Skip to content

တစ်ခါတလေ သူငယ်ချင်းမိတ်ဆွေတွေကိုမုန့်ကျွေးတဲ့အခါ သူတို့ကကျေးဇူးတင်
သူတို့ကကျွေးရင် ကိုယ်ကတင် ..
မနက်မိုးလင်းဘုရားနဲ့စကားပြောရင်လည်းဘဲ ဒီနေ့အသက်ရှင်ရလို့ကျေးဇူးတင် ညအိပ်ယာဝင်လည်းဘဲ တနေ့တာလုံးပို့ဆောင်လို့ကျေးဇူးတင်..
ကျေးဇူးတင်စရာတွေအများကြီးရှိတယ်..
သူငယ်ချင်းမိတ်ဆွေတွေ မိသားစုတွေ ဆွေမျိုးတွေ.. စသည်ဖြင့်ပေါ့..

အားလုံးရဲ့အထက်ပြန်စဉ်စားကြည့်တဲ့အခါ…
ဘုရားကောင်းမြတ်တယ် ကရုဏာကြွယ်ဝတယ် ဆိုပြီး ကျေးဇူးတင်တယ် သို့သော် အလုပ်ကောင်းကောင်းရနေခိုက် လစာကောင်းကောင်းရနေခိုက် ကျန်းကျန်းမာမာ နေရတဲ့အခိုက်တန့်လောက်ဘဲလားးး….

ကျွန်တော်တို့နေ့ရက်အစဉ်တိုင်းအတွက်ဘုရားကိုချီးမွမ်းပြီး ကျေးဇူးအမြဲတင်နေရမယ့်အကြောင်းရှိပါတယ်…
ယေရမိအနာဂတ္တိကျမ်း ၂၄:၇
ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ သူတို့သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူဖြစ်ကြ၍၊ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်လိမ့်မည်။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့်မည်။

ဟာလေလုယာ..
အဖေအမေ မပေးပါဘူး မွေးရာပါမဟုတ်ပါဘူး ..သူငယ်ချင်းမိတ်ဆွေဆီကမလာပါဘူး..
သင်နှင့်ကျွန်ုပ် ဘုရားဆီကို စိတ်နှလုံးအကြွင်းမဲ့ပြန်လာနိုင်တာ သူ့ကိုသိနိုင်တဲ့ နှလုံးသား ကိုသူပေးလို့ပါဘဲ…

ကျွန်တော်တို့ရဲ့အရင်ကပုံစံကဘယ်လိုလဲ?
ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၂:၁၀
အထက်က အပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမခံရသော်လည်း ယခုတွင် ခံရကြ၏။

ဘုရားကျေးဇူးပြုခြင်းကြောင့်သာခံစားရတာပါ

ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၂:၂၅
သင်တို့သည် အထက်ကလမ်းလွှဲ၍ ပျောက်သောသိုးကဲ့သို့ ဖြစ်ကြ၏။ ယခုမူကား၊ သိုးထိန်းတည်း ဟူသော သင်တို့၏ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှုတော်မူသော အရှင်ထံသို့ ပြန်ရောက်ကြပြီ။

လမ်းလွဲတာတင်မကဘူး ပျောက်ပါပျောက်နေတာ..
ကရုဏာ ကျေးဇူးတော်ကိုယခုခံစားရသောကြောင့်…သူ့ဆီကိုပြန်ရောက်သွားပြီ…
နှလုံးသားကမညာပါဘူး အထူးသဖြင့် သူကိုသိတဲ့နှလုံးသားပေါ့….
အရင်ကမခံစားရဘူး..အခုခံစားရပြီ

“လုပ်နေတာတွေရပ်ပြီးကျေးဇူးတင်လိုက်ပါ”
သင်နှင့်ကျွန်ုပ်ကို ဖန်ဆင်းတဲ့ဘုရား
သင်နှင့်ကျွန်ုပ်ကို ချစ်တဲ့ဘုရား
သင်နှင့်ကျွန်ုပ်အတွက် အသေခံတဲ့ဘုရား
သင်နှင့်ကျွန်ုပ်အတွက် အမှုဆောင်နေတဲ့ဘုရား
သင်နှင့်ကျွန်ုပ်ကို ကယ်နှုတ်တဲ့ဘုရား
အသက်ရှင်ပြီးကြီးမြတ်ထိုက်တန်ဘုန်းအာနုဘော်နှင့်စံပယ်တော်မူတဲ့ဘုရားကို ကိုးကွယ်ရတဲ့ နှလုံးသား အတွက်…..

#λόγος #thyLogos #spiritual_warfare #ထာဝရဘုရားကိုသိသောနှလုံးသား #လမ်းလွဲသော်လည်း #ကျေးဇူးတော် #ကရုဏာတော်