“သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။” (၁ ပေ ၁:၁၃)
ဒီစကားဟာ ရှင်ပေတရုက ယုံကြည်ခြင်းကြောင့်ဖိနှိပ်ညှင်းဆဲခြင်းကိုကြုံနေရသောသူတို့အား အားပေးထားသောစကားဖြစ်ပါတယ်။(၁ပေ ၁:၆-၇)
ခေတ်အဆက်ဆက်တိုင်းမှာရှိဦးမယ့် ယုံကြည်သူတွေတွက် ယခုလက်ရှိဘဝဟာ အရာခပ်သိမ်းရဲ့ အဆုံးမဟုတ်ဘူးဆိုတာ အမှတ်ရနေဖို့လိုအပ်ပါတယ်။
ဒီဘဝရဲ့အခြေအနေတွေက သင့်ကိုစိတ်ဖိစီးမောပန်းစေတဲ့အခါ ဘုရားသခင်နှင့်သူရဲ့သမ္မာစကားအပေါ်မှာ မြော်လင့်တတ်ခြင်းငှါ သင်ယူပါ။
သခင်ဘုရား၌ မြော်လင့်ခြင်းဆိုသည်မှာ ယုံမှားဖွယ်မရှိ စိတ်ချနိုင်သောအရာ၌ မြော်လင့်ခြင်းဖြစ်သည်။
ဘဝရဲ့ မသေချာမရေရာခြင်းတွေက သခင်ဘုရား၌ ရှိသောစိတ်ချခြင်းတွေကို လုယူစေလိုက်တာဟာ အလွန်မိုက်မဲပါတယ်။
ဒါကြောင့် ဆာလံဆရာကပြောပါတယ်
“ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့၊ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိကြလော့။”
ဆာလံကျမ်း ၃၁:၂၄
#λόγος #thylogos #theblesseddesk #မြော်လင့်ခြင်းမြော်လင့်ရာ #ဇာခရိ