Skip to content

ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားသောအခါ စစ်သားတစ်ဦးသည် အိမ်ပြန်ရန်သင်္ဘောလက်မှတ်တစ်စောင် ဝယ်ယူခဲ့ပါသည်။ ယင်းအချိန်အခါတွင် သွားရမည့်ခရီးသည် ဝေးကွာလွန်းသည်ကတစ်ကြောင်း၊ စစ်ပြီးစဖြစ်နေသည်ကတစ်ကြောင်း၊ သွားရေးလာရေးက အလွန်ခက်ခဲလွန်းနေခဲ့သည်။ ထိုသို့ခက်ခဲလွန်းသည့်အတွက်ကြောင့်လည်း သင်္ဘောလက်မှတ်မှာ အလွန်ဈေးကြီးနေခဲ့သည်။ ထိုသို့ခက်ခဲလွန်းသည့်အတွက်ကြောင့်လည်း သင်္ဘောလက်မှတ်မှာ အလွန်ဈေးကြီးနေခဲ့သည်။ ထို့ကြောင့်သူသည် လမ်းတွင်စားသောက်ဖို့အတွက်ပင် ငွေကြေးမလုံမလောက်ဖြစ်ကာ ပေါင်မုန့်ကြမ်းအချို့နှင့် ရေသန့်ဘူးကိုသာဝယ်ယူခဲ့သည်။ ဤသို့ဖြင့် ထိုစစ်သားသည် သူ၏အိမ်အပြန်ခရီးစဉ်ကို သင်္ဘောဖြင့်စတင်ခဲ့သည်။

ခရီးသွားနေစဉ်အတောအတွင်း အခန်းထဲရှိလူများနှင့်လည်းရင်းနှီးလာပြီး မိတ်ဆွေဖြစ်ခဲ့ကြသည်။ မိတ်ဆွေများက အပြင်ထွက်၍ သူတို့နှင့်အတူ မနက်စာ၊ နေ့လည်စာနှင့် ညစာစားသုံးရန်ခေါ်သော်လည်း ထိုစစ်သားမှငြင်းပယ်ခဲ့သည်။ အကြောင်းမှာ သင်္ဘောလက်မှတ်သည် ဈေးကြီးလွန်းနေသဖြင့် သင်္ဘောပေါ်ရှိ ဝန်ဆောင်မှုများသည်လည်း ဈေးကြီးမည်ဟုယူဆသောကြောင့်ဖြစ်သည်။ ထို့အပြင် သူ့မှာလည်း ဝယ်ယူစားသောက်ရန် ငွေကြေးအလုံအလောက်မရှိခြင်းကြောင့်ဖြစ်သည်။ ထိုသို့ တစ်နေ့ပြီးတစ်နေ့ အချိန်များကုန်ဆုံးလာရာ ()ရက်မြောက်သောနေ့၌ သူ့မိတ်ဆွေများသည် သူ့အား မသင်္ကာဖြစ်လာကြသည်။ “သူဘာလို့ ငါတို့နဲ့အတူ ထမင်းလိုက်မစားတာလဲ” ဟုဆိုကာ ထိုစစ်သား၏အခြေအနေကို လေ့လာရန်ဆုံးဖြတ်ခဲ့ကြသည်။ နောက်တစ်နေ့ထမင်းစားချိန်၌ “မနက်စာသွားစားကြမယ်” ဟုနှုတ်ဆက်ကာ သူတို့ထွက်လာပြီး အချိန်အနည်းငယ်ကြာမှ အခန်းထဲသို့ ပြန်လည်ဝင်ရောက်ကြည့်ရှုကြသောအခါ ထိုစစ်သားမှာ ပေါင်မုန့်ကြမ်းနှင့်ရေကိုသာ စားသောက်နေသည်ကို တွေ့မြင်ခဲ့ကြသည်။

