Skip to content

DNA က ဘာတွေလုပ်ဆောင်ပေးသလဲ

DNA တွင် လူ့ခန္ဓာကိုယ်၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော မော်လီကျူးများ (molecules) နှင့် အသားဓာတ် (ခေါ်) ပရိုတိန်း (Protein) များပြုလုပ်ရန် လိုအပ်သော ညွန်ကြားချက် (instructions) များပါရှိသည်။ တနည်းဆိုသော် ပရိုတိန်းဖြစ်ပေါ်စေရန် DNA က ညွှန်ကြားချက်များ ထောက်ပံ့ပေးသည်။ ထိုသို့ protein ဖွဲ့စည်းပြုလုပ်ရာတွင် အသွင်ကူးပြောင်းပေးခြင်း(Trancription) နှင့် ဘာသာပြန်ဆိုခြင်း(Translation) ဟူ၍ အဆင့် နှစ်ဆင့်ပါဝင်သည်။

Transcription ဟူသည် DNA မှ RNA အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ ထိုသို့ ပြောင်းလဲခြင်းကို enzyme များက ဆောင်ရွက်ပေးသည်။ Adenine(A), Thymine(T), Guanine(G), Cytosine(C) base များပါရှိသော DNA အမျှင်ကို RNA polymerase enzyme က လိုက်ဖက်ညီသော (Complementary) RNA အမျှင်အဖြစ်ပြောင်းလဲပေးသည်။ (မှတ်ချက်။ Thymine အစား Uracil(U) သည် Adenine ၏လိုက်ဖက်သော ဘေ့စ်အတွဲ(Complementary base pair) အဖြစ်ဆောင်ရွက်သည်။) ယင်းသို့ Complementary base pair (A, U, G, C) များပြောင်းလဲဖွဲ့စည်းခြင်းဖြင့် RNA အမျှင်ဖြစ်လာသည်။

RNA
မှသည် Protein ဖွဲ့စည်းပြောင်းလဲခြင်းကို Translation ဟုခေါ်သည်။
(
မှတ်ချက်။ Protein များသည် အမီနိုအက်ဆစ် (amino acid) များစုစည်းထားခြင်းဖြစ်သည်။)

RNA တွင် သယ်ဆောင်ထားသော (A, U, G, C) များကို ၃ခုစီ စုစည်းကာ အမီနိုအက်ဆစ် (amino acid) များအဖြစ်သို့ ပြောင်းလဲသည်။ (ဥပမာ AAA, UAG, CUG, GUA, etc.) သို့ဖြစ်၍ ၄မျိုးကို ၃ခုစီ (4*4*4=64) အတွဲရနိုင်သည်။ ၎င်း ၃ခုအတွဲကို codon ဟုခေါ်သည်။ သတ္တဝါတိုင်းတွင် တူညီသော codon တခုသည် တူညီသော amino acid တခုကို ဖြစ်စေသည် (ဥပမာ… AUG for methionine)

AUG ဟူသော codon သည် protein ပြုလုပ်ရာတွင် အစပြုရန် အချက်ပြ (initiator signal) ဖြစ်ပြီး chain initiating codon ဟုခေါ်သည်။ ဆိုလိုသည်မှာ AUG ဟူသော codon ကိုတွေ့မှသာ protein ဖွဲ့စည်းခြင်းကို စတင်သည်။ ထို့အတူ အဆုံးသတ်အချက်ပြ (Chain terminating codon) များ ဖြစ်သည့် UAA, UAG, UGA တခုခုကို တွေ့မှသာ protein ဖွဲ့စည်းခြင်း ပြီးသည်။ ၎င်း Codon ၃ခုသည် မည်သည့် amino acid ကိုမျှ မဖြစ်စေနိုင်။ သို့ဖြစ်၍ Codon 64 အတွဲရှိသည့်အနက် 61ခုသာ amino acid ကို ဖြစ်ပေါ်စေနိုင်သည်။

 

ဤ ကိုဒွန်(Codon) ဘီးခွေပုံအား DNA codons မှ amino acids အဖြစ်သို့ translate လုပ်ရာတွင် အသုံးပြုနိုင်သည်။ အတွင်းဘက် စက်ဝိုင်းထဲရှိ Sequence မှ ပထမဦးဆုံး အက္ခရာကိုရှာပါ။ ပြီးလျှင် သက်ဆိုင်ရာ အမီနိုအက်ဆစ်(Amino Acid) ကို မြင်တွေ့နိုင်ရန် အပြင်ဘက် စက်ဝိုင်းတစ်ခုချင်းစီရှိအက္ခရာ တစ်ခုစီနှင့် တွဲပါ။ ဥပမာ ATG = methionine.


