Skip to content

ပါမောက္ခ : သား…. မင်းက ခရစ်ယာန်တစ်ယောက် ဟုတ်တယ်မဟုတ်လား?

ကျောင်းသား : ဟုတ်ပါတယ် ဆရာ။

ပါမောက္ခ : ဒါဆိုမင်း “ဘုရား” ဆိုတာကိုယုံတာပေါ့။

ကျောင်းသား : သေချာယုံပါတယ်ဆရာ။

ပါမောက္ခ : ဘုရားကကောင်းသလားကွ?

ကျောင်းသား : သေချာတာပေါ့ဆရာ၊ ဘုရားကသိပ်ကောင်းပါတယ် ဆရာ။

ပါမောက္ခ : ဘုရားက အရာအားလုံးကိုတတ်စွမ်းနိုင်သလား?

ကျောင်းသား : ဟုတ်ကဲ့။ တတ်စွမ်းနိုင်ပါတယ် ဆရာ။

ပါမောက္ခ : ငါ့အစ်ကိုဟာ သူ့မှာဖြစ်နေတဲ့ ကင်ဆာရောဂါ ပျောက်ကင်းအောင် ကုသပေးဖို့ ဘုရားကိုဆုတောင်းခဲ့ပေမဲ့ကင်ဆာရောဂါကြောင့် အသက်ဆုံးခဲ့ရတယ်။ ငါတို့ လူတွေဟာနေမကောင်းတဲ့အခါ အချင်းချင်းတစ်ယောက်ကို တစ်ယောက်ကူညီဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ဘုရားက မကူညီခဲ့ဘူး။ ဒါဆို အဲဒီ ဘုရားက ဘယ်လိုလုပ် ကောင်းမှာလဲ?

(ကျောင်းသား တိတ်ဆိတ်လျက်နေ)

ပါမောက္ခ : မင်းမဖြေနိုင်ဘူး မဟုတ်လား? ဒါဆိုပြန်မေးမယ်။ ဘုရားက ကောင်းသလား?

ကျောင်းသား : ကောင်းပါတယ် ဆရာ။

ပါမောက္ခ : နတ်ဆိုးကရော ကောင်းသလား?

ကျောင်းသား : မကောင်းပါဘူး ဆရာ။

ပါမောက္ခ : ဒါဆို နတ်ဆိုးက ဘယ်ကနေလာသလဲ?

ကျောင်းသား : (အနည်းငယ်စဉ်းစားလျက်) …… ဘုရားဆီက လာပါတယ်ဆရာ။

ပါမောက္ခ : မင်းမှန်တယ်။ ဒါဆိုပြောပါ ဒီလောကကြီးမှာ မကောင်းမှုတွေရှိသလား?

ကျောင်းသား : ရှိပါတယ် ဆရာ။

ပါမောက္ခ : မကောင်းမှုက နေရာတိုင်းမှာရှိတယ်မဟုတ်ဘူးလား?၊ ပြီးတော့ အရာအားလုံးကို ဘုရားကပဲ ဖန်ဆင်းခဲ့တာ မဟုတ်လား? ငါပြောတာမှန်တယ် မဟုတ်လား?

ကျောင်းသား : ဟုတ်ကဲ့ မှန်ပါတယ်ဆရာ။

ပါမောက္ခ : ဒါဆိုရင် ဘယ်သူက မကောင်းမှုကို ဖန်ဆင်းခဲ့သလဲ?

(ကျောင်းသား မဖြေ)

ပါမောက္ခ : သိပ္ပံပညာအရ မင်းဟာ မင်းရဲ့ ပတ်ပတ်လည်မှာရှိတဲ့ လောကကို လေ့လာနိုင်ဖို့၊ သက်သေအထောက်အထားပြနိုင်ဖို့ မင်းမှာရှိတဲ့ အာရုံငါးပါးကို အသုံးပြုရတယ်လို့ပြောတယ်။ ဒီလိုဆိုရင် ငါ့ကိုပြောပါ၊ မင်းဘုရား ဆိုတာကို မျက်စိနဲ့မြင်ဖူးသလား?

ကျောင်းသား : မမြင်ဖူးပါဘူး ဆရာ။

ပါမောက္ခ : ဘုရား ပြောတာကိုရော မင်းကြားဖူးသလား?

