- သခင် စိတ်ကျေနပ်ပါ့မလား ဆိုတာ မတွေးပဲ ကိုယ်စိတ်ကျေနပ်နေတာနဲ့တင် ဘုရားသခင်ရဲ့ အလိုတော်လို့ တကျော်ကျော် ပြောနေတဲ့ သူက ခင်ဗျား နဲ့ ကျွန်တော်များ ဖြစ်နေမလား။
- သခင့်အလိုတော်က ဇာတိယစ်မူးပျော်မွှေ့ခြင်း နဲ့ အတ္တဆန်တဲ့ ဆန္ဒတွေကနေ လွတ်မြောက်ဖို့ ဆိုတော့ အလိုတော်လမ်းဟာ အမြဲတမ်း ဇာတိသဘောအတွက် ဝမ်းနည်းစရာ၊ ကြေကွဲစရာ၊ ခါးသီးစရာတွေ ဖြစ်နေတတ်တယ်ဆိုတာကို မသိတဲ့သူက ခင်ဗျား နဲ့ ကျွန်တော်များ ဖြစ်နေမလား။
- သတင်းကောင်းဆိုတာက ဇာတိကို သတ်ပြီး ဖြောင့်မတ်ခြင်းမှာ အသက်ရှင်ခွင့်ကို ကျေးဇူးတော်ကြောင့် ခရစ်တော်အားဖြင့် ရရှိထားတာ ဆိုတာကို နားမလည်တဲ့သူက ခင်ဗျား နဲ့ ကျွန်တော်များ ဖြစ်နေမလား။
ရောမဩဝါဒစာ ၆ : ၁ - ၁၁
" ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော်ပွါးများစေခြင်းငှါ အပြစ်တရားကို ကျင့်၍ နေရမည်လော။ ထိုသို့မနေရ။ အပြစ်တရားမှ စုတေ့သောသူတို့ သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။ ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။ တနည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန်လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။ ထိုမှတပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှါ၊ အပြစ်တရား၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။ သေသောသူသည် အပြစ်တရား၏ လက်မှ လွတ်လျက်ရှိ၏။ ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။ သေခြင်းတရားသည် နောက်တဖန်ကိုယ်တော်ကို မအုပ်စိုးရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင်၊ ထိုသခင်နှင့်အတူ ရှင်လိမ့်မည်ဟုသဘောရှိကြ၏။ ခရစ်တော်သည် အသေခံတော်မူရာမှာ၊ အပြစ်တရားကြောင့် တကြိမ်သာခံတော်မူ၏။ အသက်ရှင်တော်မူရမှာ၊ ဘုရားသခင့်အဘို့ ရှင်တော်မူ၏။ ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည်ဟူ၍၎င်း၊ ဘုရားသခင်နှင့်ဆိုင်သောအရာ၌ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍၎င်း၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့။ "