အရှက်တကွဲဖြစ်ရခြင်းဆိုသည်မှာ သခင်ဘုရားသည် မာနထောင်လွှားသောသူအားနှိမ့်ကျစေသောဖြစ်စဉ်ဖြစ်သည်။
မာနထောင်လွှားခြင်းအား သခင်ဘုရားသည်ရွှံမုန်းပါသည်။
ထိုအရာနှင့်ပက်သက်ပြီး သခင်ဘုရားသည်သူ၏လူတွေအား သည်းညည်းခံမည်မဟုတ်ပါ။
ရှောလမုန်မင်းကြီးက “မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။” (သုတ္တံ ၂၉:၂၃)
ရှင်ယာကုပ်ကလည်း “ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။” (ယာကုပ် ၄:၆)
သခင်ဘုရားသည် သင်အဖို့ရန်သူ သို့မဟုတ် ပြိုင်ဖက်ဖြစ်လာပြီလော။
ဒါဆိုရင်တော့ သင်သတိပြုမိတဲ့ သင့်အသက်တာထဲက ချီးမွမ်းခြင်းကိုခံချင်သော၊ ဝါကြွားလိုသော သဘောကို နောင်တရဖို့လိုပါပြီ။
အရှက်တကွဲမဖြစ်ချင်ရင် နှိမ့်ချခြင်းကိုအရင်ဦးစွာ သင်ယူတတ်စေပါ။