ကျောင်းသား : မကြားဖူးပါဘူး ဆရာ။

ပါမောက္ခ : ဒါဆို မင်း “ဘုရား” ဆိုတာကို ခံစားဖူးသလား? အရသာရော ခံဖူးသလား? အနံ့ရောခံဖူးသလား? ဘုရားနဲ့ ဆက်သွယ်ဖို့အတွက် မင်း ဘုရားကို အာရုံတစ်ခုခုအားဖြင့် ဆက်သွယ်ဖူးသလား?

ကျောင်းသား : အဲဒီလိုလည်း မဖြစ်ဖူးပါဘူး ဆရာ။

ပါမောက္ခ : ဒါတောင်မှ မင်း ဘုရားကို ယုံနေဆဲပဲလား?

ကျောင်းသား : ဟုတ်ကဲ့ ယုံပါတယ် ဆရာ။

ပါမောက္ခ : လက်တွေ့ကျတဲ့ နည်းလမ်းတွေ၊ စမ်းသပ်နိုင်တဲ့ အရာတွေ၊ သရုပ်ပြနိုင်တဲ့ အချက်တွေအရ သိပ္ပံပညာက မင်းပြောတဲ့ ဘုရားဆိုတာ မရှိဘူးလို့ဆိုတယ်။ မင်းဒါကို ဘာပြန်ပြောမလဲ?

ကျောင်းသား : ဘာမှပြောစရာမရှိပါဘူးဆရာ။ ကျွန်တော့်မှာ ယုံကြည်ခြင်း တစ်ခုပဲရှိပါတယ်။

ပါမောက္ခ : ဟုတ်ပါပြီ။ “ယုံကြည်ခြင်း” အဲဒီအရာဟာ သိပ္ပံပညာအတွက် ပြဿနာတစ်ခုပဲပေါ့။

ကျောင်းသား : ဆရာ… ဆရာ့ကို တစ်ခုလောက်မေးပါရစေ။ “အပူ” ဆိုတဲ့အရာ ရှိပါသလား?

ပါမောက္ခ : ရှိတာပေါ့။

ကျောင်းသား : ဒါဆို “အအေး” ဆိုတဲ့အရာရော ရှိပါသလား?

ပါမောက္ခ : ရှိတာပေါ့။

ကျောင်းသား : မဟုတ်ဘူးဆရာ။ “အအေး” ဆိုတဲ့ အရာဟာ မရှိပါဘူး။

(ရုတ်တရက် အခြေအနေပြောင်းလဲမှုကြောင့်စာသင်ခန်းတစ်ခုလုံး အလွန်ပင်တိတ်ဆိတ်လာ)

ကျောင်းသား : ဆရာ… ဆရာအနေနဲ့ အပူအမျိုးမျိုး ရှိလို့ရနိုင်ပါတယ် “များတဲ့ အပူ”၊ “အားကောင်းတဲ့အပူ”၊ “ကြီးမားတဲ့ အပူ”၊ “အရမ်းပူတဲ့အပူ”၊ “နဲနဲပဲပူတဲ့အပူ”၊ ဒါမှမဟုတ် မရှိသလောက်အပူ စသဖြင့်ပေါ့။ ဒါပေမဲ့ အအေး” ဆိုတဲ့အရာတော့ မရှိနိုင်ပါဘူး။ ကျွန်တော်တို့ဟာ အပူချိန်လုံး၀ မရှိတော့တဲ့ သုညအောက် ၄၅၈ ဒီကရီလောက်အထိ အပူချိန်ကိုချထားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေကို “အအေး” လို့ ခေါ်လို့မရနိုင်ပါဘူး။ သုညအောက် ၄၅၈ ဒီကရီရှိတဲ့ အပူသာလျှင်ဖြစ်ပါတယ်။ ဒါကြောင့် “အအေး” ဆိုတဲ့အရာဟာ မရှိပါဘူး။ “အအေး” ဆိုတာဟာ “အပူ” မရှိခြင်းကို ဖော်ပြတဲ့အခါမှသာ သုံးရတဲ့စကားလုံးတစ်ခုသာလျှင်ဖြစ်ပါတယ်။ “အပူ”ကတော့ စွမ်းအင်ဖြစ်ပါတယ်။ “အအေး” ဆိုတာ “အပူ” ရဲ့ဆန့်ကျင်ဖက်မဟုတ်ပါဘူး ဆရာ။ “အပူမရှိခြင်း” သာလျှင်ဖြစ်ပါတယ်။

(စာသင်ခန်းထဲတွင် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေ)

ကျောင်းသား : “အမှောင်” ဆိုတာ ဘာပါလဲ ဆရာ?အမှောင်” ဆိုတဲ့အရာရှိပါသလား?

