Skip to content

အသည်းရောင် “စီ” ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခြင်းများ

Image is credited to : https://www.health.harvard.edu

(က) သွေးတွင် “စီ” ပိုးစစ်ဆေးခြင်း

အသည်းရောင် စီပိုး ကူးစက်ရန် အန္တရာယ်ရှိသူများ (ဥပမာမကြာခဏ သွေးသွင်းရသူများ၊ လိင်အပျော်အပါး လိုက်စားသူများ) အနေဖြင့် ရောဂါလက္ခဏာများ မပေါ်ပေါက်မီ အသည်းရောင်အသားဝါ စီပိုးရှိ/မရှိ ကြိုတင်စစ်ဆေးထားနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ အသည်းရောင်စီပိုး ရှိ/မရှိ သွေးစစ်ရာတွင် နှစ်ဆင့်စစ်ရန် လိုအပ်ပါသည်။ ပထမဦးဆုံးအနေဖြင့် Anti-HCV ခေါ် ပဋိပစ္စည်း စစ်ရပါသည်။ Anti-HCV Positive ဖြစ်သူများသည် အသည်းရောင်စီပိုး ရှိနိုင်သလို အသည်းရောင်စီပိုး ပျောက်ကင်းပြီးသူများလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် နောက်တစ်ဆင့်အနေဖြင့် HCV RNA ခေါ် စီပိုးကောင်ရေ Viral Load ကို Real time PCR Assay ဖြင့် သွေးထဲတွင် စစ်ဆေးရပါသည်။ ပိုးကောင်ရေ HCV RNA Positive ဖြစ်မှသာ အသည်းရောင်စီပိုး ပိုးသတ်ဆေးသောက်ရမည်။

() အခြားအခြေခံစစ်ဆေးခြင်းများ (ဆေးကုသမှုခံယူမည့်သူများ)

  • LFT (အသည်းအင်ဇိုင်းများ) ALT, AST

  • Albumin (အသားဓာတ်)

  • CP (သွေးဖြူဥ/သွေးနီဥနှင့်သွေးဥမွှား)

  • PT (သွေးခဲခြင်း)

  • Urea & Creatinine (ကျောက်ကပ်စစ်ဆေးခြင်း)

  • RBS, FBS (သကြားအချိုဓာတ်)

  • HBV နှင့် HIV ပိုးများ

  • USG (Abdomen) (အသည်းခြောက်နှုန်းတိုင်းတာခြင်း)

  • Fibroscan (အသည်းကျစ်နှုန်းတိုင်းတာခြင်း) (လိုအပ်လျှင်)

စီပိုးရောဂါရှိသော လူနာများ လိုက်နာရန်

  • ဆေးလိပ်၊ အရက်၊ ကွမ်း(လုံးဝ) ရှောင်ရမည်။

  • ပရဆေးနှင့် စပ်ဆေးများ (လုံးဝ) မသောက်ပါနှင့်။

  • တာရှည်ခံအောင်ပြုလုပ်ထားသော အစားအစာများ၊ ဆိုးဆေးပါသော အစားအစာများ မစားပါနှင့်။

  • သံဓာတ်ကြွယ်ဝသောအစားအစာများ(အသဲအမြစ်၊ ကလီစာ၊ ဟင်းနုနွယ်များ)နှင့် သံဓာတ်ပါဝင်သော ဆေးဝါးများ မစားပါနှင့်။

  • အဆီအနှစ်၊ မလိုင်၊ ထောပတ်၊ ကြက်ဥအနှစ်၊ ဘဲဥအနှစ်၊ ဆီကြော်မှုန့်များ လျှော့စားပါ။

  • အငန်လျှော့စားပါ။(ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုဇွန်ခြောက်)

  • အကိုက်အခဲ ပျောက်ဆေးများ၊ သံဓာတ်ပါဝင်သော အားဆေးများမသောက်ပါနှင့်။

  • အချဉ်ဓာတ်လွန်ကဲသော အသီးများစားခြင်းနှင့် ဗီတာမင်စီ များစွာသောက်ခြင်းကိုရှောင်ပါ။

