပါသည်။ ယင်းကုထုံးနှင့်ပျောက်ကင်းမှုနှုန်းမှာ (၅၀၇၀)%သာ ရှိပြီး ဘေးထွက်ဆိုးကျိုးများ၍ လည်းကောင်း၊ ယခုအခါ ပိုးအမျိုးအစား () မျိုးလုံးတွင် ရနိုင်သော သောက်ဆေးကုထုံးအသစ်များလည်း အလျင်အမြန် ပေါ်ထွက်နေပါ၍ ၎င်းထိုးဆေးကုထုံးအား အသုံးပြုသူ နည်းလာပါသည်။

၂။ စားဆေးအသစ်များအသုံးပြုသော ကုထုံးအသစ်များ

အသစ်ပေါ်လာသော Sofosbuvir နှင့် Daclatasvir ခေါ် Direct Acting Antiviral(DAA) ဆေးများဖြင့် ယခုလက်ရှိ ဆေးသစ်များကိုတွဲ၍ ကုသောအခါ ပျောက်ကင်းနှုန်း (၉၅%) နှင့် အထက် အထိ အလွန်ကောင်းသည်ကို တွေ့ရသည်။ ကုသချိန်ကာလလည်း တိုသည်။ ဘေးထွက်ဆိုးကျိုးလည်း နည်းသည်။ ထိုးဆေးမပါသော ကုထုံးဖြစ်၍ အသုံးပြုရ လွယ်ကူသည်။ နာတာရှည် အသည်းရောင်သူများသာမက အသည်းခြောက်သူများပါ ကုနိုင်သည်။ ယခုမှစ၍ ကုသသူ၊ ယခင်ကုထုံးဖြင့်မပျောက်ကင်းသူ နှစ်မျိုးလုံးတွင်ထိရောက်မှုရှိသည်။ HIVနှင့်တွဲသူ၊ မူးယစ်အကြောဆေးသုံးသူ၊ အခြားရောဂါများနှင့်တွဲသူ၊ အင်္ဂါအစားထိုးသူများတွင်လည်းသုံးနိုင်သည်။

Sofobuvir နှင့် Ledipasvir ပေါင်းထားသော ဆေးတစ်ပြား တစ်နေ့တစ်ကြိမ် သောက်ရသောဆေးသည် ပိုးအမျိုးအစား() အတွက် ပေါ်လာပါသည်။ (၁၂)ပတ်ကြာမျှ ကုရပါသည်။ အသည်းခြောက်သူများ (Decompensated)တွင် (၂၄) ပတ်ကုရန်လိုပါသည်။

Daclatasvir သည်လည်း Sofobuvir နှင့်တွဲ၍ ပိုးအမျိုးအစားအားလုံးတွင် ထိရောက်သည်။ အသည်းစီပိုးအတွက် ထိုးဆေး Interferon မပါ။ စားဆေးချည်းသက်သက် (DAA)မျိုးစုံပေါင်း၍ (၁၂) ပတ် ကာလတိုကုရုံဖြင့် ပျောက်ကင်းနိုင်မည့်ဆေးများ ရရှိလာပြီဖြစ်သည်။ အသည်းခြောက်သူများတွင် (၂၄) ပတ်ကုရသည်။ စားဆေးနှင့် ကုထုံးသစ်များဖြင့် ကုသခြင်းကြောင့် အသည်းစီပိုးပျောက်ကင်းနှုန်းမှာ (၉၅)% အထိ ကောင်းကြောင်းတွေ့ရပါသည်။

Sofosbuvir နှင့် Velpatasvir ပေါင်း၍ ဆေးတစ်ပြား တစ်နေ့တစ်ကြိမ်သောက်ရသော ဆေးသစ်မှာ ပိုးအမျိုးအစား (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) အားလုံးကို ကုသရာတွင် အသုံးပြုနိုင်ပါပြီ။ ကုထုံးအသစ်များသည် ပိုးပျောက်နှုန်းကောင်းလာပြီး အချိန်တိုအတွင်း သုံးစွဲနိုင်သဖြင့် ကုထုံးအသစ်များကို အသည်းရောင်စီပိုး ကူးစက်မှုကာကွယ်ရေးအဖြစ် သုံးစွဲရန် စီမံနေကြပါသည်။ အသည်းခြောက်သူများတွင်လည်း (၁၂) ပတ်သာ သောက်ရန်လိုပါသည်။ Ribavirin လည်း တွဲသုံးပါသည်။

