Skip to content

အကောင်းဆုံးမိတ်ဆွေ ယေရှု

မိတ်ဆွေသူငယ်ချင်းမရှိတဲ့ ဘဝကို အဘယ်သူမျှကျေနပ်ရောင့်ရဲလိမ့်မည်မဟုတ်ပါ။ တစ်ယောက်တည်းသီးခြားနေခြင်းက ဘဝကိုအကောင်းဆုံးဖြတ်သန်းခြင်းလို့မဆိုနိုင်ပါ။

ဒါဆိုဘယ်အရာက စစ်မှန်တဲ့ခင်မင်ရင်းနှီးမှုလဲ? အဲ့ဒါကတော့ ချစ်ခြင်း၊ ကတိပြုခြင်း၊ သစ္စာရှိခြင်း လက္ခဏာတွေရှိတဲ့ ဆက်ဆံမှုမျိုးပဲဖြစ်ပါတယ်။

သင့်ရဲ့ ဘဝခရီးကိုဖြတ်သန်းတဲ့အခါ မိတ်ဆွေသူငယ်ချင်းကောင်းတွေကိုရှာဖွေပါ။ သေချာတာကတော့ ဘုရားသခင်ရဲ့စကားတော်၌အသက်ရှင်တဲ့ မိတ်ဆွေတွေကိုသင်အလိုရှိမှာပါ။ သင့်ကိုအပြစ်သို့သွေးဆောင်သွားမည့်သူတွေနဲ့ သင့်ကိုယ်တိုင်ကိုဝန်းရံစေပြီး အသက်ရှင်မည့် အမှားကိုတော့မလုပ်မိပါစေနှင့်။

သို့သော် ဘုရားဝတ်၌မွှေ့လျော်သည့် မိတ်ဆွေရရှိခဲ့လျင် အပြန်အလှန်အားဖြင့် သင်လည်းကောင်းသောမိတ်ဆွေ အဖြစ်ရှိပေးပါ။ တစ်ကိုယ်ကောင်းမဆန်ဘဲ ကြင်နာပါ။ ဝေငှပေးကမ်း မျှဝေတတ်ဖို့ရာ သင်ယူပါ။ အထူးသဖြင့် သစ္စာရှိပါ။ အခြေအနေကောင်းလို့ ပေါင်းသင်းမှုမျိုးမဖြစ်ပါစေနှင့်။ ခက်ခဲချိန်များမှာလည်း သူတို့အနားမှာရပ်တည်တတ်ဖို့ရာလည်း သင်ယူပါ။

#thylogos #theblessedesk #မိတ်ဆွေ #အကောင်းဆုံးမိတ်ဆွေယေရှု