Skip to content

ယေရှုသခင်

ယေရှုသခင်

 

  • အမြင့်ဆုံးမှ အနိမ့်ဆုံးသို့
    ဘုန်းစည်းစိမ်တွေ ချန်ကာရစ်လို့
    လူဇာတိကို ခံယူခဲ့တဲ့ သခင်…။

  • အရာခပ်သိမ်း အစိုးရလျှက်
    တိတ်တိတ်တဆိတ် ကားတိုင်ထက်သို့
    နိမ့်ချစွာနဲ့ လျှောက်လှမ်းသွားတဲ့သခင်…။

  • လူတကာရဲ့သခင်ဖြစ်လည်
    လူအပေါင်းရဲ့ပြစ်တင်မှုခံ
    ဖခမည်းတော့်အလိုတော်ကို
    နှိမ့်ချစွာနဲ့ပြည့်စုံစေခဲ့တဲ့ သခင်…။

  • ဘုရားနဲ့လူကြား ကြွေးကျန်အပြစ်
    အသက်ကိုနှင်း ပေးဆပ်ခဲ့ကာ
    သခင်သည်သာ လူတိုင်းအတွက်
    တခုတည်းသော အာမခံ…။

  • တစ်လောကလုံး စီရင်ပိုင်ခွင့်
    ရှိနေနှင့်လည်း နောင်တတရားနဲ့
    သင့်အပြန်လမ်းကို စောင့်နေတာလည်း
    မေတ္တာပိုင်ရှင် ထိုသခင်ပင်…။

  • အစိုးရခြင်းအလုံးစုံနဲ့
    ကောင်းကင်တမန် ဝိုင်းကာရံလို့
    ဒုတိယမ္ပိ ကြွမည်ဧကန်
    သခင်ယေရှုကြွတော်မူပါ…။