ထိုအခါ ၎င်းစစ်သားအား “ဘာလို့ မုန့်နဲ့ရေကိုပဲ စားသောက်နေရတာလဲ” ဟုမေးရာ သူက ထမင်းဟင်းဝယ်စားရန် ပိုက်ဆံအလုံအလောက်မရှိကြောင်း၊ သင်္ဘောပေါ်ရှိ အစားအသောက်ဝန်ဆောင်မှုမှာလည်း ဈေးကြီးမည်ဖြစ်သောကြောင့် ဝယ်မစားနိုင်ခြင်းဖြစ်ကြောင်း ပြန်ဖြေခဲ့ပါသည်။ ဤသို့သိရသောအခါ ထိုစစ်သား၏မိတ်ဆွေ () ဦးက သင်္ဘောပေါ်ရှိအစားအသောက်များ ဈေးကြီးသည်မှာမှန်သော်လည်း ထိုအစားအသောက်အားလုံးအတွက် သင်္ဘောလက်မှတ်ဝယ်ယူခဲ့စဉ်ကပင် ပေးချေခဲ့ပြီးဖြစ်ကြောင်း၊ နောက်ထပ်ပိုက်ဆံပေးရန်မလိုတော့ကြောင်း ရှင်းပြခဲ့ကြသည်။ ထိုအခါမှစစ်သားခင်ဗျာ နားလည်သွားပြီး သူ၏မိတ်ဆွေများနှင့် ပျော်ရွှင်စွာစားသောက်ကာ ခရီးဆက်ကြလေတော့သည်။

ဤသို့ပင် ချစ်သောမိတ်ဆွေ၊ မိဘ၊ ညီအစ်ကိုမောင်နှမတို့ ယနေ့ကျွန်ုပ်တို့သည် ထိုစစ်သားကဲ့သို့ပင် လက်မှတ်နှင့်အတူပါသော အခွင့်အလမ်းများ၊ ရပိုင်ခွင့်များကို သတိမမူ၊ နားမလည်ခြင်းကြောင့် ဒုက္ခရောက်နေတတ်ကြသည်။ ကျွန်ုပ်တို့၌ သင်္ဘောလက်မှတ်တည်းဟူသော ခရစ်တော်ကို ရရှိပိုင်ဆိုင်ထားကြပြီးဖြစ်ပါသည်။ ယေရှုခရစ်တော်နှင့်တွဲလျက်ပါလာသော အရာများစွာရှိပါသည်။ ဘုရားသခင်၏သားတော်ယေရှုကို ယုံကြည်သောသူတို့သည် ထိုအရာများကို ရရှိပိုင်ဆိုင်၊ ခံစားခွင့်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ” ဟူသော နှုတ်ကပတ်တော်ခေါင်းစဉ်ဖြင့် ခွန်အားပေးသွားမည်ဖြစ်ပါသည်။

ပထမအနေဖြင့် ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းမှ လွတ်မြောက်မည်။ ယောဟန် ၃ : ၁၈ “သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။”

အစိုးရမှပြဋ္ဌာန်းထားသော ဥပဒေများကိုချိုးဖောက်ပါက အစိုးရဥပဒေအရ ပြစ်ဒဏ်အမျိုးမျိုး ချမှတ်အပြစ်ပေးခြင်းခံရမည်ဖြစ်သည်။ လောကစကြဝဠာတစ်ခုလုံးသည် ထာဝရဘုရားသခင်ဖန်ဆင်းပိုင်သအုပ်စိုး၍ အစိုးရသောကြောင့် ဘုရားသခင်ပြဋ္ဌာန်းသော ပညတ်ချက်များကိုချိုးဖောက်မိပါက တရားစီရင်အပြစ်ပေးခံရမည်ဖြစ်သည်။ သို့သော် သားတော်ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုယ်စား အသေခံပေးဆပ်ခဲ့ပြီးဖြစ်၍ လက်ခံယုံကြည်သောသူတို့သည် ဘုရားသခင်၏အပြစ်စီရင်ခြင်းမှ လွတ်မြောက်မည်ဖြစ်သည်။ ဟာလေလုယာ။ ချစ်သောဓမ္မမိတ်ဆွေတို့ ဘုရားသခင်၏သားတော်ကိုယုံကြည်၍ အပြစ်စီရင်ခြင်းအမျိုးမျိုးမှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသောသူများဖြစ်ဖို့ ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။

