Skip to content

သင့်ရဲ့ သခင်ဟာ ဘုရားလော၊ ငွေလော။

ငွေကြေး၌လောဘရှိခြင်းသည် အများသောသူတို့ကို ဘုရားဝတ်၌မွှေ့လျော်ခြင်းလမ်းမှ လွဲစေသည်။

သခင်ယေရှုကပြောပါတယ် “အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။” (မဿဲ‬ ၆:၂၄)

ပိုက်ဆံမရှာရဘူး အလုပ်မလုပ်ရဘူးလို့ ပြောနေခြင်းမဟုတ်ပါ။ ဒါပေမယ့် သခင့်ကိုအစေခံနေပါလျက် ပိုက်ဆံ၏ကျေးကျွန်မဖြစ်စေချင်ခြင်းသာ။

ငွေရဲ့ကျေးကျွန်ဟာ ငွေကိုချစ်ခြင်းရဲ့ အုပ်စိုးမှုကို ခံနေရသူပါပဲ။

သင့်ရဲ့ သခင်ဟာ ဘုရားလော? ငွေလော?
အဲ့နှစ်ခုလုံးကိုတော့ သင်အစေခံလို့မရဘူးနော် မိတ်ဆွေ။

#λόγος #thyLogos #I_Timothy6_9 #Matthew6_24