ဆာလံကျမ်း ၁၄ : ၁
" ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏။ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဘွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသော သူတယောက်မျှမရှိ။ "
“စကြဝဠာကြီးရဲ့ နောက်ကွယ်မှာ ဘာအသိဉာဏ်မှ (ဉာဏ်တော်ရှင်) မရှိဘူးလို့ ယူဆကြည့်ပါ။ အဲ့လိုအခြေအနေမျိုးမှာဆိုရင် ကျွန်တော့်ဦးနှောက်ကို စဉ်းစားတွေးခေါ်ဖို့ဆိုတဲ့ရည်ရွယ်ချက် အတွက်ဆိုပြီး ဘယ်သူကမှ ရည်ရွယ်ချက်ရှိရှိ ရေးဆွဲဖန်တီးထားတာမျိုးရှိမှာ မဟုတ်ပါဘူး။ တွေးခေါ်ဆင်ခြင်မှု ဆိုတာကလည်း ကျွန်တော့်ဦးခေါင်းခွံထဲက အက်တမ်အမှုန်အချို့ရဲ့ ဘာရည်ရွယ်ချက်မှ မရှိတဲ့ ထုတ်ကုန်တစ်ခုမျှသာ ဖြစ်ပါတော့တယ်။ အဲ့လိုသာဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင် အတွေးအခေါ်ယူဆချက်၊ ထင်မြင်ချက်၊ စိတ်ကူး စတာတွေက မှန်တယ်လို့ ကျွန်တော်ဘယ်လိုစိတ်ချလို့ရနိုင်တော့မလဲ။ ကိုယ့်ကိုယ်ပိုင် အတွေးကိုတောင်မှ စိတ်ချနိုင်စရာအကြောင်းမရှိတော့ရင် ဘုရားမဲ့ဝါဒဆီကို ဦးတည်စေတဲ့ ဘယ်အကြောင်းပြချက်ကိုမှ ကျွန်တော်လက်ခံယုံကြည်လို့မရတော့ဘူးလေ။ ဒါကြောင့် ဘုရားမဲ့ဝါဒီသမားတစ်ယောက်ဖြစ်ဖို့ သို့မဟုတ် အခြားခံယူချက်တွေကို လက်ခံသောသူ ဖြစ်လာဖို့ ကျွန်တော့်မှာ အကြောင်းပြချက် လုံးဝကို မရှိတာပါ။ ကျွန်တော်ဟာ စကြဝဠာကို ဖန်ဆင်းတော်မူတဲ့ အနန္တဉာဏ်တော်ရှင်ထာဝရဘုရားသခင်ကိုမှ မယုံကြည်ရင် ခုနကပြောခဲ့ပြီးသလိုပဲ ကိုယ့်ကိုယ်ပိုင်အတွေးကိုတောင်မှ ယုံကြည်စိတ်ချနိုင်စရာအကြောင်း မရှိပါဘူး။ အဲဒါကြောင့် ဘုရားသခင်ကို မယုံကြည်ဖို့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်းကို ဘယ်တော့မှ အသုံးမပြုနိုင်ဘူး။ “
~ ဆရာကြီး စီ.အက်စ်.လူးဝစ်(စ်)
ရောမဩဝါဒစာ ၁ : ၁၉ - ၂၃
" အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည်ကာလမှ စ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ၏။ ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊ မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ၏ ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက် ကြ၏။ "