  • Gasပါသော အချိုရည်များ ရှောင်ပါ။

  • မုန့်ဖုတ်ဆိုဒါပါသော အစားစာများ လျှော့စားပါ။ (ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ်)

ဤဆောင်ပါးသည် ၂၀၁၉ ခုနှစ်၊ မေလထုတ် Mylan မှ ပံ့ပိုးကူညီပေးသော အသိပညာပေး လက်ကမ်းစာစောင်မှ အနည်းငယ် ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

သင်သည် “စီ” ပိုး ကူးစက်ခံရသူဖြစ်ပါက ဆေးကုသမှုကို ခံယူပါ။

အသည်းရောဂါနှင့် ပတ်သတ်၍ ဆေးကုသမှုခံယူလိုသော်လည်း ဆရာဝန် စမ်းသပ်ကုသခ များ၍ ဆေးကုသစရိတ်မတတ်နိုင်မည်ကို စိုးရိမ်ပူပန်နေပါက သင့်အား မေတ္တာဖြင့် ကုသပေးမည့် ကုသိုလ်ဖြစ် ဆေးခန်းရှိကြောင်း သတင်းကောင်းပါးလိုပါသည်။

 

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း()

အမှတ် ၃၃/၃၅၊ ပုသိမ်လမ်း၊ ကျွန်းတော(အလယ်)ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း – (၀၉) ၉၆၄၄၈၂၈၂၀၊ (၀၉) ၉၆၄၅၈၂၈၂၀

ဆေးခန်းဖွင့်ချိန် – နံနက် ၈:၃၀ မှ ညနေ ၄:၃၀ နာရီအထိ (ကြာသပတေး နေ့တိုင်း ပိတ်ပါသည်)

 

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း()

အမှတ်ဘီ()၊ သီရိရိပ်သာလမ်းသွယ်()၊ ၃၅ လမ်း၊ ၇၀/၇၁ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

ဖုန်း – (၀၉) ၉၅၄၄၈၂၈၂၀၊ ၉၅၄၅၈၂၈၂၀

 

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း

အသည်းရောဂါများကိုသာ ကုသပေးသော ကုသိုလ်ဖြစ်ဆေးခန်းဖြစ်ပါသည်။

အခြားရောဂါများကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများသို့ မိမိ အစီအစဥ်ဖြင့် သွားရောက်ပြသရမည် ဖြစ်ပါသည်။

အချိန်ပိုင်း ဖွင့်လှစ်သော ဆေးခန်းဖြစ်သဖြင့် အရေးပေါ်လူနာများအား ဆေးခန်းတွင် လက်ခံကုသရန် မဖြစ်နိုင်ပါ။

ဆေးရုံကဲ့သို့ ပြီးပြည့်စုံသော ဆေးဝါးကိရိယာများ မရှိသောကြောင့် အရေးပေါ် အခြေအနေဖြစ်ပေါ်နေသော လူနာများ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနတွင်သာ (အမြန်ဆုံး) သွားရောက်ပြသပါရန်။

ဆရာဝန် စမ်းသပ်ကုသခြင်းသည် (အခမဲ့) ဖြစ်ပါသည်။

အလုံးစုံ (အခမဲ့) တာဝန်ယူ ကုသပေးသော ဆေးခန်းမဟုတ်ပါ။

အချို့သော ရောဂါရှာဖွေစမ်းသပ်ခြင်းကို အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ပြုလုပ်ပေးမည်ဖြစ်ပြီး လိုအပ်သောရောဂါရှာဖွေခြင်းနှင့် ကုသသော ဆေးဝါးများကို လူနာ/လူနာရှင်များမှ အကုန်အကျခံရမည်ဖြစ်ပါသည်။

ဆေးခန်းမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဆရာဝန်ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ပေးပါရန် ဖြစ်ပါသည်။

စီ” ပိုးရောဂါအန္တရာယ်အား သိရှိရန်နှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရန်၊ အချိန်မီ ဆေးကုသမှုခံယူနိုင်ပါရန် သခင်ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်ကို အရင်းတည်လျက် ဤဆောင်းပါးအား မေတ္တာဖြင့် ရေးလိုက်ပါသည်။

 

သခင်ယေရှုနာမတော်မြတ်၌
John The Beloved