ဆေးကုသခြင်း၏ အကျိုးကျေးဇူးများ

စီပိုးပျောက်သွားပါမည်။ နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်၊ အသည်းကင်ဆာရောဂါမဖြစ်ပွားအောင် ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။ ကူးစက်မှုကို ဟန့်တားနိုင်ပါသည်။ အသည်းခြောက်ပါက စီပိုး ပျောက်သော်လည်း အသည်းကင်ဆာဖြစ်နိုင်ခြေ ရှိပါသည်။

အခြားသူများအားစီပိုးရောဂါ မကူးစက်စေရန် ကာကွယ်ခြင်း

အသည်းရောင်စီပိုးရှိနေသော လူတစ်ယောက်အနေဖြင့် မိမိမှတစ်ဆင့် အခြားသူများသို့ ရောဂါမကူးစက်စေရန်၊ မိမိအားအခြားရောဂါပိုးများ (ဥပမာအသည်းရောင်ဘီပိုး၊ HIVရောဂါပိုးများ) ထပ်မံမကူးစက်စေရန် အထူးဂရုပြုနေထိုင်ရပါမည်။ သွေးစစ်ဆေးခြင်းများ၊ ဆရာဝန်နှင့်ပြန်လည်ပြသခြင်းများတို့ကို ပုံမှန်ဆက်လက်ဆောင်ရွက်ရပါမည်။ အိမ်ထောင်သည်များအနေဖြင့် မိမိ၏အိမ်ထောင်ဖက် (သို့မဟုတ်) လိင်ဆက်ဆံဖူးသူများတွင် အသည်းရောင်စီပိုး ရှိ/မရှိ စစ်ဆေးရန်လိုအပ်ပါသည်။ အသည်းရောင်စီပိုးရှိသူသည် သွေးလှူဒါန်းခြင်းမပြုရပါ။ အသည်းရောင်ဘီပိုးကာကွယ်ဆေးကိုလည်း ထိုးထားရပါမည်။ လိင်ဆက်ဆံရာတွင် Condom သုံးရပါမည်။

ယနေ့အချိန်အခါတွင် အသည်းရောင်စီပိုးအား စားဆေးဖြင့် စနစ်တကျရက်တိုကုသနိုင်ပြီဖြစ်ပါသည်။ အသည်းရောင်စီပိုးကြောင့် အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ခြင်းများ သိသိသာသာ လျော့နည်းသွားပါတော့မည်။

အသည်းရောင်စီပိုးတွင် ကာကွယ်ဆေးမရှိသော်လည်း ရက်တိုတိုနှင့် ပျောက်ကင်းအောင် ကုသနိုင်သောဆေးများ ပေါ်လာပြီဖြစ်သည့်အတွက် စုပေါင်းဆောင်ရွက်လျှင် ကမ္ဘာပေါ်တွင် စီပိုးကို လုံးဝပျောက်ကင်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

စီပိုးရောဂါရှိသော လူနာများ လိုက်နာရန်

  • ဆေးလိပ်၊ အရက်၊ ကွမ်း(လုံးဝ)ရှောင်ရမည်။

  • ပရဆေးနှင့် စပ်ဆေးများ (လုံးဝ)မသောက်ပါနှင့်။

တာရှည်ခံအောင်ပြုလုပ်ထားသော အစားအစာများ၊ ဆိုးဆေးပါသော အစားအစာများ မစားပါနှင့်။

  • သံဓာတ်ကြွယ်ဝသောအစားအစာများ(အသဲအမြစ်၊ ကလီစာ၊ ဟင်းနုနွယ်များ)နှင့် သံဓာတ်ပါဝင်သော ဆေးဝါးများ မစားပါနှင့်။

  • အဆီအနှစ်၊ မလိုင်၊ ထောပတ်၊ ကြက်ဥအနှစ်၊ ဘဲဥအနှစ်၊ ဆီကြော်မှုန့်များ လျော့စားပါ။

  • အငန်လျော့စားပါ။(ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုဇွန်ခြောက်)

  • အကိုက်အခဲပျောက်ဆေးများ၊ သံဓာတ်ပါဝင်သော အားဆေးများမသောက်ပါနှင့်။

  • အချဥ်ဓာတ်လွန်ကဲသော အသီးများစားခြင်းနှင့် ဗီတာမင်စီ များစွာသောက်ခြင်းကိုရှောင်ပါ။

  • Gasပါသော အချိုရည်များ ရှောင်ပါ။

  • မုန့်ဖုတ်ဆိုဒါပါသော အစားစာများ လျော့စားပါ။ (ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ်)

ဤဆောင်ပါးသည် ၂၀၁၉ ခုနှစ်၊ မေလထုတ် Mylan မှ ပံ့ပိုးကူညီပေးသော အသိပညာပေး လက်ကမ်းစာစောင်မှ အနည်းငယ် ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။