Skip to content

အသည်းရောင်အသားဝါ “စီ” ပိုးရောဂါအကြောင်းသိကောင်းစရာများ

လူတိုင်းသည် ‘စီပိုး’ ကူးစက်ခြင်း မခံရအောင် ကျန်းမာရေးအသိနှင့်ယှဉ်၍ ကာကွယ်ဆင်ခြင်ဂရုပြုကြရမည်။ လူထုလက်လှမ်းမီသော စီပိုးစစ်ဆေးခြင်းကို ခံယူရမည်။

အသည်းရောင် စီပိုးသည် RNA Virus ပိုးတစ်မျိုးဖြစ်ပြီး ပိုးကွဲ အမျိုးအစား ၁ ၊၂၊ ၃၊ ၄၊ ၅ နှင့် ၆ ဟူ၍ ()မျိုးရှိပါသည်။ ကမ္ဘာပေါ်တွင် စီပိုးကူးစက်ထားခံနေရသော လူပေါင်း သန်း(၈၀) ခန့်ရှိပြီး၊ နှစ်စဉ် လူပေါင်း()သိန်းခန့်သည် စီပိုးနှင့် ဆက်နွယ်သော အသည်းရောဂါများကြောင့် အသက်ဆုံးရှုံးနေကြရပါသည်။ မြန်မာနိုင်ငံတွင်လည်း လူဦးရေ၏ (.%) ခန့်သည် စီပိုးရှိနေကြသူများဖြစ်ကြပါသည်။

ရောဂါဖြစ်စဉ်

ယေဘူယျအားဖြင့် စီပိုးဝင်ရောက်ခံရသူများတွင် ရက်၊လ အနည်းငယ်အတွင်း အသည်းရောင်ရောဂါ(Acute Hepatitis) ဖြစ်စေပြီး၊ ပျောက်ကင်းသွားသူများ ရှိသကဲ့သို့ အသည်းရောင် လက္ခဏာမပြ၊ ပိုးဝင်ခံရမှုမသိဘဲ နှစ်ပေါင်းအတန်ကြာမှ နာတာရှည်အသည်းရောင်ရောဂါ (Chronic Hepatitis)၊ အသည်းခြောက် (Cirrhosis)၊ အသည်းကင်ဆာ (Hepatocellular Carcinoma) များဖြစ်ပွားစေနိုင်သော ပိုးဖြစ်ပါသည်။ အသည်းရောင် စီပိုးစတင်ကူးစက်ဝင်ရောက်ပြီး ရောဂါလက္ခဏာ ပြရန်ကြာချိန်မှာ () ပတ်မှ () လအထိကြာမြင့်လေ့ရှိပါသည်။ အသည်းအင်ဇိုင်း ALT(Alanine Aminotransferase) သည်လည်း မြင့်တက်နေပါသည်။ Anti HCVဟုခေါ်သော ပဋိပစ္စည်းမှာ ပိုးကူးစက်ခံရသူများ၏ သွေးထဲတွင် စီပိုးစတင်ဝင်ရောက်ပြီး (၁၂) ပတ်အကြာတွင် တွေ့ရှိနိုင်ပါသည်။ Anti HCV ခေါ် ပဋိပစ္စည်းသည် သွေးထဲတွင် တစ်ခါပေါ်ပြီးလျှင် အမြဲတမ်း ကျန်ရှိနေတော့မည် ဖြစ်သည်။

အသည်းရောင်စီပိုး စတင်ဝင်ရောက်ပြီးနောက် ရလဒ်နှစ်မျိုး ဖြစ်နိုင်ပါသည်။

၁။ စီပိုးဗိုင်းရပ်(စ်)ကို ခန္ဓာကိုယ်မှ အပြီးတိုင် သုတ်သင်ရှင်းလင်းနိုင်ပြီး ခန္ဓကိုယ်တွင်အသည်းရောင်စီပိုးမရှိတော့ခြင်း၊ (ဖြစ်နိုင်ချေ ၁၅၃၀%)

