Skip to content

ကယ်တင်ခြင်းသည် အပြစ်သားအတွက် ဘုရားပေးသော လက်ဆောင်

ကယ်တင်ခြင်းသည် အပြစ်သားအတွက် ဘုရားပေးသော လက်ဆောင်ဖြစ်သည်။ လူသားတိုင်းအတွက်ဖြစ်သည် (ယော ၃:၁၆)။ သို့သော် ယေရှုခရစ်တော်တစ်ပါးတည်းအားဖြင့်သာ ရရှိနိုင်သည်။
သခင်ယေရှုက “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ရှင်ယောဟန်‬ ၁၄:၆)။
တမန်တော်ကြီးရှင်ယောဟန်က “သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။”(၁ ယော‬ ၅:၁၂)။

သခင်ဘုရား၏ကယ်တင်ခြင်းကိုရရှိဖို့ရာ ကိုယ့်အပြစ်တွေကို နောင်တရခြင်းရှိရပါမယ် (တမန် ၃:၁၉၊ ၁၇:၃၀)။
သခင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံရပါမယ် (တမန် ၁၆:၃၁၊ ဧဖက် ၂:၈-၉)။
အခြားနည်းလမ်းရှိသမျှသည် အရှုံးပေတည်း။ သို့သော် ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်ခံရသော ကယ်တင်ခြင်းသည် ကျွန်ုပ်တို့အသက်တာတွင် ဘုန်းကြီးသော အကျိုးကိုဖြစ်စေသည်။
ထိုအရာမှာ ကျွန်ုပ်တို့ကို အပြစ်၏ကျေးကျွန်မှ လွတ်မြောက်စေခြင်းနှင့် ထာဝရစီရင်ခြင်းမှ ကယ်တင်ခြင်းပင်ဖြစ်သည်။
ကျွန်ုပ်တို့၏ ကယ်တင်ရှင်အားအစေခံဖို့ရာလည်း နေရာပေးသည်။ ထာဝရအသက်အတွက် သေချာသော မျှော်လင့်ခြင်းလည်းပေးပါသည်။