Image credit: Genome Research Limited



DNA မှ Protein အဖြစ်သို့ ဖွဲ့စည်းဖြစ်ပေါ်လာပုံ

ဆဲလ် (Cell) အတွင်းရှိ DNA ကုဒ်၏ သတင်းအချက်အလက်များမှတဆင့် Protein အဖြစ်သို့ ဖွဲ့စည်းဖြစ်ပေါ်လာပုံကို ပိုမိုနားလည်သဘောပေါက်နိုင်စေရန် 3D animation ဗီဒီယိုဖြင့် ဖော်ပြပေးထားပါသည်။ ဤ ဗီဒီယိုကို ကြည့်ခြင်းအားဖြင့် DNA code ကို messenger RNA အဖြစ်သို့ မည်ကဲ့သို့အသွင်ကူးပြောင်းယူပြီး အသားဓာတ် (Protein) ဖွဲ့စည်းဖြစ်ပေါ်ရန် မည်ကဲ့သို့ဘာသာပြန်ဆိုခြင်းကို လုပ်ဆောင်ကြောင်း စာဖတ်သူတို့ ပိုမိုနားလည်နိုင်ပါသည်။

ဗီဒီယိုတွင် ပထမဦးဆုံးအနေနှင့် နျူကလိယ (Nucleus) မှစတင်၍ DNA Code ကို messenger RNA အဖြစ်သို့ အသွင်ကူးပြောင်းပေးခြင်း(Transcription) သဘာဝဖြစ်စဉ်အားဖြင့် မည်ကဲ့သို့ပြောင်းလဲပေးလိုက်သည်ကို ကျွနု်ပ်တို့ မြင်တွေ့ရပါလိမ့်မည်။

ထို့နောက် messenger RNA သည် နျူကလိယအတွင်းမှ ရိုင်ဘိုဇုန်း” ဟုခေါ်သည့် ပရိုတိန်းများထုတ်လုပ်ပေးသော မော်လီကျူလာဇီဝယန္တရားများရှိရာ ဆိုင်တိုပလာဇမ်(Cytoplasm) ဆီသို့ရောက်လာသည်။

ထို မော်လီကျူလာဇီဝယန္တရားများ(Ribosomes) သည် အမီနိုအက်စစ် အတွဲများ ထုတ်လုပ်ပေးရန် messenger RNA ကို ဖတ်ရှုလေသည်။

အမီနိုအက်စစ်တစ်ခုချင်းစီကို messenger RNA ထဲရှိ code ပေါ်မူတည်၍ transfer RNA molecule တစ်လုံးက ရိုင်ဘိုဇုန်း” ဆီသို့ သယ်ဆောင်လာပေးသည်။

ထို အမီနိုအက်စစ်များကို အစီအရီပေါင်းထည့်ကာ အမီနိုအက်စစ် အတွဲများ ဖွဲ့စည်းဖြစ်ပေါ်စေသည်။

နောက်ဆုံး အမီနိုအက်စစ်ကို အမီနိုအက်စစ်အတွဲထဲ ထည့်ပြီးသည့်နောက် ခေါက်ချိုးပြီး အသားဓာတ် (ခေါ်) ပရိုတိန်း ဖြစ်လာပါတော့သည်။

နှစ် ရာခိုင်နှုန်း (%) သော Genome များကသာ Proteinဖွဲ့စည်းရာ၌ ပါဝင်သည်။ ကျန်ရှိသော Genome များကို non-coding DNA ဟုခေါ်ပြီး ၎င်းတို့တွင်လည်း လုပ်ဆောင်ချက်များစွာရှိသည်။ လက်ရှိတွင် ထို non-coding DNA များသည် မည်သည့်အချိန်တွင် ပရိုတိန်းများ ထုတ်လုပ်ပေးရမည်ကို ထိန်းညှိပေးခြင်းနှင့် ဆဲလ်အတွင်း DNA အား စုစည်းထုပ်ပိုးပေးခြင်းများကို လုပ်ဆောင်ပေးကြောင်း သိပ္ပံပညာရှင်များက သိရှိထားကြသည်။ သို့ရာတွင် non-coding DNA ၏ လုပ်ဆောင်ချက်များကို ပိုမိုသိရှိနားလည်နိုင်ရန် ကြိုးပမ်းနေကြဆဲဖြစ်သည်။

ကိုးကားထားသော စာပေအရင်းအမြစ်များ

  • Medical Biochemistry by John W Baynes (4th Edition) ၏ အခန်း ၃၂ နှင့် ၃၄ မှအနည်းငယ်ကောက်နုတ်ဖော်ပြသည်။