Skip to content

လူတချို့က မျက်စိနှင့်တပ်အပ်မြင်မှသာလျှင် ယုံကြည်ကြတယ်..
ထိုသို့သောအရာကို ရှိသည်ဟု ဝန်ခံကြတယ်
လေကိုကျတော့ မမြင်ရသော်လည်း မရှိဘူးလို့ ဘယ်သူမှမငြင်းခုံကြဘူး
ငြင်းရင်လည်းကိစ္စမရှိဘူး သင့်ခန္ဒာပေါ်မှာရှိတဲ့ နှာခေါင်းနဲ့အဆုတ်ကတော့ တသက်လုံးမငြင်းဘူး..

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၁:၁
ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသော အရာတည်းဟူသော အသက်ရှင်သော နှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အား ပြသကြ၏။

ရှင်ယောဟန်ကြီးကိုယ်တိုင် ကြုံခဲ့ မြင်ခဲ့ စမ်းသပ်ခဲ့ တဲ့ အသက်ရှင်တဲ့နှုတ်ကပတ်တော်နှင့်ဆိုင်တဲ့အရာ ကိုပြတယ်..
မရှိတဲ့အရာကိုလာပြနေတာမဟုတ်ဘူး..
ထာဝရတည်တဲ့အရာကိုပြနေတာ…မြည်းစမ်းတွေ့မြင်ရရှိထားလို့ ပြနေနိုင်တာ..

လူတွေကကြိုးစားအားထုတ်မှုအပေါ်မှာမူတည်ပြီး ဖြစ်တည်ခြင်းအရာကို ပုံဖော်ကြတယ်….

ရှင်ယောဟန်ခရစ်ဝင် ၁:၃
နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။

ဘုရားကအရာခပ်သိမ်းကိုဖန်ဆင်းတယ်..
သူဖန်ဆင်းတဲ့အရာနဲ့လွတ်တာတစ်ခုမှမရှိဘူး..
သူ့ကိုလည်းဘယ်သူမှမဖန်ဆင်းဘူး…
ဘာကြိုးစားအားထုတ်မှုကြောင့်မှလည်းဘုရားဖြစ်လာတာမဟုတ်ဘူး
ဘာဖြစ်လို့လဲဆိုတော့ သူကအဦးဆုံးသူ အစ ဖြစ်လို့ဘဲ
ရှင်ယောဟန်ခရစ်ဝင် ၁:၁
အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။

ဗျာဒိတ်ကျမ်း ၁:၈
ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။

ကာလအစဉ်အဆက်တည်၍ အသက်ရှင်၍ စိုးစံတဲ့ဘုရားဖြစ်တယ်…
မမြင်ရဘူးဆိုပြီး.. လုပ်ယူထားတယ် .. မရှိဘူးမထင်လိုက်နဲ့…
သက်သေတွေအများကြီးရှိတယ်..
ဒါပေမဲ့ သင့်အထဲမှာသက်သေဖြစ်ဖို့ ဘုရားကိုယ်တိုင်သူ့ရဲ့သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သက်သေထူလိမ့်မယ်..

ဟေရှာယအနာဂတ္တိကျမ်း ၄၄:၈
မစိုးရိမ်ကြနှင့်။ မကြောက်ကြနှင့်။ အထက်က ငါဟောပြောပြသသည် မဟုတ်လော။ သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင် ရှိသလော။ ငါမှတစ်ပါး အခြားသောမူလအမြစ်မရှိ။ တစ်စုံတစ်ဦးကိုမျှ ငါမသိ။
တမန်တော်ဝထ္ထု ၁:၈
ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။

ကိုယ်တိုင်မြင်ခဲ့ပြီး ကြားခဲ့ပြီး ဆိုရင်တော့
သင်ဟာ “မျက်မြင်သက်သေ” ဘဲ
မြေကြီးစွန်းတိုင်အောင်ပေါ့…..

#λόγος #thyLogos #spiritual_warfare #ထာဝရဘုရား #ယုံကြည်သည် #မျက်မြင်သက်သေ #အစနှင့်အဆုံး #အာလဖသြမေဃ