လူနဲ့သူ
လူဘက်ကသာ အားနည်း
လူဘက်ကသာ ဆင်းရဲ
လူဘက်ကသာ စဉ်းလဲ
လူဘက်ကသာ ပြောင်းလဲ
သူဘက်ကတော့ တွဲဆဲ
သူဘက်ကတော့ ပေးမြဲ
သူဘက်ကတော့ ကောင်းမြဲ
သူဘက်ကတော့ မပြောင်းလဲ
အဆုံးမှာတော့ အသက်ကိုလည်း ပေးရဲ…
ဆင်ခြင်နှလုံးသွင်းရန် သမ္မာကျမ်းစာ
"ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။"
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁ : ၁၂
"သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။"
ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၅ : ၁၂