၂။ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ ဗိုင်းရပ်(စ်)ပိုးကို မသုတ်သင်မရှင်းလင်းနိုင်သောကြောင့် နာတာရှည် အသည်းရောင်စီပိုးအဖြစ် ကျန်ရစ်ခြင်းတို့ဖြစ်နိုင်သည်။ (ဖြစ်နိုင်ချေ ၇၀၈၅%)

အသည်းရောင်ရောဂါ "စီ" ပိုး ကူးစက်ပုံ

အသည်းရောင်စီရောဂါပိုးမှာ အောက်ပါနည်းလမ်းများနှင့် ကူးစက်နိုင်ပါသည်။

  • ရောဂါပိုးရှိသော သွေးပေသည့် အပ်စူးမိခြင်း၊ ရောဂါပိုးရှိသောသွေးပေသည့်ဆေးထိုးအပ်ဖြင့်မူးယစ်ဆေး၊ အကြောဆေးသွင်းမိခြင်း(၆၀%)

  • ရောဂါပိုးရှိသောမိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း။ (ဖြစ်နိုင်ချေ အလွန်နည်းသည်)

  • ခန္ဓာကိုယ်တွင် အသီးကလေးများ၊ အလှတန်ဆာပလာများဖောက်၍ တပ်ဆင်ခြင်း၊ နားဖောက်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း (ထိုးသောနေရာအလိုက်ကွာခြားသည်။ ဥပမာလမ်းဘေးဆိုင်၊ အကျဉ်းထောင်)

  • ရောဂါပိုးရှိသောသူနှင့် လိင်ဆက်ဆံခြင်း။ (၁၅%)

  • ရောဂါပိုးရှိသော သွေးသွင်းမိခြင်း။ (၁၀%)

  • အထက်ပါနည်းလမ်းများဖြင့် ကူးစက်ခြင်း မဟုတ်သော ကူးစက်ပုံ ကူးစက်နည်း မသိသောကူးစက်ခြင်း။ (၁၀%)

အသည်းရောင်စီပိုး ရောဂါလက္ခဏာများ

အသည်းရောင်စီပိုးရှိသူအများစုသည် အသည်းလုပ်ငန်းဆောင်တာများကောင်းနေသရွေ့ရောဂါလက္ခဏာ မပြတတ်ပါ။ ပြနိုင်သော ရောဂါလက္ခဏာများမှာ. . .

  • မျက်လုံးဝါခြင်း၊ အသားဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း။

  • မောခြင်း၊ နုန်းခြင်း၊ ဖျားခြင်း။

  • အစားအသောက်ပျက်ခြင်း။

  • သွေးထွက်လွယ်ခြင်း တို့ဖြစ်ပါသည်။

"စီ" ပိုးရောဂါရှိသော လူနာများ လိုက်နာရန်

  • ဆေးလိပ်၊ အရက်၊ ကွမ်း(လုံးဝ) ရှောင်ရမည်။

  • ပရဆေးနှင့် စပ်ဆေးများ (လုံးဝ) မသောက်ပါနှင့်။

  • တာရှည်ခံအောင်ပြုလုပ်ထားသော အစားအစာများ၊ ဆိုးဆေးပါသော အစားအစာများ မစားပါနှင့်။

  • သံဓာတ်ကြွယ်ဝသောအစားအစာများ(အသဲအမြစ်၊ ကလီစာ၊ ဟင်းနုနွယ်များ)နှင့် သံဓာတ်ပါဝင်သော ဆေးဝါးများ မစားပါနှင့်။

  • အဆီအနှစ်၊ မလိုင်၊ ထောပတ်၊ ကြက်ဥအနှစ်၊ ဘဲဥအနှစ်၊ ဆီကြော်မှုန့်များ လျှော့စားပါ။

  • အငန်လျှော့စားပါ။(ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုဇွန်ခြောက်)

  • အကိုက်အခဲ ပျောက်ဆေးများ၊ သံဓာတ်ပါဝင်သော အားဆေးများမသောက်ပါနှင့်။

  • အချဉ်ဓာတ်လွန်ကဲသော အသီးများစားခြင်းနှင့် ဗီတာမင်စီ များစွာသောက်ခြင်းကိုရှောင်ပါ။