ပါမောက္ခ : ရှိတာပေါ့ ။ ညရောက်ပြီဆိုရင် မမှောင်ဘူးလား?

ကျောင်းသား : ဆရာ ထပ်မှားပြန်ပြီ။ “အမှောင်” ဆိုတာ တစ်စုံတစ်ခုရဲ့မရှိခြင်းပဲဖြစ်ပါတယ် ဆရာ။ ဆရာ့အနေနဲ့မှိန်တဲ့ အလင်း၊ ပုံမှန်အလင်း၊ တောက်ပတဲ့အလင်း၊ ဓာတ်မီးအလင်း စသဖြင့်ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဆက်တိုက် အလင်းမရှိတော့ဘူး ဆိုရင်တော့ အဲဒိအခြေအနေကို “အမှောင်” လို့ခေါ်တယ်မဟုတ်လား။ ဆရာ၊ တကယ်တော့ အမှောင်ဆိုတာမရှိပါဘူး၊ တကယ်လို့ ရှိတယ်ဆိုရင် အဲဒိအမှောင်ဆိုတာကို ပိုပြီးတော့ မှောင်သွားအောင်လုပ်နိုင်ပါသလား? မရဘူးမဟုတ်လား?

ပါမောက္ခ : ကောင်လေး မင်း ဘာကိုဆိုလိုချင်တာလဲ?

ကျောင်းသား : ကျွန်တော်ပြောချင်တာက ဆရာ့ရဲ့အတွေးအခေါ်စကားဟာ မှားနေပါတယ်။

ပါမောက္ခ : မှားတယ်… ဒါဆိုဘယ်လိုမှားတာလဲ ရှင်းပြပါဦး

ကျောင်းသား : ဆရာ.. ဆရာက အခု ၂ မျိုးခွနေတဲ့ စကားပေါ်မှာ တွက်ချက်ပြောဆိုနေပါတယ်။ ဆရာက အသက်ရှိခြင်းဆိုတဲ့အရာ ရှိတယ် ပြီးတော့ သေခြင်းဆိုတဲ့အရာရှိတယ်ပြောတယ်။ ကောင်းတဲ့ ဘုရားနဲ့ ဆိုးတဲ့ဘုရားရှိတယ်လို့ ဆိုတယ်။ ဆရာဟာတကယ်တော့ “ဘုရား” နဲ့ ပတ်သက်တဲ့ အယူအဆကို အဆုံးရှိတဲ့အရာ.. ကျွန်တော်တို့ တိုင်းတာနိုင်တဲ့အရာတစ်ခု အတွင်းကနေပဲ ရှုမြင်နေပါတယ်။ ဆရာ သိပ္ပံပညာဟာ အတွေးတစ်ခုကိုတောင်မှ သိပ္ပံနည်းကျ ရှင်းမပြနိုင်ပါဘူး။ သိပ္ပံဟာ လျှပ်စစ်နဲ့ သံလိုက်စွမ်းအင်တွေကို လက်ခံအသုံးချပါတယ်။ ဒါပေမဲ့ တစ်ခုစီကို သေချာစွာနားလည်သဘောပေါက်ခြင်းမရှိဘဲနဲ့၊ မျက်စိနဲ့မမြင်ရဘဲနဲ့ လက်ခံထားတာဖြစ်ပါတယ်။ “သေခြင်း” ကို “အသက်ရှင်ခြင်း” ရဲ့ဆန့်ကျင်ဖက်အဖြစ်ရှုမြင်ခြင်းဟာ “သေခြင်းတရား” သည်စစ်မှန်သောအရာတစ်ခုအဖြစ်မတည်ရှိနေပါဆိုတဲ့ အချက်ကိုလျစ်လျူရှုရာကျပါတယ်။ “သေခြင်း” ဟာ “အသက်ရှင်ခြင်း” ရဲ့ ဆန့်ကျင်ဖက် မဟုတ်ပါဘူး။ “အသက်မရှိခြင်း” မျှသာဖြစ်ပါတယ်။ ဆရာကျွန်တော့်ကို ပြောပါ။ ဆရာအခုဆရာ့ရဲ့ကျောင်းသားတွေကို သူတို့ဟာ မျောက်တစ်ကောင်ကနေ့ ဆင့်ကဲ့ပြောင်းလဲလာတာပါလို့ သင်ကြားနေပါသလား?

