သခင်မပါပဲ လူ့ဘဝကြီးဟာ
အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး၊ အဓိပ္ပာယ် မရှိဘူး ဆိုတာကို သိပြီး
သခင့်ကိုပဲ အစဉ်အားကိုးကာ အသက်ရှင်တတ်ဖို့
ဘဝမှာ ကြုံတွေ့ရင်ဆိုင်ရတဲ့
သခင်ပြင်ဆင်ရာ ဆူးလေးတွေက
နှလုံးသားမှာ ဒဏ်ရာတွေဖြစ်စေပါသော်လည်း
ဝိညာဉ်အသက်တာကိုတော့
သခင်နဲ့ နီးသည်ထက်နီးအောင် သွန်သင်ပေးနေတော့…
ရှင်ပေါလုကို သခင် မိန့်တော်မူတဲ့
“ငါ့ကျေးဇူးသည် သင့်အတွက် လုံလောက်ပေ၏” ဆိုတဲ့ စကားတော်ကို ကျွန်တော် နားလည်ပါပြီ။
#λόγος #thyLogos #in_grace_i_found_my_strength #ဆူးဟုထင်ရသော_ကျေးဇူးတော်တရား
၂ ကော ၁၂ : ၇ - ၉
" ငါခံရသောဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည်ထောင်လွားသောစိတ်မရှိစေခြင်းငှါ၊ ငါ့ကို ဒဏ်ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။ ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကိုငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်၊ ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ်၌ အား နည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။ "