ကျွန်ုပ်တို့အားလုံးတို့သည် အာဒံနှင့်ဧဝတို့၏နာမခံခြင်းကြောင့် ဖြစ်ပေါ်လာသောဗီဇအပြစ်နှင့် မိမိတို့ကျူးလွန်ခဲ့ကြသော အပြစ်ဒုစရိုက်များအတွက်ကြောင့် အပြစ်စီရင်ခြင်းခံကြရမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထိုအပြစ်စီရင်ခြင်းမှ မလွတ်နိုင်ဘဲ ထာဝရသေခြင်းတည်းဟူသော ထာဝရငရဲသို့သွားကြရတော့မည်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်သည် လူသားတို့ကိုအလွန်ချစ်တော်မူသောကြောင့် ကျွန်ုပ်တို့ကိုယ်စား မိမိသားတော်ယေရှုခရစ်အား အပြစ်စီရင်၍ လက်ဝါးကပ်တိုင်၌ အပြစ်ဒဏ်ခံစေခြင်းအားဖြင့် လွတ်မြောက်ရာလမ်းကို ကျေးဇူးပြုခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ယေရှုခရစ်ကိုလက်ခံယုံကြည်လျှင် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြမည်ဖြစ်သည်။ ဘုရားသခင်သည် သခင်ယေရှုခရစ်အားဖြင့် ကျွန်ုပ်တို့ကိုထာဝရအသက်ပေးခဲ့ကြောင်း ရှင်ပေါလုက အောက်ပါအတိုင်းဖော်ပြထားပါသည်။

ရောမဩဝါဒစာ: ၂၃ “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။”

ဤနှုတ်ကပတ်တော်သည် သခင်ယေရှုကိုယ်တော်တိုင် မိန့်ဆိုထားသောကတိတော်စကားဖြစ်သည်။ ခရစ်တော်ဘုရား၏စကားတော်မှာ ရှင်းလင်းလှသည်။ သူ့၏အသေခံခြင်းအားဖြင့် ယုံကြည်သူများအား အပြစ်စီရင်ခြင်းမှကင်းလွတ်ခြင်းအခွင့်နှင့် ထာဝရအသက်ကိုပေးနိုင်ကြောင်း မိန့်တော်မူခြင်းဖြစ်ပါသည်။

ချစ်သောဓမ္မမိတ်ဆွေမိဘများတို့၊ ဘုရားသခင်၏သားတော်ကို ယုံကြည်ကိုးစား၍ အပြစ်စီရင်ခြင်းအမျိုးမျိုးမှ လွတ်မြောက်နိုင်သောသူများဖြစ်ဖို့ တစ်ယောက်စီတိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။

ဒုတိယအနေဖြင့် ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည် ပျက်စီးခြင်းမှလွတ်မြောက်မည်။ ယောဟန် ၃ : ၁၆ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။”