ပါမောက္ခ : တကယ်လို့ မင်းက သဘာဝရဲ့ တရွေ့ရွေဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ကို ရည်ညွှန်းပြီးပြောတယ်ဆိုရင် အဲဒီအတိုင်းမှန်ပါတယ်။

ကျောင်းသား : ဒါဆိုရင် “ဆင့်ကဲ ပြောင်းလဲခြင်းဖြစ်စဉ်” ကို ဆရာ့မျက်လုံးနဲ့ လေ့လာဖူးပါသလားဆရာ?

(ပါမောက္ခသည် အပြုံးတစ်ခု ဖြင့် ခေါင်းခါပြလိုက်ပြီး စကားအမေးအဖြေသည် ဘယ်သို့ ဦးတည်နေသည်ကို စတင်သဘောပေါက်လာသည်။)

ကျောင်းသား : ဒီပြောင်းလဲခြင်းဖြစ်စဉ်ဟာ သူ့ရဲ့ ဆက်လက်ဖြစ်တည်မှုလမ်းကြောင်းပေါ်မှာ ရှိမရှိဆိုတာကို အလုပ်သဘောအားဖြင့် ဘယ်သူမှ မလေ့လာဖူးဘဲနဲ့ ၊ သက်သေလည်းမပြနိုင်ဘဲနဲ့ ဆရာ့က ဆရာ့ ထင်မြင်ချက်ကိုပဲ သင်ကြားနေပါသလား? ဒါဆိုရင်တော့ ဆရာဟာ သိပ္ပံပညာကိုသင်နေတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ဆရာဟာတရားဟော ဆရာတစ်ယောက်သာပဲ မဟုတ်ဘူးလား?

(စာသင်ခန်းထဲ၌ ရုတ်ရုတ်သဲသဲဖြစ်)

ကျောင်းသား : ဒီအတန်းထဲမှာ ပါမောက္ခရဲ့ ဦးနှောက်ကို မြင်ဖူးတဲ့သူရှိပါသလား?

(စာသင်ခန်းတစ်ခုလုံး ရီမောလျက်)

ကျောင်းသား : ပါမောက္ခရဲ့ ဦးနှောက်ကို ကြားဖူး၊ ထိတွေ့ဖူး၊ ခံစားဖူး၊ အနံ့ခံဖူးတဲ့သူများရှိပါသလား? တစ်ယောက်မှအဲလိုမလုပ်ဖူးတဲ့ပုံပါပဲ။ ဒါကြောင့်မို့လို့ တည်ဆောက်ထားတဲ့ လက်တွေ့ကျတဲ့ စည်းကမ်းတွေ။ တည်နေတဲ့ သရုပ်ပြနိုင်တဲ့အချက်တွေအရ သိပ္ပံပညာဟာ ဆရာ့မှာ ဦးနှောက်မရှိဘူးလို့ ပြောပါတယ်။ ဒါကြောင့် လေးစားစွာဖြင့် ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ ဦးနှောက်မရှိတဲ့ဆရာ သင်တဲ့သင်ခန်းစာကို ဘယ်လိုများယုံကြည်စိတ်ချစွာနဲ့ သင်ယူရမှာလဲ ဆရာ?

(စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်လျက်၊ ပါမောက္ခသည် မျက်နှာငယ်ဖြင့် ကျောင်းသားကိုစိုက်ကြည့်လျက်ရှိသည်။)

ပါမောက္ခ : သား၊ ငါ့အနေနဲ့ကတော့ မင်းအဲဒါကို ယုံကြည်ခြင်းနဲ့ပဲ ခံယူရမယ်လို့ ထင်ပါတယ်။

ကျောင်းသား : အဲဒါပါပဲဆရာ။ အတိအကျပါပဲ။ လူသားနဲ့ ဘုရားကြား ဆက်သွယ်မှုဟာ ယုံကြည်ခြင်းပါပဲ ။ အဲဒီအရာသာလျှင် အရာအားလုံးကို လှုပ်ရှားရှင်သန်စေတာဖြစ်ပါတယ်။