Skip to content

ဩဝါဒ အလွဲများ

“အကြောင်းမူကား၊ နောင်ကာလ၌လူတို့သည် စင်ကြယ်သော ဩဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။”
(၂ တိ ၄ : ၃ – ၄)

ဩဝါဒ အလွဲများ

 

သြဝါဒ မကောင်းဘူး ဆိုတဲ့ သြဝါဒတွေနဲ့
ငါတို့တွေ ကောင်းကောင်း အသတ်ခံနေရတယ်

သြဝါဒ သွေးခွဲစေတယ် ဆိုတဲ့ သြဝါဒတွေနဲ့
ငါတို့တွေ သွေးကွဲစေတယ်

သြဝါဒ အရေးမပါတယ် ဆိုတဲ့ သြဝါဒတွေနဲ့
ငါတို့တွေ အနက်ပျောက်စေတယ်

သြဝါဒ စည်းခြားစေတယ် ဆိုတဲ့ သြဝါဒတွေနဲ့
ငါတို့တွေ ညီညွတ်စွာ လမ်းမှားစေတယ်

သြဝါဒ တိုက်ဖျက်ရမယ် ဆိုတဲ့ သြဝါဒတွေနဲ့
ငါတို့တွေ ဖြိုဖျက်ခံနေရတယ်

သြဝါဒ ဆိုတာကို သေချာမသိတဲ့ သြဝါဒတွေနဲ့
ငါတို့တွေ အမုန်းမီးတောက်ခဲ့ရတယ်

သခင်ကိုယ်တိုင်က သူပေးသမျှသော သြဝါဒတွေ ပြန်သွန်သင်ကာ
တပည့်တော်ဖြစ်ဖို့ မဟာစေခိုင်းချက် မိန့်ကြားခဲ့လည်း
သြဝါဒတွေအောက်က မြေစာပင်များ ..