ပျက်စီးခြင်း” နှစ်မျိုးရှိသည်ဟု ပြောလိုပါသည်။ ပထမတစ်မျိုးမှာ ကိုယ်ခန္ဓာပျက်စီးခြင်း၊ ဘဝပျက်ခြင်းဖြစ်ပြီး ဒုတိယကတော့ ဝိညာဉ်ပျက်စီးခြင်း၊ လူ့ဝိညာဉ်ငရဲသို့ကျခြင်းဖြစ်သည်။ ဘုရားသခင်၏စကားတော်များကို နားမထောင်သောအခါ လူ့ကိုယ်ခန္ဓာနှင့်ဘဝသည် မတော်တဆမှုကြောင့်သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း၊ နတ်ဆိုး၊ ဝိညာဉ်ဆိုးနှင့် လူဆိုးများကြောင့်သော်လည်းကောင်း မသေခင်မှာပင် ပျက်စီးသွားနိုင်ပါသည်။ ဤပျက်စီးခြင်းမှာ ပထမပျက်စီးခြင်းဖြစ်ပြီး ယေရှုခရစ်တော်ကိုလက်မခံသောဝိညာဉ်များ ထာဝရငရဲမီးအိုင်သို့သွားခြင်းသည် ဒုတိယပျက်စီးခြင်းဖြစ်သည်။ ထိုပျက်စီးခြင်းနှစ်မျိုးမှ လွတ်မြောက်စေနိုင်သော တစ်ခုတည်းသောနည်းလမ်းမှာ ဘုရားသခင်၏သားတော် ယေရှုခရစ်အသေခံခြင်းကို လက်ခံယုံကြည်ခြင်းပင်ဖြစ်သည်။ ချစ်သောဓမ္မမိတ်ဆွေတို့၊ ဘုရားသခင်၏သားတော်ကိုယုံကြည်၍ ပျက်စီးခြင်းအမျိုးမျိုးမှလွတ်မြောက်ကာ ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ဝင်စားနိုင်သောသူများဖြစ်နိုင်ကြဖို့ ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။ ယေရှုခရစ်တော်ခံခဲ့ရသောဒဏ်ရာဒဏ်ချက်များသည် ယုံကြည်သောသူတို့၏ကိုယ်ခန္ဓာ၌ဖြစ်တတ်သော ဒဏ်ရာအမျိုးမျိုး၊ အနာရောဂါအမျိုးမျိုး ပျောက်ကင်းစရာအကြောင်းဖြစ်သည်။ ထိုအကြောင်းကို ပရောဖက်ဟေရှာယက ဟေရှာယအနာဂတ္တိကျမ်း ၅၃ : “သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည်အနာပျောက်လျက်ရှိကြ၏။” ဟူ၍ဖြစ်ပါသည်။

ယေရှုခရစ်တော်အသက်ပေး၍ လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏ဝိညာဉ် ငရဲမှလွတ်မြောက်စေရုံမျှသာမဟုတ်၊ လူသားများအား အပယ်ငရဲမှလွတ်မြောက်စေပြီး ကိုယ်ခန္ဓာ၌ဖြစ်တတ်သော အနာရောဂါအမျိုးမျိုးမှလည်းလွတ်မြောက်စေလျက်၊ ကျန်းမာသောအသက်တာအားဖြင့် ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေသည်။ သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။” ယောဟန် : ၁၈။ အပြစ်စီရင်ခြင်းဆိုသည်မှာ ပြဋ္ဌာန်းပိုင်ခွင့်ရှိစေဖို့ဖြစ်သည်။ မိတ်ဆွေအနေဖြင့် ယေရှုခရစ်၏အသေခံကယ်တင်ခြင်းသည် ကျွန်ုပ်တို့အတွက်ကျန်းမာခြင်းဖြစ်သည်ဟု သိရုံသက်သက်မဟုတ်ပဲ အမှန်တကယ်လက်ခံယုံကြည်၍ ကိုးစားမျှော်လင့်သောအားဖြင့် အနာပျောက်ခြင်းအခွင့်ကို ခံစားရမည်ဖြစ်သည်။ ချစ်သောဓမ္မမိတ်ဆွေတို့၊ ဘုရားသခင်၏သားတော်ကို ယုံကြည်ကိုးစားသောအားဖြင့် အနာရောဂါအမျိုးမျိုးမှလွတ်မြောက်ကာ ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေနိုင်သောသူများဖြစ်ဖို့ ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။