  • Gas ပါသော အချိုရည်များ ရှောင်ပါ။

  • မုန့်ဖုတ်ဆိုဒါပါသော အစားစာများ လျှော့စားပါ။ (ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ်)

ဤဆောင်ပါးသည် ၂၀၁၉ ခုနှစ်၊ မေလထုတ် Mylan မှ ပံ့ပိုးကူညီပေးသော အသိပညာပေး လက်ကမ်းစာစောင်မှ အနည်းငယ် ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

 

သင်သည် “စီ” ပိုး ကူးစက်ခံရသူဖြစ်ပါက ဆေးကုသမှုကို ခံယူပါ။အသည်းရောဂါနှင့် ပတ်သတ်၍ ဆေးကုသမှုခံယူလိုသော်လည်း ဆရာဝန် စမ်းသပ်ကုသခ များ၍ ဆေးကုသစရိတ်မတတ်နိုင်မည်ကို စိုးရိမ်ပူပန်နေပါက သင့်အား မေတ္တာဖြင့် ကုသပေးမည့် ကုသိုလ်ဖြစ် ဆေးခန်းရှိကြောင်း သတင်းကောင်းပါးလိုပါသည်။

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း()

အမှတ် ၃၃/၃၅၊ ပုသိမ်လမ်း၊ ကျွန်းတော(အလယ်)ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း – (၀၉) ၉၆၄၄၈၂၈၂၀၊ (၀၉) ၉၆၄၅၈၂၈၂၀
ဆေးခန်းဖွင့်ချိန် – နံနက် ၈:၃၀ မှ ညနေ ၄:၃၀ နာရီအထိ (ကြာသပတေး နေ့တိုင်း ပိတ်ပါသည်)

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း()

အမှတ်ဘီ()၊ သီရိရိပ်သာလမ်းသွယ်()၊ ၃၅ လမ်း၊ ၇၀/၇၁ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
ဖုန်း – (၀၉) ၉၅၄၄၈၂၈၂၀၊ ၉၅၄၅၈၂၈၂၀

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း

အသည်းရောဂါများကိုသာ ကုသပေးသော ကုသိုလ်ဖြစ်ဆေးခန်းဖြစ်ပါသည်။

အခြားရောဂါများကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများသို့ မိမိ အစီအစဥ်ဖြင့် သွားရောက်ပြသရမည် ဖြစ်ပါသည်။

အချိန်ပိုင်း ဖွင့်လှစ်သော ဆေးခန်းဖြစ်သဖြင့် အရေးပေါ်လူနာများအား ဆေးခန်းတွင် လက်ခံကုသရန် မဖြစ်နိုင်ပါ။

ဆေးရုံကဲ့သို့ ပြီးပြည့်စုံသော ဆေးဝါးကိရိယာများ မရှိသောကြောင့် အရေးပေါ် အခြေအနေဖြစ်ပေါ်နေသော လူနာများ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနတွင်သာ (အမြန်ဆုံး) သွားရောက်ပြသပါရန်။

ဆရာဝန် စမ်းသပ်ကုသခြင်းသည် (အခမဲ့) ဖြစ်ပါသည်။

အလုံးစုံ (အခမဲ့) တာဝန်ယူ ကုသပေးသော ဆေးခန်းမဟုတ်ပါ။

အချို့သော ရောဂါရှာဖွေစမ်းသပ်ခြင်းကို အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ပြုလုပ်ပေးမည်ဖြစ်ပြီး လိုအပ်သောရောဂါရှာဖွေခြင်းနှင့် ကုသသော ဆေးဝါးများကို လူနာ/လူနာရှင်များမှ အကုန်အကျခံရမည်ဖြစ်ပါသည်။

ဆေးခန်းမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဆရာဝန်ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ပေးပါရန် ဖြစ်ပါသည်။


စီ” ပိုးရောဂါအန္တရာယ်အား သိရှိရန်နှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရန်၊ အချိန်မီ ဆေးကုသမှုခံယူနိုင်ပါရန် သခင်ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်ကို အရင်းတည်လျက် ဤဆောင်းပါးအား မေတ္တာဖြင့် ရေးလိုက်ပါသည်။