Skip to content

“ငါတို့” ဆိုတဲ့ ဘုရားများ

 
 
“ငါတို့” ဆိုတဲ့ ဘုရားများ

သခင့်အလိုတော်ထက် သခင့်တန်ခိုးတော်ကို လိုချင်နေတဲ့ ငါတို့

သခင်အတူပါရှိခြင်းထက် သခင့် ကောင်းကြီးတွေကို
လောဘ‌ဇောကပ်နေတဲ့ ငါတို့

သခင့်ထံသစ္စာရှိခြင်းထက် သခင့်ကို ကြွယ်၀ခြင်းဆိုတဲ့
အသပြာနဲ့ လှည့်စားလိုတဲ့ ငါတို့

သခင့်စကားနားထောင်ခြင်းထက် ကိုယ့်စကားကို
သခင်နားထောင်ပါစေ ဆိုတဲ့ ငါတို့

သခင်စေရာ နာခံခြင်းထက် ကိုယ်စေရာ သခင် နာခံဖို့
အတ္တကြီးနေကြတဲ့ ငါတို့

ငါတို့တွေ သခင်ကို ကိုးကွယ်ခြင်းထက် ငါတို့ကို ငါတို့
ကိုးကွယ်နေကြလေတဲ့ ငါတို့

သခင်ဆိုတာ ငါတို့မှငါတို့

ငါတို့ရဲ့ ဘုရားက ငါတို့
(ဘာသာခြားတွေရဲ့ ခံယူချက်နဲ့ မကွဲတဲ့ ငါတို့ရဲ့ ခံယူချက်တွေ)

ဆင်ခြင်လှည့်