ယနေ့ ကမ္ဘာပေါ်တွင် ရောဂါအမျိုးမျိုးကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး ဒုက္ခရောက်သူများစွာရှိသလို စိတ်ဓာတ်ကျရောဂါကြောင့် ဘဝပျက်သူတွေကပိုများနေတာတွေ့ရမှာဖြစ်ပါသည်။ ကိုယ်ခန္ဓာ၌ဖြစ်သောရောဂါအမျိုးမျိုးတို့သည် ဆေးဝါးဖြင့်ကုသရန်လွယ်ကူသော်လည်း စိတ်နှလုံး၌ဖြစ်သောစိတ်ရောဂါသည် ကုသရန်အလွန်ခက်ခဲပါသည်။ ဆရာဝန်ကြီးများအတွက်ပင်လျှင် ကုသရန်ခဲယဉ်းလှပါသည်။ သို့သော်လည်း ယေရှုခရစ်အသေခံခြင်းသည် ထိုစိတ်ရောဂါကြောင့် ပျက်စီးနေသောလူ့ဘဝများကိုလည်း ပျက်စီးခြင်းမှလွတ်မြောက်အောင် ကုသပေးနိုင်သောအစွမ်းရှိပါသည်။ ထာဝရဘုရားသည် စိတ်နှလုံးကြေမွေနေသောသူ၊ စိတ်ရောဂါခံစားနေသောသူတို့ကို ဂရုစိုက်သောဘုရား၊ ထိုရောဂါမှလွတ်မြောက်အောင် ကုသပေးနိုင်သောဘုရားဖြစ်ကြောင်း ဆာလံဆရာက ဆာလံ ၁၄၇ : “စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏အနာကိုကုတော်မူ၏။” ဟုဖော်ပြထားပါသည်။ ချစ်သောမိဘ၊ ညီအစ်ကိုမောင်နှမတို့ စိတ်ကြေမွခြင်း၊ စိတ်ပင်ပန်းခြင်း၊ စိတ်ဓာတ်ကျခြင်းဝေဒနာခံစားရပါသလား။ သခင်ယေရှုထံ လာခဲ့ပါ။ သခင်ယေရှုအသေခံခြင်းသည် စိတ်ပျက်ခြင်းဝေဒနာအားလုံးမှလည်း လွတ်မြောက်စေနိုင်သော အစွမ်းရှိပါသည်။ ဘုရားသခင်၏သားတော်ကို ယုံကြည်ကိုးစားသောအားဖြင့် စိတ်ပင်ပန်းခြင်း၊ စိတ်ပျက်ခြင်းရောဂါဝေဒနာအမျိုးမျိုးမှလွတ်မြောက်ကာ ပျော်ရွှင်သော၊ ဘုရားဘုန်းတော်ထင်ရှားစေသောသူများဖြစ်ဖို့ ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။

တတိယအနေဖြင့် ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရမည်။ ယောဟန် ၃ : ၁၅ “ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည် အကြောင်းတည်း။”

ထာဝရအသက်”ဆိုသည်မှာ ထာဝရဘုရားသခင်နှင့်အတူ ကောင်းကင်နိုင်ငံတော်၌အတူနေခွင့်ရသော ဘဝအသက်တာကိုဆိုလိုပါသည်။ ထိုထာဝရအသက်သည် တိရစ္ဆာန်များမှခံစားခွင့်မရှိဘဲ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသော၊ ဘုရားသခင်၏ဇီဝအသက်မှုတ်သွင်းထားသော လူသားများကသာ ခံစားခွင့်ရှိပါသည်။ လူသားများသည် ရုပ်ခန္ဓာပျက်သော်လည်း မပျက်စီးနိုင်သော ဘုရားသခင်ထံတော်မှ ထာဝရအသက်ရှင်နိုင်သော ဇီဝအသက်ကိုရရှိထားသောသူများဖြစ်ကြပါသည်။ ထို့ကြောင့် သခင်ယေရှုခရစ်တော်ကို လက်ခံယုံကြည်သည်နှင့် ထိုသူသည် ထာဝရအသက်ကိုပိုင်ဆိုင်ရရှိပြီး ထာဝရအသက်ရှင်ကာ ကောင်းကင်နိုင်ငံ၌ ထာဝရဘုရားနှင့်အတူ စိုးစံခွင့်ရရှိမည်ဖြစ်သည်။

ချစ်သောဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမတို့ ဘုရားသခင်၏သားတော်ကိုယုံကြည်၍ ယခုပင်လျှင် မပျက်စီးနိုင်သောထာဝရအသက်ကို ရရှိပိုင်ဆိုင်သောသူများဖြစ်ဖို့ ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။

ထာဝရအသက်၏ဆန့်ကျင်ဘက်မှာ ထာဝရသေခြင်းပင်ဖြစ်သည်။ စာတန်မာရ်နတ်က လူသားများကို ဒုစရိုက်အပြစ်အမျိုးမျိုးပြုစေ၍ ထာဝရသေခြင်းသို့ခေါ်ဆောင်ရန်ကြိုးစားနေပါသော်လည်း ထိုစာတန်မာရ်နတ်၏ သေမင်းလက်နတ်ကို ယေရှုခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်၌ အသွေးသွန်းလောင်း၍ အောင်မြင်ခဲ့ပြီးဖြစ်ပါသည်။ ထိုအကြောင်းကို ရှင်ပေါလုက အောက်ပါအတိုင်းဖော်ပြထားပါသည်။

၁ကော ၁၅ : ၅၅ ၅၇ “အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်မြင်ခြင်းသည် အဘယ်မှာရှိသနည်း။ သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏တန်ခိုးကား၊ ပညတ်တရားပေတည်း။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကိုပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွာတကား။”

လက်ဝါးကပ်တိုင်ပေါ် ယေရှုခရစ်တော်အသေခံခြင်းအားဖြင့် မရဏာနိုင်ငံ၏တံခါးကိုရိုက်ချိုးခဲ့ပြီး ထာဝရအပယ်ငရဲသို့သွားရမည့် ကျွန်ုပ်တို့ဝိညာဉ်ကို ကယ်တင်ခဲ့ပါသည်။ သို့ဖြစ်၍ သေခြင်းတရားသည် ကျွန်ုပ်တို့ကိုမခြိမ်းခြောက်နိုင်တော့ပါ။ ထာဝရသေခြင်းငရဲသို့သွားရမည့် လူသားများသည် ယေရှုခရစ်ကိုယုံကြည်လာသောအခါ ထာဝရဘုရားသည် ကျေးဇူးပြုသောအားဖြင့် ထာဝရအသက်ကိုပေးကြောင်း ကျမ်းစာအားဖြင့်သိရသည်။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။” ရောမ ၆ : ၂၃ ဟူ၍ဖော်ပြထားပါသည်။

ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကိုရရှိထားပြီးဖြစ်ပါသည်။ သေလွန်ပြီးမှ ရရှိမည်မဟုတ်ပါ။ ယခုပင်ရရှိနေပြီဖြစ်သည်။ ချစ်သောဓမ္မမိတ်ဆွေတို့ ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းဖြင့် ထာဝရအသက်ကိုရရှိ၍ ထိုအသက်၌ပျော်ရွှင်ဝမ်းမြောက်သောသူများဖြစ်ဖို့ ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။

နိဂုံးချုပ်အားဖြင့် တရားဟောချက်အစ၌ ပြောခဲ့သောစစ်သားသည် လက်မှတ်၌ပါဝင်သောအချက်များကိုမသိခဲ့၍ ဆုံးရှုံးနစ်နာမှုများကြုံတွေ့ခံစားခဲ့ရသလို ယနေ့ယေရှုခရစ်တော်ကို ယုံကြည်ခြင်း၌ပါဝင်သော လွတ်မြောက်မှုများနှင့်ကောင်းကြီးမင်္ဂလာများကိုနားမလည်၍ နစ်နာဆုံးရှုံးသောသူမဟုတ် ရယူခံစားတတ်သောယုံကြည်သူများဖြစ်ဖို့ အရေးကြီးလှပါသည်။

ချစ်သောညီအစ်ကိုမောင်နှမတို့ ဘုရားသခင်၏သားတော်ကို ယုံကြည်သောအားဖြင့် အပြစ်စီရင်ခြင်းအမျိုးမျိုးမှ လွတ်မြောက်နိုင်သောသူ၊ ပျက်စီးခြင်းအမျိုးမျိုးမှ လွတ်မြောက်နိုင်သောသူနှင့် ထာဝရအသက်ကိုရရှိသောသူများဖြစ်နိုင်ကြဖို့ ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။